Channel Myanmar

Don S. Davis

Con Air (1997) 6.9
Con Air (1997) Con Air (1997) ****************** IMDb.....6.9  နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့....စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး (နီကိုးလတ်စ်ကေ့စ်ချ်) ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေက ကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီး နောက်ဆုံးမှာတော့Jail Baird ဆိုတဲ့  ထောင်သားရွှေ့ပြောင်းမယ့် လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ...ဒါပေမဲ့ လေယာဥ်ပေါ်မှာ အဆိုးတကာ့ အဆိုးဆုံးထောင်သားတွေပါ ပါလာတဲ့အခါမှာတော့...ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ်လဲ နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်)  File Size : 3.08GB/ 1.19GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:၀၀:00 Genre ...
movie

Con Air (1997)

Best in Show (2000) 7.5
Best in Show (2000)  Best in Show (2000)IMDb Rating (7.5) / Rotten Tomatoes (93%) ဒီရုပ်ရှင်လေးက ၂၀၀၀ ပြည့်နှစ်က ရိုက်ကူးခဲ့တဲ့ ဟာသ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ခွေးပြိုင်ပွဲတစ်ခုကို ဗဟိုပြုကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ ခွေးပိုင်ရှင်တွေရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေ၊ သူတို့ရဲ့ ရယ်စရာ လှုပ်ရှားမှုတွေကို Mockumentary ဟာသဟန်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စရိုက်လက္ခဏာတွေကို အသေးစိတ် ဖော်ကျူးထားတာပါ။ခွေးပိုင်ရှင်တွေရဲ့ စိတ်ကူးယဉ်မှု၊ ရှုပ်ထွေးမှုတွေကို ဟာသဉာဏ်နဲ့ ပေါင်းစပ်ထားတာကြောင့် ဇာတ်ကားက ပိုပြီး စွဲမက်ဖွယ်ဖြစ်စေပါတယ်။ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေထဲက Christopher Guest က ဒါရိုက်တာအဖြစ် ပါဝင်ခဲ့ပြီး၊ သူဟာ ဒီရုပ်ရှင်အတွက် ဆန်ခါတင် ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။ဒီရုပ်ရှင်ကို ဟာသဇာတ်ကားကြိုက်တဲ့သူတွေ၊ Mockumentary ကို နှစ်သက်တဲ့သူတွေ မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတွေ၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ...
movie

Best in Show (2000)

2000
The Uninvited (2009) 6.3
The Uninvited (2009)  The Uninvited (2009) ================= IMDb - 6.3/10ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး ...
movie

The Uninvited (2009)

The 6th Day (2000)
The 6th Day (2000) ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။လူသားတွေ မွေးထားတဲ့ အိမ်‌မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ...
movie

The 6th Day (2000)

Hook (1991) 6.8
Hook (1991) 90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်.ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တစ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ.ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန်Captain Hook ကို အမှတ်သညာပြုပြီးအမည်ပေးထားတာ ဖြစ်ပါတယ်.ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီးပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်.သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကိုမေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့မပျက်ကွက်ခဲ့ပါဘူး.အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့အတိတ်ဘဝကို မမျှော်လင့်ဘဲပြန်လည်ရင်ဆိုင်ရချိန်မှာတော့ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့်မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲစိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား.မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်. File size…   3 GB /  1.5 GB Quality… Blu-Ray 1080p / ...
movie

Hook (1991)

1991
A League of Their Own (1992) 7.2
A League of Their Own (1992)  မင်းသားကြီး တွမ်ဟန့် ရဲ့ ၁၉၉၂ လောက်က ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားထဲမှာ တွမ်ဟန့် ရဲ့ ငယ်ရုပ်ကိုတွေ့မြင်ရမှာဖြစ်ပြီး သူ့ကားတွေရဲ့ ထုံးစံ အတိုင်း ကောင်းမကောင်းကိုတော့ မပြောတော့ပါဘူးဗျာ ဇာတ်ကားလေးက ဒုတိယ ကမ္ဘာစစ် ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးညီအစ်မ နှစ်ယောက်ကြားထဲက ပြသနာလေးတွေ မိသားစု ပြသနာလေးတွေကိုဟာသလေးနှောပြီး ရိုက်ပြထားတာမို့ Drama ကားပေမယ့် မပျင်းရပဲ ကြည့်ကြရမှာဖြစ်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ ဒေါ့တီ နဲ့ ကစ် ဟာ ဘေ့စ်ဘော အားကစားကို နှစ်သက်ကြသူတွေဖြစ်ပြီး သူတို့  ဟာ ကျောင်း ပြိုင်ပွဲတွေမှာလဲ အသင်းရဲ့ အားထားရတဲ့သူတွေဖြစ်ပါတယ်ဒီလိုနဲ့ တစ်ခေါက်မှာတော့ သူတို့ ရဲ့ အသင်းက အမူးသမား နည်းပြ ကြောင့် သူတို့ အသင်းအကျဉ်းအကျပ်ထဲကိုရောက်လာတဲ့ အခါမှာတော့ သူတို့ ညီအစ်မနှစ်ယောက် ဘယ်လောက်ထိရုန်းကန်နိုင်ကြမလဲ ဘယ်လို လူမှုရေးပြသနာလေးတွေကို ကောဘယ်လို ဖြေရှင်းကြမလဲ ဆိုတာတွေကိုတော့ပရိတ်သတ်ကြီးက ကြည့်ကြရမှာဖြစ်ပါတယ် ဗျQty - 720p BlurayDuration - 2hr 8minGern - Comedy/ ...
movie


1992