Channel Myanmar

Dree Hemingway

While We’re Young (2014) 6.3
While We’re Young (2014) Authenticity… မြန်မာလို အဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ အစစ်အမှန်ဖြစ်မှုပေါ့။ကျွန်တော်တို့ အခုခေတ်မှာ သိပ်ကိုကြားရတဲ့ စကားလုံးတစ်လုံးပဲ။လူတိုင်းနှုတ်ဖျားကနေ Authenticity Authenticity ဆိုပြီးရေရွတ်နေကြတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကဘယ်လောက်အထိတာသွားလဲ။ ဒီစကားလုံးကို သုံးနှုန်းလိုက်ပြီဆိုရင်ဘယ်လောက်ထိ မိမိမှာ တာဝန်ကြီးလဲဆိုတာကို လူတိုင်းနားမလည်ကြပါဘူး။ပေါပေါပဲပဲ ဒီိတိုင်းနှုတ်ထွက်ကောင်း နားကြားကောင်းတဲ့စကားလုံးတစ်ရပ်အနေနဲ့ပဲအထာကျအောင် ကောက်ယူသုံးစွဲနေကြခြင်းသာဖြစ်တယ်။ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ အလေးထားကြတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ သိပ်ကိုတန်ဖို့းရှိလွန်းတယ်။ ပြောရမယ်ဆိုစပ်စပ်ထိမခံဖြစ်ကြတာတွေတောင် ရှိကြတယ်။ ဘယ်လိုအရာတွေကိုကျွန်တော်တို့က “Authenticity”လို့ သုံးနှုန်းသင့်ပြီး ဘယ်အရာတွေကိုမသုံးနှုန်းသင့်ဘူးလဲ။ ရှင်းပါတယ် “စစ်မှန်မှု”ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ အရှိအတိုင်းတကယ့်အစစ်တွေကို ချပြတဲ့နေရာမှာသုံးတာ။ဒါပေမယ့် အဲ့”အစစ်”ဆိုတဲ့ အရာမှာ ဟန်ဆောင်မှုနည်းနည်းလေးလောက်ဖြစ်ဖြစ်မိတ်ကပ်နည်းနည်းလေးလောက်ဖြစ်ဖြစ် ပါနေလို့မရပါဘူး။ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ အယူအဆတွေကို ချပြတဲ့အချိန်မှာကိုယ်ချပြတဲ့အရာတွေဟာ ကိုယ့်စိတ်ထဲမှာတကယ်ရှိနေတဲ့အကြောင်းအရာတွေ အမှန်တရားတွေဖြစ်နေဖို့လ်ိုပါတယ်။လူကြားကောင်းအောင် သို့မဟုတ် လူကြိုက်အောင် သည်းခြေကြိုက်အရာတွေကိုမိမိစိတ်ထဲကမပါဘဲနဲ့ ဟန်ဆောင်လိမ်ညာပြီးအားပေးမှုတောင်းခံခြင်းသည် “Authenticity” ဆိုတဲ့ဂုဏ်ကို ကိုင်ဆွဲခွင့် လုံးဝမရှိပါဘူး။ဒီရုပ်ရှင်ဟာလည်း ဒီအကြောင်းပါပဲ။အဓိကဇာတ်ဆောင်ဖြစ်သူ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Ben Stiller ဟာAuthenticity ကို သိပ်အလေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေကိုရိုက်ကူးတဲ့အချိန်မှာ ကျွန်တော်တို့ သာမာန်ရုပ်ရှင်တွေနဲ့ မတူတာတစ်ခုကအဖြစ်အပျက်တွေကို အမှန်အတိုင်းတင်ပြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မှတ်တမ်းတင်ရုပ်ရှင်တွေအမျိုးအစားတွေဟာကျွန်တော်တို့အရင်ခေတ်ကာလတွေက သမိုင်းမှတ်တမ်းမှတ်ရာတွေလိုမျိုးပါပဲ။ကျွန်တော်တို့ ကျန်စစ်သားမင်းအကြောင်း ဘုရင့်နောင်အကြောင်းမြန်မာရာဇဝင်တွေအကြောင်း မှတ်တမ်းတင်ထားတာတွေရှိသလိုမှန်နန်းရာဇာဝင်တွေလည်း ဖတ်ဖူးကြမှာပေါ့။ ဒီနေရာမှာဘာသွားတွေ့လဲဆိုတော့ ကျွန်တော်တို့ တချို့သမိုင်းတွေကိုခြယ်သရေးသားသီကုံးထားကြတာကို သတိပြုမိကြမှာပါ။ဒီလိုတွေလုပ်ထားတဲ့အတွက် သမိုင်းအမှန်ကို ဝေဝါးစေတာမျိုးတွေကြုံရပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေဟာလည်း ဒီအတိုင်းပါပဲသမိုင်းတစ်ခု အဖြစ်အပျက်တစ်ခုကို ကျွန်တော်တို့ ခြယ်သခြင်းမရှိဘဲမှတ်တမ်းတင်ရခြင်းပါ။ ဒါကြောင့်မို့လို့ ဒီအမျိုးအစားရုပ်ရှင်တွေဟာပျင်းစရာကောင်းတာကတော့ အမှန်ပါပဲ။ သို့သော်လည်းမှတ်တမ်းတင်ရုပ်ရှင်တွေကို ကြည့်ဖူးရင် နားလည်နိုင်မှာပါ။ကျွန်တော်တို့နာရီပေါင်းများစွာ ထိုင်ကြည့်ပြီးသွားရင်ဒီအဖြစ်အပျက်တစ်ခုမှာ စီးမျောသွားတတ်ကြပါတယ်။သာမာန်ရုပ်ရှင်တွေလို ဖျော်ဖြေရေးမဆန်ပေမယ့်သိပ်ကိုတန်ဖိုးရှိတဲ့ရုပ်ရှင်တွေပေါ့။အဓိကဇာတ်ရုပ်ဖြစ်သူ ဂျော့ရှ် ( Ben Stiller ) ဟာအထက်မှာ ပြောခဲ့သလိုပဲ သူရိုက်ကူးထားတဲ့ နာရီပေါင်းရာချီတဲ့ဗီဒီယိုအပိုင်းအစတိုင်းကို ဖြတ်ချပစ်ခဲ့ဖို့ နှမျောပြီး ရုပ်ရှင်တစ်ကားနဲ့တင်ဆယ်စုနှစ်နဲ့ချီပြီး တိုင်ပတ်နေသူပေါ့။ ဒီကြားထဲမှာ Authenticity ကိုအလေးထားသူ ယုံကြည်သူမို့ ခြယ်သသီကုံးတာမျိုးတွေလည်းမလုပ်နိုင်သူပေါ့။ ...
movie

