Channel Myanmar

Donny Damara

Paris in Bali (2025) 5.8
Paris in Bali (2025) Paris in Bali 2025ပါရစ်စ်တစ်ယောက် ဘာလီကိုပြန်ရောက်လာပြီး အငှားကားကုမ္ပဏီကနေ ကားတစ်စီးငှားပါတယ်။ကားငှားပြီးချိန်မှာတော့ ဘူမီကို သူ့ရဲ့တစ်ပတ်တာယာဉ်မောင်းအဖြစ်ခေါ်လာခဲ့တော့တာပေါ့။ဒါပေမဲ့ ဘူမီကို အငှားယာဉ်မောင်းထင်နေတဲ့ပါရစ်စ်က အေးစက်စက် ဘုဆတ်ဆတ် ဆက်ဆံတာပေါ့။ပါရစ်စ်မသိတာက ဘူမီက အငှားယာဉ်မောင်းမဟုတ်ဘဲ အငှားကားလုပ်ငန်းပိုင်ရှင်ရဲ့သားပါ။ဒီလိုနဲ့ သူတိုနှစ်ယောက် တဖြည်းဖြည်းရင်းနှီးလာရင်းနဲ့ အချစ်တွေပေါက်ဖွားလုဆဲဆဲမှာပဲ အတိတ်ကဖြစ်ရပ်တစ်ခုက အစပေါ်လာချိန်မှာတော့...ဘာလီမြိုရဲ့ရှုခင်းအလှတရားတွေအလည်က လူငယ်နှစ်ယောက်ရဲ့ချစ်ခြင်းက ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှပဲဖြစ်ပါတယ်) File size… 1.3 GB / 600 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Paris in Bali (2025)

Sleep Paralysis aka Ketindihan (2025) 5
Sleep Paralysis aka Ketindihan (2025) Sleep Paralysis (2025) "ဘီလူးစီးခံရသော ကောင်မလေး"Horror ပရိသတ်တိုအတွက် အင်ဒိုဟော်ရာ ဇာတ်လမ်းအသစ်လေးကို အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်အင်္ဂလိပ်စာမှာ Sleep Paralysis လိုခေါ်ပြီး အယူသီးကြတဲ့ ရွှေမြန်မာအခေါ် ဘီလူးစီးခြင်းကို မတွေ့ကြုံဖူးရင်တောင် သူများပြောတာ ကြားဖူးကြမှာပါဒီထဲမှာတော့ ဒါဟာ အမျိုးသမီးလေးတွေကို သီးသန့်ပစ်မှတ်ထားတဲ့ Jinn ခေါ်တဲ့ မိစ္ဆာကောင်ကြောင့်ပါတဲ့ ဇာတ်လိုက်မင်းသမီး ကောင်မလေးဟာလည်း Daddy Issue/ Mommy Issue လေးတွေရှိနေပြီး အထီးကျန်တာနဲ့ သူငယ်ချင်းမတစ်ယောက် ပြောပြသလို လက်တည့်စမ်းကာ Jinn ကို ဆင့်ခေါ်လိုက်တဲ့နောက်မှာတော့ ။ ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ် File size… 985 MB / 515 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Sleep Paralysis aka Ketindihan (2025)

