Channel Myanmar

Doc Watson

The Master (1992) 5.7
The Master (1992)  ဂျက်လီရဲ့ အက်ရှင်ကားတွေမှ ကြည့်ချင်သူတွေအတွက် ၁၉၉၂ က ထွက်ရှိထားတဲ့ The Master (龙行天下) ကို တင်ဆက်ပေးပါရစေ။သိုင်းအတတ်ပညာရှင် မအူမလည်လေး ကစ်ဟာ သူ့ဆရာဖြစ်တဲ့ ချန်ဟော်ထက်ကိုရှာဖို့ ဟောင်ကောင်ကနေ လော့အိန်ဂျလိစ်အထိ အပြေးနှင်လာခဲ့ပါတယ်။ ဆရာထက်ဟာ ဂျော်နီဆိုတဲ့ သိုင်းသင်တန်းဖွင့်ထားတဲ့ စီးပွားပြိုင်ဖက်က သူ့ကိုအသေသတ်ဖို့ကြံနေတာကြောင့် ထွက်ပြေးနေရတာပါ။ ဘာသာစကားအခက်အခဲနဲ့ အူကြောင်ကြား ကစ်ဟာ သူ့ဆရာရဲ့ဆေးခန်းမှာ ဆရာဖြစ်သူကိုရှာမတွေ့တဲ့အခါ ဘဏ်ဝန်ထမ်းမလေး မေရဲ့အကူအညီနဲ့ ဆရာထက်ကို လိုက်ရှာပါတော့တယ်။အင်္ဂလိပ်စာမတတ်ဘဲ တရုတ်စာနဲ့ အမေရိကမှာဆရာပျောက်ရှာနေတဲ့ ကစ်တစ်ယောက် ဆရာထက်ကို ရှာတွေ့ပြီး ဂျော်နီကို ပြန်သင်ခန်းစာပေးနိုင်မလားဆိုတာကိုတော့ ဟာသနဲ့ သိုင်းအလှရောစပ်ထားပြီး IMDb 5.7/10 ရထားတဲ့ The Master မှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:28:00 Genre... Kung Fu, Martial ...
movie

The Master (1992)

