Channel Myanmar

Douglas Hodge

Tulip Fever (2017) 6.2
Tulip Fever (2017) Tulip Fever (2017)IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် - ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့... ဒီရုပ်ရှင်ဟာ သမိုင်းမှာ "ကျူးလစ်ပန်း ရူးသွပ်မှု" (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်... တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်... အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ ...
movie

Tulip Fever (2017)

2017
G20 (2025) 5.1
G20 (2025)  G20 (2025)IMDb Rating (5.1) / Rotten Tomatoes (50%) The Woman King ထဲက မင်းသမီးကြီး Viola Davis ရဲ့ အက်ရှင်ကားသစ်ပါ။အထာကတော့ White House Down တို့ London has fallen တို့လိုအထာပါပဲ။ဂျီ-၂၀ အစည်းအဝေးလုပ်ချိန်မှာ ကမ္ဘာခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲတဲ့ဇာတ်လမ်းပါပဲ။ဗီလိန်ကတော့ The Boys ထဲက ဟုမ်းလန်ဒါကြီးဖြစ်တဲ့ Antony Starr ပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ သမ္မတတွေကိုကယ်မှာ အထူးတပ်ဖွဲ့မဟုတ်ပါဘူး စစ်ပြန်ဘဝကနေ အမေရိကန်သမ္မတဖြစ်လာတဲ့ မင်းသမီးက ကယ်မှာပါ။ဇာတ်လမ်းအကျဉ်းစစ်ပြန် စစ်သူရဲကောင်းအဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဒန်နီရယ်ဆက်တန်ဟာ တောင်အာဖရိကမှာ ဂျီ-၂၀ အစည်းအဝေးတက်ဖို့ သွားခဲ့ပါတယ်။အဲဒီမှာပဲ အကြမ်းဖက်တစ်ဖွဲ့က ပိပိရိရိ ဝင်စီးပြီး ခေါင်းဆောင် ၂၀ လုံးကို ဓားစာခံအဖြစ် ဖမ်းပါတော့တယ်။အကြံကတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဖျက်ပြီး ခရစ်ပတိုတွေနဲ့ ...
movie

G20 (2025)

2025
4K HEVC
We Live in Time (2024) 7.3
We Live in Time (2024)  We Live in Time (2024)IMDb Rating (7.3) / Rotten Tomatoes (78%) မထွက်ခင်ကတည်းက hype နေကြတဲ့ မင်းသား Andrew Garfield နဲ့မင်းသမီး Florence Pugh တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဇာတ်လမ်းကောင်းလေး ထွက်ရှိလို့ လာပါပြီ။အဲလ်မက်နဲ့ တိုဘိုင်းယက်စ်ဆိုတဲ့ လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ပြီးနောက် အယ်လာဆိုတဲ့ ချစ်သမီးလေးနဲ့အတူ မိသားစုလေးတစ်ခု တည်ထောင်ခွင့်ရခဲ့တယ်။သိုပေမဲ့ တစ်နေ့မှာတော့ ရက်စက်တဲ့ ကံကြမ္မာက အဲလ်မက်ရဲ့ကမ္ဘာမြေပေါ်မှာ အခွင့်အရေးကို အချိန်ကန့်သတ်ပစ်ခဲ့ပါတယ်။ဒီလိုနဲ့ အဲလ်မက်တစ်‌ယောက် သူ့ရဲ့ ခင်ပွန်းဖြစ်သူရယ်သမီးလေးရယ်နဲ့အတူ ကျန်ရှိတဲ့အချိန်တွေကို အမြတ်တနိုးထားပြီးဖြတ်သန်းရင်း ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပုံကို ကြည်နူးစရာတစ်လှည့် ဝမ်းနည်းစရာတစ်လှည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်... File size…(3.9 GB) / (1.46 GB) / (773 MB ...
movie

We Live in Time (2024)

2024
4K HEVC
Joker (2019) 8.5
Joker (2019) Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie

Joker (2019)

