Channel Myanmar

Dita de Leon

The Back-Up Plan (2010) 5.3
The Back-Up Plan (2010) The Backup Plan (2010)မမကြီး Jennifer Lopez နဲ့ Hawaii Five-0 မင်းသား Alex O'Loughlin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဇိုဝီဟာ ဘယ်ယောက်ျားကိုမှ အလွယ်တကူမယုံတတ်တဲ့ပြဿနာရှိတဲ့အပြင် သူနဲ့အရမ်းနီးစပ်လာရင်လည်း ပြန်ပထုတ်တတ်တဲ့အကျင့်ရှိသူပါ။ ယောက်ျားတော့မလိုချင်ပေမဲ့ ကလေးတော့လိုချင်ပြီး မိသားစုတစ်ခုလိုချင်တဲ့အတွက် သုက်ရည်ဘဏ်ကနေ အလှူရှင်ရှာပြီး သန္ဓေတည်အောင်လုပ်ခဲ့ပါတယ်။ဒီလိုလုပ်ခဲ့တဲ့နေ့မှာတင် စတန်နဲ့ တွေ့ခဲ့ပြီး ဇိုဝီရဲ့အချစ်အပေါ်ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့မှာကိုယ်ဝန်ရှိနေတာသိလိုက်ရပြီး ဇိုဝီကဒီကိစ္စကို စတန်ကိုပြောပြမလား စတန်ကရော ဒီအကြောင်းကိုသိရင် ဆက်နေမှာလားဆိုတာ..။Comedy Romance ဇာတ်ကားလေးမလို့ အပျင်းပြေကြည့်လို့ကောင်းပါတယ်။ File size…(2.1 GB )/(1 GB)  Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by TMMT
movie

The Back-Up Plan (2010)

Taxi (2004)
Taxi (2004) ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 ...
movie

Taxi (2004)

Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)