Channel Myanmar

Dodit Mulyanto

Father’s Haunted House (2024) 7.6
Father’s Haunted House (2024) Father's Haunted House (2024)********************************အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန်သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူကဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်းရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ဒိုဒစ်, အဖေ, အမေရယ်, အစ်ကို‌ဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကိုကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ ..အဖေဖြစ်သူကို အစိုးရကချထား‌ပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ဒီလိုနဲ့ ဒီမိသားစုလေး ..အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ .......ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ ......ဆိုတာကို ...
movie

Father’s Haunted House (2024)

Ghost Painter (2020) 7.4
Ghost Painter (2020) Pelukis Hantu (Ghost Painter )  2020 ========================= Stay Homeကာလမှာ စိတ်အပန်းပြေအောင် စီအမ်က ၂၀၂၀ထွက် အင်ဒိုနီးရှား သရဲဟာသကားလေးနဲ့ ဖျော်ဖြေပေးပါရစေ. IMDB 7.8တောင် ရထားတာကြောင့် Horror/ Comedy ဇာတ်လမ်းကောင်းတပုဒ်ဆိုတာ ပြောပြနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ တူတူဆိုတဲ့ ပန်းချီဆရာလေးက ပန်းချီကားမရောင်းရလို့ ညစ်နေတုန်း တီဗီရှိုးတစ်ခုမှာ လုပ်တဲ့ သူ့ဘော်ဒါက အလုပ်အကြောင်း ဖုန်းဆက်ရာကနေ စရမှာပဲ. တီဗီရှိုးက သရဲတွေကို နတ်ဆရာက ပင့်ခေါ်ပြီး အင်တာဗျူးတာကို တင်ဆက်ပေးတဲ့ ပရလောကအကြောင်း ရှိုးလေးပေါ့ဗျာ. တီဗီရှိုးမှာ သူလုပ်ပေးရမယ့် အလုပ်ကတော့ နတ်ဆရာက သရဲခေါ်တဲ့အခါ သူက မျက်လုံးကို အဝတ်နဲ့စည်းပြီး သရဲပုံကို ဆွဲပြရတာပါပဲ. အရင်က fake showဖြစ်တဲ့ အဲ့ဒီတီဗီရှိုးဟာ သူနဲ့တွေ့မှပဲ reality showဖြစ်သွားပါတယ်. ဘာလို့လဲဆိုတော့ သူတကယ်ပဲ မီးနေသည်သရဲကိုမြင်လိုက်ရလို့ပါ. သူ့ကြောင့် ရှိုးပွဲက နာမည်ကြီးသွားချိန်မှာတော့ ပရိုဂျူဆာက မီးနေသည်သရဲမပဲ မြင်နေရင် ပရိတ်သတ်ရိုးအီမှာဆိုးလို့ တခြားသရဲတွေပါ မြင်ရအောင် လုပ်ဖို့ တိုက်တွန်းတာကြောင့် နည်းလမ်းရှာဖွေရင်း အလွဲတွေ ဖြစ်လာတာကို အတော်လေးရယ်ရအောင် ရိုက်ပြထားတဲ့ Comedy ဇာတ်ကားလေးဖြစ်တဲ့အပြင် ဇာတ်အိမ်တည်ဆောက်ပုံလဲ ကောင်းတာကြောင့် စိတ်ဝင်စားစရာ ...
movie

Ghost Painter (2020)

2020