Channel Myanmar

Don Amendolia

Bounce (2000)
Bounce (2000) ဒီဇာတ်လမ်းလေးကတော့ Romantic drama အမျိုးအစားဇာတ်လမ်းလေးပါ။ ဘဝရဲ့ခက်ခဲကြမ်းတဲ့တဲ့အချိုးအကွေ့တွေရင်ဆိုင်လာရချိန်မှာ လူတွေဘယ်လိုပုံစံ တုန့်ပြန်ကြသလဲ ဘယ်လိုပုံစံနဲ့ဆက်လက်ရှင်သန်နေထိုင်ကြသလဲ ဘယ်လိုခက်ခဲတဲ့ရွေးချယ်မှုမျိုးတွေနဲ့ဆက်လက်ကြုံတွေ့ရမလဲ လဲပြိုကျချိန်တိုင်းဘယ်လိုပြန်ထရမလဲဆိုတာတွေကို အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဘာဒီ အမာရာဆိုတာကတော့ လူမှုဆက်ဆံရေးမှာကျွမ်းကျင်လိမ်မာတဲ့ ကြော်ငြာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။အလုပ်ကိစ္စအတွက်ခရီးထွက်ရင်း လေဆိပ်မှာမိတ်ဆွေသစ်တွေနဲ့မိတ်ဖွဲ့ခဲ့ပြီးနောက်သူ့လေယာဉ်လက်မှတ်ကို မိတ်တွေသစ်ဖြစ်တဲ့ ဂရက် ဂျနလို ကိုပေးလိုက်ရာမှ ထိုလေယာဉ်ပျက်ကျသွားခဲ့တဲ့နောက် ဘာဒီတစ်ယောက် အရင်လိုလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်ပြေနိုင်ဦးမှာလား … လေယာဉ်ပေါ်ပါသွားတဲ့ ဂရက် ရဲ့ ကျန်ခဲ့တဲ့မိသားစုတွေကရော ဒီအရာကိုဘယ်လိုလက်ခံရင်ဆိုင်ကြရမှာလဲ …ဘာဒီတစ်ယောက်သူပေါ့ပျက်ပျက်လုပ်လိုက်မိတဲ့အပြုအမူတစ်ခုရဲ့ နောက်ဆက်တွဲကိုဘယ်လိုပုံစံနဲ့ ဖြေရှင်းဖို့ကြိုးစားမလဲ… ဖြေရှင်းဖို့ကြိုးစားရင်းဘယ်လိုအရှုပ်တွေနဲ့ထပ်တိုးမလဲဆိုတာကို အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ဖော်ကြူးပြသထားတဲ့ပုံတွေကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး…File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sanju
movie

Bounce (2000)

Boogie Nights (1997)
Boogie Nights (1997) Boogie Nights (1997)IMDb Rating (7.9) / Rotten Tomatoes (94%)မင်းသား Mark Wahlberg ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားကို တင်ပေးထားလိုက်ပါပြီဒီကားကတော့ အက်ဒီအဒမ်စ်ဆိုတဲ့ကောင်လေးကို ညစ်ညမ်းကားဒါရိုက်တာဂျက်ခ်ဟော်နာက တွေ့ရှိသွားပြီး ခေါ်လာခဲ့ရာမှ နာမည်ကြီးအပြာမင်းသားဖြစ်သွားတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ Pornography ဖန်တီးတဲ့အကြောင်းတွေ ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့အပြင် အဖော်အချွတ်အခန်းတွေအများကြီးပါတဲ့အတွက် ကလေးတွေနဲ့ကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး..Imdb 7.9/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း Masterpiece ကားလို့တင်စားခံနေရတုန်းပါ။File size…(3.08GB)  / (`1.54GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:35:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie

Boogie Nights (1997)

A Walk in the Clouds (1995) 6.7
A Walk in the Clouds (1995) [Unicode]action မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်...ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ..1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ...
movie

A Walk in the Clouds (1995)