Channel Myanmar

Ding Hai-Feng

Drug Hunter ( 2022 ) 6.2
Drug Hunter ( 2022 ) CM ကနေ အက်ရှင်ကားလေးဖြစ်တဲ့ Drug Hunters ဆိုတဲ့ မူးယစ်ဆေး‌မှောင်ခိုသမားတွေကို ရှင်းလင်းတဲ့ ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Main cast အနေနဲ့ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ခေါင်းဆောင် ယွီဖန်အဖြစ် Gao Jian ကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်ညွှန်းလေးကိုပြောပြရမယ်ဆိုရင် အရှေ့တောင်အာရှမှာ မူးယစ်ဆေးအရောင်းအဝယ်တွေ အတော်ပေါများနေပြီး ဟိုင်ယာ့မြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ခေါင်းဆာင် ယွီဖန်က သူ့အဖွဲ့သားတွေနဲ့အတူ တိုင်းတစ်ပါးကနေ မှောင်ခိုတင်သွင်းနေတဲ့ မူးယစ်ကုန်သွယ်လမ်းကြောင်းတစ်ခုကို ခြေရာခံမိပြီး ပြည်တွင်းမှာ မှောင်ခိုဖြန့်ချီနေတဲ့ လီယုံကို သတိထားမိသွားရာက‌နေ သူ့နောက်ကွယ်က အဝယ်တော်ကို အမိဖမ်းပြီး မူးယစ်ကုန်သွယ်လမ်းကြောင်းကို အမြစ်ပြတ်ရှင်းထုတ်ဖို့ စစ်ဆင်ရေးစတင်ခဲ့ပါတော့တယ်စစ်ဆင်ရေးပိုမိုအရှိန်ပြင်းလာတာနဲ့အမျှ ပေးဆပ်မှုတွေကလည်းပိုလို့ပြင်းထန်လာပါတယ် မကောင်းမှုပြုတဲ့သူ မှန်သမျှဟာ နောက်ဆုံးမှာတော့ ကိုယ်ပြုခဲ့တဲ့ အကျိုးသက်ရောက်မှုကို ခံစားရစမြဲပါ ‌အဲ့တော့ နောက်ဆုံးမှာ ဘယ်သူတွေက ဘယ်လိုစတေးပြီး တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာကို အကောင်ထည်ဖော်သွားမလဲဆိုတာကိုတော့ အခုတင်ဆက်ပေးမယ့် Drug Hunters ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Filesize : 1.56 GB / 849 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : ...
movie

Drug Hunter ( 2022 )

Flash Over ( 2023 ) 6.1
Flash Over ( 2023 ) ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Flash Over ( 2023 )

Death of the Ember (2023) 6
Death of the Ember (2023) အခုတစ်ခေါက် CM က အက်ရှင်စုံထောက်ဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေအတွက် Death of the ember ဆိုတဲ့ စုံထောက်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-တိတ်ဆိတ်ပြီး လှပတဲ့ ယွီမြိုမှာ မိုးညတစ်ညရဲ့ ထူးဆန်းတဲ့ ကားတိုက်လူသတ်မှုတစ်ခုကြောင့် ယုတ်မာမှုရဲ့ အပိုင်းအစတွေ ထွက်ပေါ်လာပါတယ်။ရဲဖြစ်သူ အားကျန့်ဟာ တာဝန်အရ ချင်မိသားစု ကုမ္ပဏီတွင် သူလျှိအဖြစ်ဝင်ရောက်ခဲ့ပြီး စခန်းမှူးအသစ်ဖြစ်သူ လန်ကျဲနှင့်ပူးပေါင်းကာ မကောင်းမှုတွေကို ဖော်ထုတ်ရန် ကြိုးစားနေပါတယ်သိုသော် ချင်မိသားစု ညီအစ်ကို နှစ်ယောက်က အလွန်ဉာဏ်နီဉာဏ်နက်များပြီး သတိကြီးကြတဲ့အတွက် သူလျှိလှုပ်ရှားမှုအတွက် ခက်ခဲနေခဲ့ပါတယ်ချင်မိသားစု ညီအစ်ကိုရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ လောဘတွေနဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုတွေကြားမှာ အချိန်မရွေး သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့ အားကျန့်တစ်ယောက် တာဝန်ကို အောင်မြင်အောင် ဘယ်လို ထမ်းဆောင်မလဲဆိုတာကို CM က ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါဦးနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action, Crime Runtime : 1h ...
movie

Death of the Ember (2023)

The Legend Of Justice WuSong ( 2022 ) 5.9
The Legend Of Justice WuSong ( 2022 ) ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ နာမည်ကြီးကာတွန်းတစ်ခုကနေ ရုပ်ရှင်အပြင်အသက်သွင်းထားတဲ့ ဇာတ်လမ်းတစ်ခုပါ။တစ်နေ့မှာတော့ ‌ကျားကိုသတ်ခဲ့လို့ဆိုပြီး သိုင်းသမား ဝူစုန့်တစ်ယောက်က ပြန်လာရင်း တစ်နယ်‌တစ်ကျေးကို ပြောင်းနေပြီထင်တဲ့ အစ်ကိုအရင်းဖြစ်သူ ဝူတာ့လန်နဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ ဖန်ကျင်းလျန်ဆိုတဲ့ မရီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ရိုးအတဲ့အစ်ကိုဖြစ်သူရဲ့ ဇနီးမို့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ပေမယ့်လည်း နောက်ကြောင်းမရှင်း အကြံကြီးလှတဲ့မရီးဖြစ်သူဟာ ဂွင်ဖန်ပေမယ့် ကိုယ်ကျင့်တရားကောင်းသူ ဝူစုန့်ကတော့ မဖြုံခဲ့ဘူး မြို့အနှံ့အချောအလှနာမည်ကြီးနေတဲ့ ဖန်ကျင်းလျန်ရဲ့ အလှကျော့ကွင်းမှာ မိသွားသူကတော့ ရှီမန်းချင်ဆိုတဲ့ လူတစ်ယောက်ပေါ့။ဖန်ကျင်းလျန်ကိုမှ လိုချင်လှပါချည်ရဲ့ဆိုပြီး အဘွားနန်ကို လာဘ်ထိုးလို့ ရယူဖို့ ကြိုးစားခဲ့ရာကနေ အရှုပ်အထွေးတွေဖြစ်လာခဲ့တယ် ဝူတာ့လန်နဲ့ ဖန်ကျင်းလျန်ရဲ့အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်မလဲ.... ရှီမန်းချင်ရဲ့ဝင်ရှုပ်မှုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ.... ဝူစုန့်ကရော ဘာကြောင့်အစ်ကိုဖြစ်သူရဲ့စကားကို ပယ်ရှားရတာလဲ.... [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar ...
movie

The Legend Of Justice WuSong ( 2022 )