Channel Myanmar

Dmitry Kulichkov

Kalashnikov (2020) 6.6
Kalashnikov (2020)  ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် ...
movie

Kalashnikov (2020)

2020
4K HEVC
Fortress of War (2010) 7.5
Fortress of War (2010) Fortress of War (2010) IMDb - 7.5/10_____Rotten - 75%    ဒီကားလေးကတော့ ဖြစ်ရပ်မှန်ရရှား စစ်ကားလေးဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေဟာရရှားနိုင်ငံကို ကျုးကျော်တိုက်ခိုက်ခဲ့ အကြောင်းကိုရိုက်ထားတာပါ ။ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အတွက်သာမန်စစ်ကားတွေထက်ပိုထူးခြားပါတယ်၊ ကြည့်ရတာကောင်းတယ်လို့အာမခံတယ် ပြီတော့ဒီဇာတ်ကားမှာအခြားဇာတ်ကားတွေမတူစစ်တိုက်နေတာချည်းမဟုတ်ဘဲမိသားစုနဲ့ပက်သက်တဲ့dramaအခန်းလေးတွေလဲပါတယ် အဲ့အခန်းလေးတွေကလဲဇာတ်ကားကိုပိုပြီးရသမြောက်စေတာ ၁၉၄၁ ခုနှစ် ဇွန်လ မှာ ဂျာမန်တွေဟာ ရရှားနယ်စပ်ကိုကျုးကျော်တိုက်ခိုက်တဲ့အချိန်မှာခုခံကာကွယ်ခဲ့တဲ့ ဘရက်စ်ခံတပ် အကြောင်းကိုရိုက်ထားတာပါ ဘရက်စ်ခံတပ်မှာ ဘယ်လိုခုခံကာကွယ်ခဲ့ရတာလဲဆိုတာကို စစ်အတွင်းမှာပြေးလွှားရင်းအသက်ရှင်ကျန်ခဲ့တဲ့ အလက်ဆန်းဒါအာကီမိုဗစ် ဆိုတဲ့ကောင်လေးက စစ်ဖြစ်ပြီးအနှစ်နှစ်ဆယ်ကြာမှ စာအုပ်ရေးခဲ့တာပါ  ဒီရုပ်ရှင်ကားထဲမှာတော့ ဗိုလ်မှူးPyotr Mihailovich Gavrilov ပါတီနိုင်ငံရေးအရာရှိ Efim Moiseevich Fomin နဲ့ ဒုဗိုလ် Andrey Mitrofanovich တို့ကအဓိက ဦးဆောင်ပြီးခုခံခဲ့တာပါ ဂျာမန်တွေ ဟာဘရက်စ်ခံတပ်ထဲကို ရရှားစစ်သားယောင်ဆောင်ဝင်ပြီး အစာရေဆာဆေးဝါးပြတ်လတ်အောင်လုပ်တယ် ရေတောင်မသောက်ရဘဲသူတို့တိုက်တာ ရက်တော်တော်ကြာတယ် တော်တော်လဲစိတ်ဓာတ်မာတယ် သူတို့ဆက်ပြီး မခံနိုင်တဲ့အဆုံး ဖောက်ထွက်ပြီးတိုက်တာသူတို့ရှုံးသွားတယ် ဂျာမန်တွေကလည်းခံတပ်ကိုသိမ်းပိုက်သွားတယ် သူတိုက်ကိုယ်တိုက် နောက်ဆုံးမင်သားရှိတဲ့ဘက်ကနိုင်သွားအဲ့လိုကားတွေထက်စာရင်ဒီကားကပိုကောင်းပါတယ် ကုန်ရကျိုးနပ်မယ်လို့အာမခံပါတယ်(ရုရှားနာမည်တွေပါတဲ့အတွက်ဘာသာပြန်တာအမှားအယွင်းရှိရင်တောင်းပန်ပါတယ်)    Size - 990 MB Qty - 720p Bluray Duration ...
movie

Fortress of War (2010)

2010