Guna Guna Istri Muda (2024) 5.0
Guna Guna Istri Muda (2024)   Guna Guna Istri Muda (2024)အိန်ဂျယ်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး သူ့အမေဖြစ်သူ ဆုံးပါးကာနီးမှာသွားတဲ့ ''လိုချင်တာတစ်ခုကို ဖြစ်တဲ့နည်းနဲ့ရအောင်ယူရမယ်'' ဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်ကြိးပြင်းလာသူဖြစ်ပါတယ်။အရွယ်ရောက်လာချိန်မှာတော့ ချစ်သူ ရွိုင်းကို ပစ်ပြီး အိမ်ထောင်သည်ရှူးဂါးဒက်ဒီကြီးဖြစ်တဲ့ ဘာဟန်ကိုအရရယူပြီး မယားပြိုင်အဖြစ်ခံယူခဲ့သလို ဘာဟန်ရဲ့တူဖြစ်တဲ့ လီယိုကိုလည်း သွေးသားဆန္ဒအတွက် တပ်မက်ပြီး အရယူဖို့ကြံပါတော့တယ်။သူစွန့်ပစ်ခဲ့တဲ့ ချစ်သူဟောင်း ရွိုင်းရဲ့မိခင်က အစွမ်းထက်အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး သူ့သားအတွက် ကလဲ့စားချေဖို့ကြိုးစားချိန်မှာအိန်ဂျယ်က အဘွားကြီးရဲ့ပျော့ကွက်ဖြစ်တဲ့ ရွိုင်းကိုချုပ်ကိုင်ပြီး လီယိုကို အရယူဖို့ကြိုးစားသလို ဘာဟန့်မယားကြိးဖြစ်တဲ့ ဗီဗီယန်ကိုပါ အောက်လမ်းအတတ်တွေနဲ့ဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။လတ်တလောခေတ်စားနေတဲ့ အလောင်ဇာတ်လမ်းတွေလို ဇာတ်အိမ်မျိုးကိုမှ အောက်လမ်းအတတ်တွေ မှော်ပညာပြိုင်ခန်းတွေနဲ့ထူးထူးခြားခြားရှူစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:37:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Guna Guna Istri Muda (2024)

2024
Romeo Ingkar Janji (2024) 7
Romeo Ingkar Janji (2024) Romeo Ingkar Janji (2024)ယခုတစ်ခါမှာတော့ အင်ဒိုနီးရှား အချစ်ရိုမန့်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဂသာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်၊ သူကတော့ မိဘတွေက ကွာရှင်းထားရပြီးတော့ သူ့ကိုလည်း မိသားစုက ဂရုမစိုက် သူရှိတယ်လို့ကို မသတ်မှတ်ထားကြအောင်ကို ပစ်ပယ်ထားခံရလို့ ဒီလောကကြီးမှာ မွေးမလာရင်ကောင်းမှာပဲလို့ တွေးနေတတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။သူဟာ အမြဲ သေချင်တယ်စကားပဲ ပြောနေတတ်တဲ့ကောင်မလေးလည်းဖြစ်ပြီးတော့ သူ့အတွက်ဆိုရင် ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာဂသာ့ဆီမှာ ရှားရှားပါးပါး ရူနာလို့ခေါ်တဲ့ သူငယ်ချင်းမလေး ရှိနေပါတယ်။ ဘဝမှာ ဘယ်သူမှမရှိတဲ့အာဂသာ့အတွက်တော့ ရူနာက ရင်ဖွင့်ရာ ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူတစ်ဦးပေါ့။အာဂသာတစ်ယောက် အဘွားဖြစ်သူနဲ့ ရန်ဖြစ်စကားများရင်း အိမ်အပြင်ကို ထွက်လာရာကနေ ဓာတ်ပုံမရိုက်ရနေရာမှာ ပုံဆွဲနေတဲ့ တက်တူးဆရာလေး ရိုမီယိုနဲ့ဆုံကြပါတယ်။ ဆုံမိတာက ခဏတစ်ဖြုတ်လေးဆိုပေမယ့်လည်း ကံကြမ္မာက တွေ့ဆုံဖို့ အကြောင်းဖန်လာတော့ ဘားမှာထပ်ပြီးတော့ ဆုံကြရင်း အချင်းချင်း ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။ ရိုမီယိုဆိုတဲ့ တက်တူးဆရာလေးမှာလည်း သူ့အပေါ်မှာ အမြဲအဆင်သင့်ရှိနေပေးတဲ့ ဒါယုဆိုတဲ့ သူငယ်ချင်းမလေးက ရှိနေပြန်ပါသေးတယ်။အာဂသာ, ရိုမီယိုနဲ့ ဒါယုတို့ ၃ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ပြီးတော့ ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Romeo Ingkar Janji (2024)

