Channel Myanmar

Donna Cormack Thomson

Street Trash (2024) 5.8
Street Trash (2024)  ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့Dark comedy နှစ်သက်သူတွေ သဘောကျစေမဲ့Street Trash ဆိုတဲ့ဇာတ်ကားလေးပါ။Cape Town မြို့ဟာ မြို့တော်ဝန် မော့စတက် စတင်အုပ်ချုပ်ချိန်ကနေစလို့ အရာရာ ပြောင်းလဲလာခဲ့ပါတယ်။အစိုးရကနေ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကိုလက်ဝါးကြီးအုပ်ပြီး အာဏာနဲ့ ပိတ်သိမ်းပစ်လိုက်လို့အလုပ်လက်မဲ့လူဦးရေတွေနဲ့ အိမ်ခြေရာမဲ့ဦးရေတွေတစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ အဲလိုတွေကြောင့်လူလတ်တန်းစားဆိုတာမရှိတော့ဘဲ အစိုးရနဲ့ ပတ်သတ်ဆက်စပ်တဲ့ ခရိုနီလူတန်းစားရယ် အောက်ခြေကအိမ်ခြေရာမဲ့လူတန်းစားရယ်လို့ပဲရှိတော့ပြီး မြို့ကြီးလည်းပျက်စီးသွားခဲ့ရပါတယ်။အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရော်နယ်တို့အုပ်စုကတော့စားရသောက်ရဖို့ ရုန်းကန်နေကြရတဲ့ လမ်းဘေးက အိမ်ခြေရာမဲ့တွေဖြစ်ပါ။ ဒီလိုနဲ့ မြို့တော်ဝန်မော့စတက်ဟာ မြို့ကိုအကျည်းတန်စေတဲ့ အိမ်ခြေရာမဲ့တွေကို သုတ်သင်ရှင်းလင်းဖို့‌ဓာတုလက်နက်တစ်မျိုးကိုတီထွင်ခိုင်းခဲ့ပါတယ်။အဲဒီ‌ ဓာတုလက်နက် ကို Viper -283လို့ခေါ်ပြီး ရှူမိသူဟာချက်ချင်း ခန္ဓာကိုယ်တွေပျက်စီး အရည်ပျော်ကျသွားမှာမျိုးပါ။ဒီဓာတ်ငွေ့ကိုအသုံးချပြီး အိမ်ခြေရာမဲ့တွေကို သုတ်သင်ရှင်းလင်းမှာကို ရော်နယ်တို့တွေ အမှတ်မထင်သိသွားကြပြီးမြို့တော်ဝန်ကို တားဆီးဖို့ကြိုးစားကြပါတော့တယ်။Body Horror ဇာတ်ကားဖြစ်တဲ့အလျှောက် မနှစ်မြို့စရာပြကွက်တွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပြီးပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း ညစ်တီးညစ်ပတ်အဆဲပေါင်းတစ်သိန်းပါနေတာမလို့ မိသားစုဝင်တွေနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ဇာတ်ကားက လုံးဝကိုပေါ့ပေါ့ပါးပါးနဲ့ တောက်လျှောက်ရယ်နေရတာမလို့ Dark Comedy ကြိုက်နှစ်သက်သူတွေသဘောကျမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ...
movie

Street Trash (2024)