2019
4K HEVC
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC
Serena(2014) 7.0
Serena(2014) Serena(2014)************မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတစ်‌နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး..တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီးအဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Serena(2014)

Gemini Man (2019) 5.7
Gemini Man (2019) ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့....။ File size…(7.6 GB)/(1.9 GB) /(999 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:57:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Gemini Man (2019)

2019
4K HEVC
Robin Hood (2010) 6.7
Robin Hood (2010) Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အ‌ကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး..  File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood (2010)

The Curse of Bridge Hollow (2022) 5.6
The Curse of Bridge Hollow (2022) ၂၀၂၂ ရဲ့ အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်း နေ့ရက်လေး နီးကပ်လာတာနဲ့အတူ ဟောလိုးဝင်းရဲ့ အဓိကဇာတ်ဆောင် ဆမ်ဟိန်း အကြောင်း ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ဆမ်ဟိန်းက ဖန်တစ်ရာတေနေပြီဆိုတော့ နောက်တစ်ယောက်အကြောင်း ပြောင်းပြောကြတာပေါ့။စဂျင်ဂျီ ဂျက် တဲ့။ သကောင့်သားက ငယ်တုန်းက လူ့ခွစာ၊ ကြီးလာတော့ လူ့အမြောက်စာ။ လူတကာ့ချဉ်ဖက်။ ဒီတော့ တစ်နေ့မှာ ဘရစ်ခ်ျ ဟောလိုးရွာသားတွေက ဝိုင်းသမပြီး ဆွမ်းကြီးလောင်းကြပါသတဲ့။ ဒီလိုနဲ့ အသားလွတ်သေသွားတဲ့ "ကိုကိုဂျက်" ကို စေတန်သခင် "ကိုလူစီဖာ" က သနားလို့ သူ့ဝိညာဉ်နဲ့ အပေးအယူလုပ်၊ ရွှေဖရုံသီးတစ်ခုမှာ နေရာပေးထားသတဲ့။ ပြီးတော့ ဝိညာဉ်လောကကနေ လူ့လောကကို ဟောလိုးဝင်းည နေဝင်ကနေ သန်းခေါင်အထိ ဝင်ရောက်စိုးမိုးခွင့် ပေးထားသတဲ့။တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာ ညတစ်ပိုင်းပဲ ကဲရတဲ့ ကိုကိုဂျက် သိပ်မကျေနပ်နိုင်တော့ လူတို့ပြည်မှာ ထာဝရနေရဖို့အရေး သူ့ဝိညာဉ်နေရာ ...
movie

The Curse of Bridge Hollow (2022)

The Devil All the Time 2020 7.6
The Devil All the Time 2020 ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။   File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre ...
movie

The Devil All the Time 2020

The Report (2019) 7.2
The Report (2019) unicodeRating 7.2 အထိရရှိထားတဲ့ ကားကောာင်းလေးဖြစ်ပါတယ်...သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခု တင်ထားပေးပါတယ်။စီအိုင်အေရဲ့ ကမ္ဘာကျော် အရှုပ်တော်ပုံတွေထဲက တစ်ခုပါပဲ။နိုင်းအလဲဗန်းမှာ ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးတိုက်ညီနောင်ကိုအယ်ကိုင်ဒါအကြမ်းဖက်တွေ လေယာဉ်နဲ့ဝင်တိုက်သွားတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲပါ။ဒီကိစ္စဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး မအောင်မြင်မှုဖြစ်လာပြီးစီအိုင်အေလည်း အတော်ကို အရှက်ရခဲ့ရပါတယ်။ဒီဖြစ်ရပ်နောက်မှာတော့ အယ်ကိုင်ဒါကနေ ဖမ်းမိတဲ့အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို တစ်ဆင့်မြှင့်စစ်ကြောရေးစနစ်လို့ ခေါ်မယ့်EIT ( enhanced interrogation techniques ) ကို စတင်ကျင့်သုံးခဲ့ပါတယ်။ဒီနည်းစနစ်တွေဟာ ရက်စက်ပြီး ကြမ်းတမ်းတဲ့အတွက်စီအိုင်အေအတွင်းမှာပဲ ကန့်ကွက်သူတွေ ထောက်ခံသူတွေ ၂ ခြမ်းကွဲနေခဲ့တာပါပဲ။ဒါပေမယ့် နိုင်းအလဲဗန်းလို ဖြစ်ရပ်မျိုး ထပ်အဖြစ်မခံနိုင်တဲ့ အတွက်သမ္မတ ချယ်နေ နဲ့ သမ္မတ ဘွတ်ရှ်တို့လက်ထက်မှာတရားဝင် ဒါကို အသုံးပြုနေခဲ့ကြတယ်။ဒီစစ်ကြောရေးတွေနဲ့ ပတ်သတ်ပြီးလွှတ်တော် ထောက်လှမ်းရေး ကော်မတီက ပြန်လည် ဆန်းစစ်တဲ့အခါဒီနည်းလမ်းတွေကြောင့် သတင်းမှန်တွေ မရဘဲသတင်းမှားတွေ၊ သိပြီးသား သတင်းတွေပဲ ရလာတာကို သိလာရပါတယ်။စီအိုင်အေဘက်ကလည်း ဒီနည်းလမ်းတွေဟာအောင်မြင်မှုရမှသာ ...
movie