Harlot’s Prayer (2024) Tuhan, Izinkan Aku Berdosa 7.4
Harlot’s Prayer (2024) Tuhan, Izinkan Aku Berdosa  Harlot's Prayer (2024)Original title: Tuhan, Izinkan Aku BerdosaIMDB Rating (7.4) ထိ ရရှိထားပြီး ဒါရိုက်တာ Hanung Bramantyo က ရိုက်ကူးတင်ဆက်ထားပါတယ်။ကီရန်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့ သူမရဲ့ဘာသာရေးအပေါ်အလေးအနက်ထားမှုကပဲ သူမဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ဘာသာရေးအရေခြုံပြီး နောက်ကွယ်မှာ မကောင်းမှုတွေကိုလုပ်နေတဲ့ ကြောင်သူတော်တွေကိုမြင်ပြီးနောက်ကီရန်တစ်ယောက် သူတို့ရဲ့မကောင်းသတင်းတွေကို‌ လူအများရှေ့မှာဖွင့်ချဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဒါပေမဲ့ ရွေးချယ်လိုက်တဲ့လမ်းက အရမ်းခက်ခဲကြမ်းတမ်းပြီး ကီရန့်အတွက် အသက်အန္တရာယ်ပါရှိလာပါတော့တယ်။ရဲရင့်တဲ့ကီရန်လေး အများနဲ့တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ အင်ဒိုနီးရှားဘာသာရေးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)File size…(1.7 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:53:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing
movie

Harlot’s Prayer (2024) Tuhan, Izinkan Aku Berdosa

2024
Journey of Love (2024) 8.9
Journey of Love (2024) A Journey of Love (2024)အစ္စလာမ်ကျမ်းစာနှင့်အလ္လာရှင်မြတ်ကို ကိုးကွယ်ယုံကြည်သူ အစ္စလာမ်ကျောင်းက အသက် ၂၀ အရွယ် ဆရာမလေး တီရာ(ဖာတီရာ)က သူ့ကိုသဘောကျနေတဲ့ သာမန်လူပေါ်ကြော့လေး ရေးဟန် အပေါ် တိတ်တခိုးမေတ္တာသက်ဝင်နေခဲ့ပါတယ်။ ဒါပေမယ့် ဘာသာတရားရဲ့ထိန်းကျောင်းပဲ့ပြင်မှုနဲ့ သူမရဲ့အနာဂတ်မှာ ပညာဆက်လက်သင်ကြားလိုခြင်းတို့ကြောင့် အချစ်ရေးကို ရှေ့တန်းမတင်နိုင်ဘဲ ရှိနေခဲ့ပါတယ်။ ဖာတီရာနဲ့နီးစပ်ဖို့အတွက် ရေးဟန်က ကျမ်းစာသင်ဖို့ သူမကျောင်းကို ရောက်လာခဲ့ပါတယ်။ ဖာတီရာရဲ့ဖခင်ဟာ သားဖြစ်သူရဲ့ကျန်းမာရေးကြောင့် သူငယ်ချင်းသူဌေးဖြစ်သူ ဆက်ရာထံမှာ အကြွေးတွေတင်နေခဲ့ပြီး ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ဖွင့်ချင်နေသူလည်းဖြစ်ပါတယ်။ မိသားစုရဲ့ အခက်အခဲအကြပ်အတည်း၊ ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ ဖာတီရာတစ်ယောက် သူချစ်ရတဲ့ ရေးဟန်နဲ့ ပေါင်းဖက်နိုင်ဖို့ သူယုံကြည်အားကိုးထားတဲ့ အလ္လာရှင်မြတ်က ကူညီပေးနိုင်ပါ့မလား... ချစ်ကြသူနှစ်ဦးရဲ့ချစ်ခရီးလမ်းက ချောမွေ့နိုင်ပါ့မလား...ဒီဇာတ်ကားလေးက ၂၀၂၄ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံကာရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်(အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.17GB | 653MB Format… mp4 Duration…. 2h ...
movie

Journey of Love (2024)

