Channel Myanmar

Dominic Colón

August Rush (2007) 7.4
August Rush (2007)  2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း……လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် ...
movie

August Rush (2007)

2007
Mr. Popper’s Penguins (2011) 6.0
Mr. Popper’s Penguins (2011) ဒီဇာတ်ကားကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။အချစ်တော်မင်းသား Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားကောင်းတစ်ကားဖြစ်ပြီးအတော်လေးသဘောကျဖို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ခရစ္စမတ်ကာလမှာ ကြည့်လို့သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။၁၉၃၈ ခုနှစ်ထွက် ကလေးဖတ်ပုံပြင်စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်။ဟာသတွေကရယ်ရသလို တကယ်တမ်းပြန်တွေးကြည့်ရင် ဝမ်းနည်းစရာကောင်းသလို၊ ပီတဖြစ်ရမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံဖို့ အကြံပေးပါတယ်။ဇာတ်ညွှန်းပေါ့ပါ ဆိုတာကတော့ အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်၊ ဒါပေမယ့် အလုပ်ကို အရမ်းစွဲလမ်းလွန်းတယ်။ခင်ဗျားတို့မှာ ဘဝရယ်လို့ ဖြစ်လာရင် ရွေးချယ်စရာနှစ်ခုရှိလာတယ်။တစ်ခုက မိသားစုကိုအချိန်ပေးမယ်၊ အဲဒါဆို အလုပ်လစ်ဟင်းမယ်။နောက်တစ်ခုက အလုပ်ကိုဖိလုပ်မယ်၊ ပိုက်ဆံရှာမယ်ဆို မိသားစုအရေးကွက်မယ်။ပေါ့ပါဟာ အလုပ်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် မိသားစုမှာတော့ ဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပါဘူး။သူ့ရဲ့အဖေဟာလည်း သူငယ်ငယ်ကတည်းကခရီးတွေပတ်သွားနေပြီး သေချာတောင်အတူတူမနေခဲ့ရပါဘူး။ဒီလိုနဲ့တစ်နေ့မှာ ပေါ့ပါရဲ့အဖေဟာဆုံးသွားခဲ့ပြီး ပေါ့ပါကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။အဲဒါကတော့ ပင်ဂွင်းလေးတစ်ကောင်ပါ။နဂိုကမှ အလုပ်ကိုဖိလုပ်လွန်းလို့ ကျန်တာခေါင်းထဲသိပ်မထည့်နိုင်တာကတကြောင်း၊ အဖေက သူ့ကို သေချာလည်းလာမတွေ့ဘူးဆုံးတော့လည်း အရေးမပါတဲ့ လက်ဆောင်ကြီးပို့လိုက်တယ်ဆိုပြီး စိတ်တိုတာကတကြောင်းနဲ့ ပင်ဂွင်းကိုပြန်ပို့ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးတာလား ကောင်းတာလားတော့မသိဘူး နောက်ထပ်ပင်ဂွင်းတွေပါထပ်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါ့ပါတစ်ယောက် ပင်ဂွင်းတွေနဲ့ ဘယ်လိုများ နှစ်ပါးသွားကြမှာလဲ။အတော်လေးကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားမလို့ ကြည့်ဖို့အကြံပေးပါတယ်။ File Size ...
movie

Mr. Popper’s Penguins (2011)

Southpaw(2015) 7.4
Southpaw(2015) Southpaw(2015) ===========သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကားတစ်ကားထွက်လာတယ်...ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက်Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်...ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်... ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့...ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို      ထိုးသတ်တာကိုမကြိုက်ဘူး ။တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်...ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ...ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။' သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း '' ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း 'ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ဒီကားမှာ အဓိကထားပြောချင်တာတော့ ...
movie

Southpaw(2015)

We Own the Night(2007)
We Own the Night(2007)  ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB)  / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...  Drama / Crime / ...
movie

We Own the Night(2007)

Human Capital (2019) 6.9
Human Capital (2019) နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်‌ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ‌၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Human Capital (2019)