Channel Myanmar

Doug MacLeod

Mystery, Alaska (1999)
Mystery, Alaska (1999) ရေခဲပြင်ဟော်ကီအားကစားကို စိတ်ဝင်စားသူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် Mystery, Alaska တစ်မြို့လုံးနီးပါး ဟော်ကီအားကစားကို ချစ်မြတ်နိုးကြတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ ရေခဲပြင်ပေါ်မှ Mystery မြို့သားများ။ Mystery မြို့ရဲ့ Hockey အသင်းအနေနဲ့ နာမည်ကြီး Hockey အသင်း New York Rangers ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ အကြောင်းဖန်လာတဲ့အခါ...Sports comedy-drama အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်လေးထဲမှာတော့ ဟော်ကီအားကစားကို အသားပေးထားပြီး အချစ်၊သံယောဇဉ်၊ဟာသနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ အဓိကအနေနဲ့ Mystery မြို့သားတွေရဲ့ မြို့ကိုမြတ်နိုးတွယ်တာမှုတွေကို ဟော်ကီအားကစားနဲ့အတူ စိတ်လှုပ်ရှားစွာကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ဇာတ်လမ်းအနိမ့်အမြင့်၊ အတက်အကျတွေကလည်း ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို ဆွဲခေါ်နိုင်တာကြောင့် ဟော်ကီအားကစားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။File size… (2.2 GB) / (1.2 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan ...
movie

Mystery, Alaska (1999)

Christmas Under the Northern Lights (2024) 6.4
Christmas Under the Northern Lights (2024)   Christmas Under the Northern Lights (2024)IMDb Rating (6.4) စာရေးဆရာမလေး အီရင်က နောက်ထပ်ရေးမယ့်စာအုပ်အတွက် အကြံအိုက်နေတာကြောင့် သူ့အဖေရဲ့ မွေးရပ်မြေ အော်ရိုရာမြို့လေးဆီကို အဖေနဲ့အတူတူ ခရစ်စမတ်အတွက် ခရီးထွက်ခဲ့ကြတယ်..အော်ရိုရာမြို့လေးမှာ အီရင်အလုပ်ချင်ဆုံးအရာတစ်ခုက Aurora အလင်းတန်းတွေကို မြင်ဖူးချင်တာပဲ ဖြစ်ပါတယ်..နည်းပညာတွေမသုံးဘဲ ခေတ်နောက်ကျနေတဲ့ ဂိုက်ချောချောလေး ထရီဗာနဲ့ နည်းပညာကို အရမ်းအားကိုးတဲ့ အီရင်တို့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်သဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာကြမလဲ?Aurora အလင်းတန်းကို အရမ်းမြင်တွေ့ချင်နေတဲ့ အီရင်ကို ခပ်ချောချောဂိုက်လေးထရီဗာက လမ်ပြပေးနိုင်ပါ့မလား?သူရေးမယ့်စာအုပ်နဲ့ပတ်သက်တဲ့ကုန်ကြမ်းကိုရော ဒီအော်ရိုရာမြို့လေးမှာ ရှာတွေ့ပါ့မလား ဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.6 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:28:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon
movie

Christmas Under the Northern Lights (2024)

2024
The Hitcher II: I’ve Been Waiting (2003) 4.3
The Hitcher II: I’ve Been Waiting (2003) The Hitcher II: I've Been Waiting (2003) ============================နာမည်ကျော် ၁၉၈၆ The Hitcher ရဲ့ direct-sequel ဖြစ်ပါတယ်။ The Hitcher ရဲ့အဖြစ်အပျက်တွေအပြီး ဆယ့်ငါးနှစ်အကြာမှာ Jim Halsey ဟာ ရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်းအမှု တစ်ခုမှာမလိုအပ်ပဲအင်အားသုံးခဲ့တဲ့အတွက် အလုပ်ကဆိုင်းငံ့ခံလိုက် ရပါတယ်။ အဲ့ဒါနဲ့ကပ္ပတိန်အက်စ်ထရစ်ချ်ဆီကိုဆက်သွယ်ပြီး ချစ်သူ ကောင်မလေးဖြစ်တဲ့ မက်ဂီနဲ့အတူ တက္ကဆက်ကိုစိတ်ပြေလက်ပျောက် ခရီးထွက်လာခဲ့ပါတယ်။တက္ကဆက်အဝေးပြေးလမ်းပေါ်မှာ ဂျင်မ်ရဲ့အတိတ်စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာခဲ့ပြီး ကားကြုံလိုက်သူတစ်ယောက်နဲ့အတူ လွန်ခဲ့တဲ့ ၁၅ နှစ်ကအဖြစ်အပျက်တွေတကျော့ပြန်ကြုံရချိန်မှာတော့..။ The Hitcher (1986) ထဲမှာ Jim Halsey အဖြစ်သရုပ်ဆောင်ခဲ့တဲ့ C. Thomas Howell ကပဲပြန်ပြီးပါဝင်ထားပါတယ်။ မူရင်းကားကိုမမီပေမယ့်လည်း ကြည့်ကောင်းတဲ့ Road Thriller ကားကောင်းတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2 GB) / (927 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

The Hitcher II: I’ve Been Waiting (2003)

Poltergeist (2015) 6.1
Poltergeist (2015) ဒီတစ်ခါမှာတော့ CM Fan တွေ အတွက်ကြောက်စရာကောင်းတဲ့သရဲကားတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်1982 တုန်းက အောင်မြင်ခဲ့တဲ့ Poltergeist ဆိုတဲ့ရုပ်ရှင်ကားကို Remake ပြန်ရိုက်ထားတာ ဖြစ်ပါတယ်အဲရစ် နဲ့ အေမီ တို့ မိသားစု တစ်စုဟာ ဈေးသက်သာတဲ့ အိမ်ကိုရှာရင်းမထင်ထားလောက်အောင် တန်တဲ့ အိမ်ကြီး တစ်အိမ်ကိုရရှိခဲ့ပါတယ် လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့အဲရစ် အတွက်တော့ ဒီနေရာလေးကနေ ဘဝသစ်တစ်ခုပြန်စမယ် စိတ်ကူးထားတာပါဒါပေမဲ့ တစ်နေ့ထက် တစ်နေ့ အဲ့ဒီအိမ်ကြီးဟာထူးဆန်းစွာ အသံတွေ ပေးတာ ပစ္စည်းတွေ ရွေ့လျားတာမျိုးတွေဆက်တိုက်ဖြစ်လာပြီး မိသားစုကို ပါ ဒုက္ခပေးဖို့ ကြံရွယ်လာခဲ့သောအခါမှာတော့....  File size…2.87GB / 1.1GB / 623Mb Quality…4K HEVC /  1080p /  720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle ( Hard Sub) Encoder….Thit San Khant Translated by August
movie

Poltergeist (2015)

2015
4K HEVC Web-DL
Possessor Uncut 2020 18+ 6.5
Possessor Uncut 2020 18+ အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ.....   File size… 900 Mb ...
movie

Possessor Uncut 2020 18+