Leave a Letter to God /  Titip Surat Untuk Tuhan (2024) 7.1
Leave a Letter to God / Titip Surat Untuk Tuhan (2024) Titip Surat Untuk Tuhan 2023 အညွှန်း"ဘုရားရှင်ကို ဘယ်မှာတွေ့လို့ရမလဲ" "မင်း နှလုံးသားထဲမှာ"တူလု့စ် အသက်က ၇ နှစ်။ အဖေရယ် အမေရယ် အစ်မတစ်ယောက်ရယ် မိသားစုလေးမှာ မချမ်းသာပေမဲ့ ညတိုင်းတီဗီလုရတာက လွဲရင် သူတို့မိသားစုလေးက အတော်ပျော်ဖို့ ကောင်းပါသည်။ မနက်တိုင်း မိသားစုလိုက် ဘုရားဝတ်ပြုချိန်မှာတော့ တူလု့စ်က အိပ်ပျော်နေတာ များသည်။အေးချမ်းနေတဲ့ တူလု့စ်တို့မိသားစုရဲ့ စိတ်မအေးချမ်းစရာ နေ့ရက်တွေက အစ်မဒင်ဒါ နေမကောင်းဖြစ်ရာက စသည်။ ဒင်ဒါ့အခြေအနေက ဆိုးသထက်ဆိုးလာတာမို့ ဆေးရုံတက်ဖို့၊ ခွဲစိတ်ဖို့က မလုပ်လို့ မဖြစ်ပါ။ သာမန်ဝန်ထမ်းအဖေရဲ့ လစာက မလောက်မင၊ အပိုအလျှံဆိုတာ မရှိပြန်တာမို့ မိဘတွေက ဆေးရုံစရိတ်အတွက် ပူပန်ရုန်းကန်လာရသည်။တူလု့စ်မှာလည်း နေမကောင်းဖြစ်နေတဲ့ အစ်မနဲ့ တကျက်ကျက် ရန်ဖြစ်လာတတ်တဲ့ မိဘတွေကို ကြည့်ရင်း အရင်လို မပျော်ရွှင်နိုင်တော့။ ဒီလိုနဲ့ နေ့တိုင်း၊ ဘုရားဝတ်ပြုတိုင်း ဆုတောင်းပြုခဲ့သည့် ဘုရားရှင်ထံလိပ်မူပြီး စာတစ်စောင် ပို့ခဲ့သည်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su ...
movie

Leave a Letter to God / Titip Surat Untuk Tuhan (2024)

2024
Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
Menunggu Bunda (2021) 8.1
Menunggu Bunda (2021) Menunggu Bunda (2021)ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို "မသွားပါနဲ့ဦး အမေ" လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Family, Drama Quality…. 1080p | ...
movie

Menunggu Bunda (2021)

2021
Fireworks (2023) 7.2
Fireworks (2023) Fireworks (2023)အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ... ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... ...
movie

Fireworks (2023)

2023
The Big 4 (2022) 6.1
The Big 4 (2022) The Big 4 (2022)The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | ...
movie

The Big 4 (2022)

2022
Photocopier (2022) 7.5
Photocopier (2022) အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူက‌ရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ‌ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie

Photocopier (2022)

Rentang Kisah (2020)
Rentang Kisah (2020) Rentang Kisha (2020)ဒီကားလေးကတော့ ၂၀၂၀ စက်တင်ဘာလ ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ် အင်ဒိုနီးရှား နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု ကြောင့် နိုင်ငံအတွင်းအလုပ်လက်မဲ့တွေများလာပါတယ် ထို့ကြောင့် ပြည်ပသို့အလုပ်ထွက်လုပ်ကြရပါတယ် ဒီကားထဲမှာတော့ မင်းသမီးချောလေး ဂီတာရဲ့အဖေဟာလည်း အဆိုပါနည်းတူ စီးပွားရေးပျက်ကပ်ရဲ့သားကောင်ဖြစ်ခဲ့ပါတယ် မိသားစုရဲ့ဝမ်းရေးရှိသေးတာကြောင့် တိုင်းတစ်ပါးကိုသွားပြီး အလုပ်လုပ်ကာ မိသားစုထောက်ပံ့ပေးခဲ့ရပါတယ် ဒီလိုနဲ့ ဂီတာကျောင်းပြီးတော့သူ့ အဖေနဲ့ အမေ စီစဉ်တဲ့အတိုင်း တိုင်းတစ်ပါးမှာ ပညာသွားသင်စေခဲ့ပါတယ် အဖေနဲ့အမေ ဆန္ဒရှိသလို ဂီတာဟာတိုင်းတစ်ပါးမှာ အဆင်ပြေပြေ ပညာဆည်းပူးနိုင်ပါ့မလား ယဉ်ကျေးမှုမတူတဲ့နယ်မြေ မှာဂီတာတစ်ယောက် နေသားကျအောင်ဘယ်လိုလုပ်မလဲ မထင်မှတ်တဲ့လောကဓံ တရားနဲ့ ရင်ဆိုင်ရတဲအခါမှာတော့ ဂီတာရဲ့ အားကိုးရာက ဘာဖြစ်လာမလည်း ဆိုတာကတော့... ဒီကားမှာဆိုရင် တိုင်းတစ်ပါးမှာစီးပွားသွားရှာရတယ်ဆိုပေမဲ့ နာမည်သာလှပြီး အမြင်မသင့် လှတဲ့ အဖေ တစ်ယောက်ရဲ့မေတ္တာကိုလည်းတွေ့ရမှာပါ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ မိသားစုကားလေးဆိုလည်းမမှားပါဘူး Imdb ကလည်း 7.4 ထိရရှိထားပါတယ်Translated by TKEncoded by August
movie