The Report (2019)

2019
Beirut (2018) 6.5
Beirut (2018) ၂၁ပက်လက်လိုချင်တဲ့ ဘရိုများ Beirut နဲ့မိတ်ဆက်ပေးပါမယ်။အရှေ့အလည်ပိုင်းကအရှုပ်အထွေးတွေကြားထဲမှာ ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းအေးအေးလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားမို့ အဲဒီ၂၁ပက်လက် ကွီးတွေကြိုက်တတ်တဲ့ကားမျိုးပါလို့ :P၂၀၁၈ ကမှထွက်ထားတဲ့ Espionge thriller ဇာတ်ကားလေးပါ။Negotiator လို့ UK မှာတော့နာမည်ကြီးပါတယ်တဲ့။IMDB Rating 6.5 နဲ့ Rotten Tomatoes 77% ပဲရရှိထားတာ ရသင့်တာထက်နည်းတယ်လို့ထင်မိပါတယ်။ဒီဇာတ်ကားလေးက အရှေ့အလည်ပိုင်းဒေသ Lebanon က Beirut မြို့မှာ နေတဲ့သံတမာန်ရေးရာမှာဆရာတစ်ဆူဖြစ်တဲ့ Mason Skiles တစ်ယောက် နာမည်ကြီးရာဇဝတ်ကောင်တစ်ယောက်ရဲ့ ညီကိုမွေးစားထားမိပါတယ်။အဲဒီကလေးကို သူ့အစ်ကိုပြန်လာခေါ်တဲ့အချိန်မှာတော့ သူ့ရဲ့ကမ္ဘာတစ်ခုဖြစ်တဲ့သူ့ချစ်ဇနီးကိုဆုံးရှုံးခဲ့ရပါတယ်။ဘဝကိုအမိမြေပြန်ပြီး အဓိပ္ပါယ်မရှိဖြတ်သန်းနေရင်း Beirut မှာအရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Cal Riley တစ်ယောက်ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီးညှိုနှိုင်းပေးဖို့ ပြန်လာရတဲ့အချိန်မှာတော့...ဖြစ်နေတဲ့စစ်ပွဲတွေသူငယ်ချင်းကို အန္တရယ်ကင်းကင်းကယ်ထုတ်နိုင်မှာလားသူကိုယ်တိုင်ရောအန္တရယ်ကင်းမှာလား လုပ်ဖော်ကိုင်ဖက်တွေကရောယုံကြည်ရရဲ့လားအရှုပ်အထွေးတွေလှည့်ကွက်တွေနဲ့တင်ဆက်ထားတာကို ဇာတ်ကားမှာပဲကြည့်ရအောင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (850 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr ...
movie

Beirut (2018)

2018