Always Smile (2025) 7.9
Always Smile (2025)  Always Smile (2025)IMDb Rating (7.9) ဒီဇာတ်လမ်းကိုတော့ ဆုရဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ထိုင်း-ကိုရီးယား-အမေရိကန် လူမျိုးဖြစ်တဲ့ ဒါရိုက်တာ Jaosn Park ကိုယ်တိုင် တည်းဖြတ်ပြီး ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်အိမ်ကို ပေးနာထားတဲ့အပြင် အာရှသားတွေရှုထောင့်ကနေ ဘဝကိုရုံးကန်ရတဲ့ပုံကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင်တစ်ထောင့်တစ်နေရာကနေရိုက်ကူးထားတာဖြစ်တဲ့အပြင်ကြည့်လိုက်သူတိုင်း စိတ်နဲ့ထိတွေ့အောင်လည်း တကယ်ကြိုးစားအားထုတ်ထားပြီးမှ အောင်မြင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းဝမ်းနည်းစရာကားမတော်တဆတစ်ခုနဲ့ကြုံပြီး ချစ်ရတဲ့သူတွေဖြစ်တဲ့ မိဘနဲ့ဇနီးဖြစ်သူတို့ ဆုံးပါးသွားတဲ့အချိန်မှာ အဲလက်စ်ဆိုတဲ့သက်လတ်ပိုင်းယောက်ျားတစ်ယောက်မှာ သူ့ရဲ့ညီဂျွန်နီတစ်ယောက်သာကျန်ပါတော့တယ်။ညီဖြစ်သူကလည်း ၁၀ ကျော်သက်အရွယ်ကုန်လုဆဲဆဲဖြစ်လို့ ကောလိပ်ဆက်တိုက်ဖို့ရှိတဲ့အချိန်မှာ အစ်ကိုဖြစ်သူအဲလက်စ်က ငွေကြေးပြည့်စုံမှုမရှိပေမယ့်လည်းအချိန်ပြည့်အလုပ်လုပ်ပြီး သူ့ညီကိုကျောင်းမထားထားနိုင်အောင် ပိုက်ဆံကြိုးစားရှာခဲ့ပါတယ်။ပိုဆိုးတာတစ်ခုက သူတို့မှာနေစရာအိမ်တောင်မရှိဘဲ နှစ်ယောက်က ဗင်ကားတစ်စီးပေါ်မှာပဲ အိပ်လိုက်စားလိုက်လုပ်ကြရသူပါ။အစ်ကိုဖြစ်သူက မနက်ဆိုညီကိုကျောင်းသွားပို့၊ ပြီးရင်အလုပ်သွား၊ ညနေအချိန်ကျ သူ့ညီကိုပြန်လာခေါ် ကားပေါ်မှာပဲညစာစား၊ နှစ်ယောက်သားအချိန်ယူပြီး ဗင်ကားနောက်ခန်းမှာပဲအိပ်ကြရတာပါ။ဒါပေမဲ့ နှစ်ယောက်လုံးဟာ ကြုံတွေ့နေရတဲ့ဘဝလောကဓံတွေအပေါ် တစ်စက်မှုငြိုငြင်ခြင်း လက်လျှော့ခြင်းမရှိဘဲ မိမိအခန်းကဏ္ဍအလျောက် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ညီဖြစ်သူက မထင်မှတ်ထားဘဲနဲ့ အခြားပြည်နယ်ကကျောင်းတစ်ခုမှာ ဆေးကျောင်းဝင်ခွင့်ရသွားပါတယ်။ဒါကို ဝမ်းပမ်းသာလို့ ဟိုတယ်မှာတစ်ညသွားအပန်းဖြေဖို့ ...
movie

Always Smile (2025)

2025
Pizza Boy Rick (2024) 5.0
Pizza Boy Rick (2024)  ရစ်ခ် ဟာ အဖွားဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာစိတ်ထင်ရာတွေကို လျှောက်လုပ်ရင်း ဘဝကြီးရဲ့အဓိပ္ပါယ်ကိုရှာဖွေနေသူပါ။  စိတ်ပိုင်းဆိုင်ရာလည်းဆိုးဆိုးရွားရွားထိခိုက်ထားတာကြောင့် ခံစားချက်တွေကိုပြန်လည် ဆက်စပ်ဖို့ကြိုးစားရင်း ရုပ်ရှင်အတန်းတစ်ခုကို တက်လိုက်မိပါတယ်။ရုပ်ရှင်အတန်းရဲ့ အိမ်စာအဖြစ် ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို့ ပီဇာပို့သမားလေးအဖြစ် ယာယီလုပ်ကိုင်ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ရစ်ခ်တစ်ယောက်လည်းပီဇာဆိုင်လေးတစ်ခုမှာ ပီဇာပို့သမားလေးဖြစ်လာပါတော့တယ်။ စစလုပ်တဲ့ညမှာပဲ ပီဇာလိုက်ပို့နေရင်းနဲ့အိမ်တစ်အိမ်အရောက်မှာ လဲကျနေတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။သူ ဟာ ထူးဆန်းစွာနဲ့ ရစ်ခ်ကို လိပ်စာတစ်ခုပေးပြီးသူ့အသက်ကိုကယ်ချင်ရင် အဲဒီနေရာကို သွားပေးဖို့ပြောလာတဲ့အခါမှာတော့ ....ဒီထူးဆန်းတဲ့လူဟာ ဘယ်သူလဲ......ရစ်ခ်ကိုသွားခိုင်းတဲ့နေရာကရော ဘယ်နေရာလဲ.....ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။  File size… (885 MB) / ( 451 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 21m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Pizza Boy Rick (2024)