Rentang Kisah (2020)

2020
One Day We’ll Talk About Today (2020) 8.0
One Day We’ll Talk About Today (2020) " တစ်နေ့ ကျ ငါတို့ အားလုံး ဒီနေ့အကြောင်းကို ပြန်ပြောဖြစ်ကြအုံးမယ် " ခုတလော ရုပ်ရှင်ကောင်းကောင်း မကြည့်ရတာ ကြာပြီ ရုပ်ရှင်ငတ်နေတာပေါ့လေ ဒီလို နဲ့ Netflix က အာရှ ရုပ်ရှင်တွေထဲ အင်ဒိုနီရှား နဲ့ မလေးရှား ရုပ်ရှင်တွေ လိုက်မွှေ ကြည့်မိတယ် အဲ့ဒီ ထဲက မှ ဒီရုပ်ရှင်ကားကို ကြည့်မိတဲ့ အချိန် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ် ရုပ်ရှင်က ဘာမှ သိပ်မဟုတ်ဘူး ထင်ရတယ် ရိုးရိုးရှင်းရှင်းလေး ပါ ဒါပေမဲ့ အဲ့ဒီရိုးရှင်းတာကိုက ကိုယ်တွေကို ရင်ခုန်စေတာပဲ... ဒီရုပ်ရှင်ကတော့ အချစ် နဲ့ ပတ်သက်တာပါ ရိုမန့် မဟုတ်ပါဘူး မိသားစု အချစ်ပါ ဇတ်လမ်းထဲမှာတော့ မိသားစု ၅ ယောက်ပေါ့ အဖေ အမေ နဲ့ သားကြီး သမီးလတ် သမီးငယ် မိသားစု တစ်ခု အကြောင်းပေါ့ သားကြီးက အန်ကာဆာ တဲ့ သမီးလတ် က အော်ရိုရာ သမီးငယ်လေးကတော့ အာဝမ် ဒီမိသားစု က အင်ဒိုနီရှားနိုင်ငံရဲ့ မွတ်စလာမ် မိသားစု ကို ပြထားတယ် သေချာ ဘာသာရေးတွေ လူမျိုးရေးတွေ ဖယ်ပြီး ...
movie

One Day We’ll Talk About Today (2020)

2020
Buffalo Boys (2018) 7.2
Buffalo Boys (2018) အသစ်ထွက် အင်ဒိုနီးရှား action ကားသစ်လေးပါ။IMDb 6.9 အထိရရှိထားတာကြောင့် မဆိုးလှတဲဇာတ်ကားလေးပဲဖြစ်ပါတယ်။Western နဲ့ Eastern ကိုရောစပ်ရိုက်ကူးထားပြီး အတော်အသင့်ကြည့်ကောင်းတဲ့ဇာတ်ကားလေးပါ။အင်ဒိုနီးရှားဆူလ်တန်ဘုရင်တွေအုပ်စိုးခဲ့တဲ့နယ်မြေတွေပေါ်ဒတ်ခ်ျတွေ ကိုလ်ုနီလာပြုတဲ့အချိန်ကာလကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။Reviews ကောင်းကောင်းတွေလည်းရရှိထားတဲ့ဇာတ်ကားပါ။Rotten Tomato မှာလည်း 78% အထိရရှိထားပါသေးတယ်။ကြည့်ရတာအရသာမရှိဖြစ်စေမှာတော့မဟုတ်ပါဘူး။ကြည့်ကောင်းတဲ့ action ကားတစ်ကားဖြစ်တာကြောင့် အပန်းဖြေကြည့်ရှုရအောင်ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (800 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 42min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL 1080P X264 AAC - JeeJa Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Buffalo Boys (2018)

2018