Channel Myanmar

Doris Roberts

National Lampoon’s Christmas Vacation (1989) 7.5
National Lampoon’s Christmas Vacation (1989) မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကိုပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။လက်ဆောင်တွေ ဖလှယ်ကြတယ်။ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသောအခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကိုတလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစုအဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက်ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကိုယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းကထွက်ရှိခဲ့တဲ့ “National Lampoon's ChristmasVacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။File size…    1.99 GB /  837 MB Quality… BluRay 1080p / 720p Format… ...
movie

National Lampoon’s Christmas Vacation (1989)

The Little Rascals Save the Day (2014) 5.1
The Little Rascals Save the Day (2014) The Little Rascals ဆိုတာကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့တစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။The Little Rascals ခေါင်းစဉ်နဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။အဲထဲမှာ The Little Rascals Save The Day (2014) လည်းတစ်ကားအပါအဝင်ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ကြည့်ရှုသူကို အတော်လေး Comfort ဖြစ်စေပါတယ်။ကလေးတွေကို ဦးစားပေးရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တာမလို့ ကလေးချစ်သူတွေကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဒါ့အပြင် Wednesday သရုပ်ဆောင် Jenna Ortega ငယ်ငယ်က ပါဝင်သရုပ်ဆောင်ထားပါသေးတယ်ဇာတ်ညွှန်းThe Little Rascals ဇာတ်လမ်းတိုင်းမှာ အဓိကနေရာကပါဝင်တဲ့Alfalfa တို့အဖွဲ့တစ်သိုက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ ကျောင်းလစ်လာခဲ့ပါတယ်။ကျောင်းလစ်ပြီး အလွဲတွေလုပ် နောက်ဆုံးမှာတော့ သူတို့ ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်ကိုရောက်သွားပါတယ်။အရသာမှာ ပြိုင်စံရှားဖြစ်တဲ့ ဖွားဖွားလက်ရာတွေကိုမြည်းပြီးတော့ ကလေးတစ်သိုက်ဟာသစ်ပင်အိမ်ပေါ်ကိုတက်ပြီး လာမယ့်အရည်အချင်းပြပြိုင်ပွဲအတွက် သီချင်းတိုက်ပါတော့တယ်။ခေါင်းဆောင်အဆိုတော်ကတော့ Alfalfa ဖြစ်ပြီး သိတဲ့အတိုင်းAlfalfa ကလည်း Darla မှမရှိရင် မိုက်ကိုလက်နဲ့တောင်မထိချင်တဲ့လူဖြစ်ပါတယ်။အဲဒီလိုနဲ့ သူတို့ရဲ့ တီးဝိုင်းလေးကလည်း တစ်ယောက်တမျိုး တိုင်ပတ်နေပါတော့တယ်။တစ်ဖက်မှာလည်း ...
movie

The Little Rascals Save the Day (2014)