Channel Myanmar

Divi Vadthya

Jaat (2025) 6.5
Jaat (2025) Jaat (2025) ************** (Official WEB DL Quality ထွက်ရှိလာပြီမလို့ Updateပေးထာားပါပြီ)ဒီဇာတ်ကားလေးကတော့ IMDb rating 6.5/10အထိ ရရှိထားပြီး ဟင်ဒီစကားပြော Action/Thriller အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး ပရိတ်သတ် အချစ်တော်မင်းသားကြီး တစ်ဦးဖြစ်တဲ့ ဆန်နီ ဒီယော်လ်အပြင် ဘာဟုဘလီထဲက မယ်တော်ကြီး ရာမာယာခရိရှန်ကလည်း သမ္မတကြီးအဖြစ် လည်းကောင်း တမီးလ်မင်းသားကြီး ဂျဂါပသီ ဘာဘူကလည်း စီဘီအိုင် ရဲမှူးချုပ်အဖြစ် လည်းကောင်း ပါဝင် အားဖြည့်ထားကြပါတယ်။ဇာတ်လမ်း အကျဉ်း သီရိလင်္ကာနိုင်ငံ ဂျဖ်နာတောနက်မှာ သီရိလင်္ကာစစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာ အလုပ်ကြမ်းလုပ်နေကြရတဲ့ ရာနာတွန်ဂါနဲ့ သူ့ညီ ဆိုမလုတို့အဖွဲ့ဟာ တစ်နေ့မှာတော့ ရွှေချောင်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာကြီးတစ်လုံးကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင်ပဲ သီရိလင်္ကာစစ်သား တွေကို ပုန်ကန်တိုက်ခိုက်ကာ လှေတစင်းနဲ့ အိန္ဒိယ နိုင်ငံရှိရာကို လှော်ခပ် ထွက်ပြေးလာကြပါတယ်။ဒီလိုနဲ့ အိန္ဒိယရဲ့ ကမ်းရိုးတမ်းကို ရောက်တယ်ဆိုရင်ပဲ အိန္ဒိယ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့ပေမဲ့လည်း ပါလာတဲ့ ရွှေချောင်းအချို့ကို ရဲတွေကိုပေးပြီး လာဘ်ထိုးတာကြောင့် ရဲတွေက အိန္ဒိယနိုင်ငံသားအဖြစ် သက်သေခံစာရွက်စာတမ်း လုပ်ပေးလိုက်တာပေါ့။တရားမဝင်ခိုးဝင်လုပ်သားတွေဟာ တရားဝင် နိုင်ငံသား ဖြစ်လာတဲ့အပြင် ဒုစရိုက်မှုပေါင်းစုံကျူးလွန်ကာ ကမ်းရိုးတမ်းဒေသတစ်လျှောက်က ရွာသားတွေကို အမျိုးမျိုး ဖိနှိပ်လာတဲ့အကြောင်း ဒေလီကသမ္မတကြီးဆီ သတင်း ရောက်သွားတဲ့ အခါမှာတော့...မတရားမှုတွေ လွှမ်းမိုးခံနေရတဲ့ ...
movie

Jaat (2025)

4K HEVC
Daaku Maharaaj (2025) 6.3
Daaku Maharaaj (2025) Daaku Maharaaj (2025)"ဒါကူမဟာရာ့ဂျ်" ===============================တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Daaku Maharaaj (2025)

Pushpa 2 – The Rule (2024) 6.3
Pushpa 2 – The Rule (2024) Pushpa 2 - The Rule (2024) "ပွတ်ရှ်ပါ ပြန်လာပြီ"Netflix WEB-DL ကြည်တောက်ရှင်းဖြစ်ပြီး ၄နာရီနီးပါး အပြည့်စုံဆုံး ဗားရှင်းကိုတင်ဆက်လိုက်ပါပြီ (4kလဲ ထွက်ရှိလာပါက ထပ်မံupdateပေးသွားပါမယ်)===============================အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့ မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာ ကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှ ဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။ရှေ့ရုပ်ရှင် Pushpa: The Rise (2021)ကို CM Appမှာ 4K Resolutionနဲ့ ကြည့်ရှုနိုင်ပါတယ်။ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေး အပြင်းအထန်ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းက ပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက် ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန် ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲ အခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက် ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) File size…13 ...
movie

Pushpa 2 – The Rule (2024)

4K HEVC
GodFather (2022) 5.9
GodFather (2022) မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie

GodFather (2022)

2022