While We’re Young (2014)

The Kill Room (2023)
The Kill Room (2023) The Kill Room (2023) ============ Comedy , ThrillerSamuel L.Jackson နဲ့ Ethan Hawke သမီး Maya တို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်ဂေါ်ဒန်လို့ခေါ်တဲ့ ဆင်မြူရယ်ဂျက်ဆင်က နယူးဂျာစီမှာ စားသောက်ဆိုင်ဗန်းပြပြီး မူးယစ်မှောင်ခိုတွေလုပ်နေတဲ့ လူမိုက်ကြီးပေါ့... ဒါပေမယ့် တစ်နေ့သူ့ရဲ့ မသမာတဲ့ ငွေတွေကို ငွေကြေးခဝါချပြီး...တရားဝင်သုံးလို့ရတဲ့ ငွေဖြူအဖြစ်ပြောင်းလဲဖို့ လိုအပ်လာပါတယ် အဲ့ဒီမှာ သူသွားတွေ့လိုက်တာက ပန်းချီပြခန်းတစ်ခုပါပဲ..... ကားရောင်းအဝယ်လုပ်ပြီး ဗန်းပြရင်တောင်..ကားတစ်စီးရဲ့တန်ဖိုးနဲ့ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို IRS ခေါ် အခွန်ဌာနက လူတွေက သိပြီး အမှုပတ်သွားနိုင်ပါတယ်... ဒါပေမယ့် အနုပညာပစ္စည်းဖြစ်တဲ့ ပန်းချီကားတွေဆိုတာက ...တစ်ချပ်ကို သိန်းချီ သန်းချီဆိုလည်း တန်ကြေးရှိနိုင်ပြီး ဗန်းပြလို့ကောင်းပြီး ငွေဖြူပြောင်းပေးနိုင်တဲ့ အကောင်းဆုံး လမ်းကြောင်းတစ်ခုပဲ ဒါကို မြင်သွားတဲ့ ဂေါ်ဒန်ကသူ့တပည့် ရက်ဂျီကို ပန်းချီကားတစ်ချပ် ဆွဲချင်သလို ဆွဲခိုင်းပါတယ်... ရက်ဂျီကလည်း လက်တည့်စမ်းလိုက်တာ..သူဆွဲလိုက်တဲ့ ပန်းချီကားက ကမ္ဘာ့အနှံ့က ပန်းချီကားစုဆောင်းသူတွေ ထိပ်ထိပ်ကြဲသူဌေး‌ မီလီယံနာကြီးတွေအထိ နာမည်ကြီးပြီး...သတင်းစာ မီဒီယာတွေကတောင် ဆောင်းပါးတွေ ရေးကုန်ပါတယ်... ဒီအတွက် ...
movie

The Kill Room (2023)

2023
Run with the Hunted 2019 16+ 5
Run with the Hunted 2019 16+ Run with Hunted 2019 (16+)18+ လောက်တပ်လိုက်ရင် ခိုးDown နေရမှာစိုးလို့ 2019 အောက်တိုဘာမှာ ထွက်ခဲ့တဲ့ run with hunted ကို ဂျွန်ဆွက်ပ် ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်ညွှန်းရဲ့ အနှစ်သာရ ပိုပေါ်လွင်နေသလိုပါပဲ။ ၁၃နှစ်အရွယ် အော်စကာ လေးက ငယ်သူငယ်ချင်းလေး လူး အပေါ် အရောင်တွေပြောင်းလာတဲ့အခါ သူမ ပျော်ရွှင်ဖို့အတွက် လူတောင်သတ်ရဲခဲ့ပြီး ညတွင်းချင်း မိုင်ပေါင်းရာချီ စွန့်စားထွက်ပြေးခဲ့တယ်။ သွားစရာမရှိတဲ့ အို ကို ပိချ်ဆိုတဲ့ လမ်းသူရဲမလေးက ကယ်တင်ခဲ့တယ်။ အို က လူးကို မေ့ပြီး ပိချ်နဲ့ လက်တွဲပမလား နောက်ပီး မိဘနှစ်ပါးရဲ့ နွေးထွေးတဲ့သွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ အို က လမ်းသူရဲလေး ဖြစ်သွားမှာလား။ အိုတစ်ယောက် ငယ်ချစ်လေးနဲ့ရော ပြန်ဆုံစည်းနိုင်မလား။ မှုခင်း၊ ဒရမ်မာ၊ ...
movie

Run with the Hunted 2019 16+

The Disaster Artist (2017) 7.4
The Disaster Artist (2017) The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie

The Disaster Artist (2017)

2017