Channel Myanmar

Dinesh Ravi

Lubber Pandhu (2024) 8.8
Lubber Pandhu (2024) Lubber Pandhu (2024) "ချည်သောကြိုးများ"ကမ္ဘာမှာ ခရစ်ကတ်ကစားနည်းကို အနှစ်သက်ဆုံးရော အအောင်မြင်ဆုံးအသင်းအဖြစ်ရောပါဝင်နေတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယဆိုတာ ထိပ်ဆုံးမှာပါဝင်နေတာ အိန္ဒိယရုပ်ရှင်ပရိသတ်တွေသိကြမှာပါ။အခုတင်ဆက်ပေးမှာက ဒါရိုက်တာ Tamizharasan Pachamuthuရဲ့ ပွဲဦးထွက်လက်ရာ တမီးလ်ရုပ်ရှင်။ ခရစ်ကတ်အားကစား၊ အချစ်နဲ့ ဟာသကို အချိုးညီညီချက်ပြုတ်ထားတဲ့ ဟင်းကောင်းတစ်ခွက်မို့ မြည်းစမ်းကြည့်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ဂျိုလီဖရန့်ဆိုတဲ့ ခရစ်ကတ်အသင်းမှာ ဝင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ ရောက်လာခဲ့တဲ့ အန်ဘူး။ သဘောထားချင်းမတိုက်ဆိုင်လို့ ဂျိုလီဖရန့်မှာ ဝင်မကစားတော့ဘဲ တစ်ဘက်အသင်းမှာကစားနေတဲ့ ဒူဘိုင်းပြန် မြို့ရဲ့ဂုဏ်ဆောင် ဂီသူးဆိုတဲ့လူကြီးရဲ့ အံ့မခန်းရိုက်ချက်တွေကို ရပ်ကြည့်နေခဲ့တဲ့ကောင်လေး။ဂျိုလီဖရန့်အသင်းဝင်မဖြစ်ခဲ့တဲ့အန်ဘူးတစ်ယောက် ဆယ်နှစ်ဆိုတဲ့အချိန်ကာလကိုဖြတ်ကျော်ပြီးချိန်မှာ ဘယ်အသင်းသားမှမလုပ်ဘဲ ကြုံရာအသင်းမှာ ဧည့်သည်ကစားသမားအဖြစ်နဲ့ ဝင်ကစားနေပြီး အားကစားဝတ်စုံဆိုင်လေးဖွင့်ထားခဲ့တာပေါ့။ တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုမှာ ကောင်မလေးတစ်ယောက်ကို ကြွေမိသွားရာကစ သူငယ်ငယ်က ရပ်ကြည့်ခဲ့ရတဲ့ ဆရာကြီးဂီသူးရဲ့သမီးဆိုတာကိုသိရတဲ့နောက်မှာတော့...။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို မြူးမြူးကြွကြွတင်ဆက်ရိုက်ကူးထားမှုမှာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 3.2 GB / 1.56 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Lubber Pandhu (2024)

Kabali ( 2016 ) 6.4
Kabali ( 2016 ) ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. IMDb ကတော့  6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦးဖြစ်သလို ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်.. သူဟာ လူအများကြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ် သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာ အကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘဝသေသွားတဲ့ ကာဘာလီ.. ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာ သူချစ်ရတဲ့မိသားစု..အတွက်.. သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကို ပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်.. ဒီလိုနဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့...............Genre..... Action, Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 2.81GB | 1.5GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Encoder ..... Aaron
movie

Kabali ( 2016 )

2016
Visaranai (2015) 8.4
Visaranai (2015) Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Visaranai (2015)

J.Baby (2024) 8.6
J.Baby (2024) J Baby (2024) "မေမေ"IMDb 8.7 စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ်ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ်သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေက​ရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမှာလဲ ​ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File ...
movie

J.Baby (2024)

2024
Aadukalam (2011) 8.1
Aadukalam (2011) Aadukalam (2011)~ IMDb - 8.1/10, Rotten Tomatoes - 93% ~အိန္ဒိယတောင်ပိုင်း တမီးလ်နန်ဒူးမှာ ရှေးအစဥ်အလာတည်းက ကြက်တိုက်ခြင်းဓလေ့တွေရှိခဲ့ပါတယ်။ သိမ်မွေ့တဲ့ကြက်တိုက်ပွဲဆိုတာ လူ့ဘဝတိုက်ပွဲတွေလိုပါပဲ။ သူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ ကြက်အမတွေကိုရဖို့ တိုက်ခိုက်ကြရပါတယ်...မာဒူရိုင်နယ်မှာ ရိုးရာတိုက်ကြက်ဖတွေကိုလေ့ကျင့်ပေးတဲ့ ပက်တရာကာရန်နဲ့ စုံစမ်းရေးရဲအရာရှိ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲက ပြင်းထန်ပါတယ်။ ပက်တရာကာရန်ရဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့် ရာသင်နာဆာမီက ဘယ်တုန်းကမှသူ့ကို ကြက်တိုက်ပွဲမှာမနိုင်ခဲ့ပါဘူး။ ရာသင်နာဆာမီက သူ့အမေမသေခင် ပက်တရာကာရန်ကိုအနိုင်ရချင်တဲ့အတွက် နည်းပေါင်းစုံနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။ကာရူပူနဲ့ ဒူရေယန်က ပက်တရာရဲ့အုပ်စုမှာ ပက်တရာသဘောအကျဆုံးလူတွေပါ။ ကာရူပူက တိုက်ကြက်တွေကို မွေးမြူထိန်းကျောင်းတာမှာ ပါရမီထူးချွန်တဲ့သူပေါ့။ ကာရူပူက အီရာနီဆိုတဲ့မိန်းကလေးကိုချစ်မိသွားပြီး အီရာနီက သူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ တခြားတစ်ယောက်ကိုရှင်းထုတ်ချင်လို့သာသူ့ကိုချစ်တယ်လို့ညာတဲ့အခါ...သူရင်ကွဲရမှာလား...နောက်ပိုင်း အီရာနီကရော သူ့ကိုတကယ်ချစ်သွားမလား... ပက်တရာကာရန်နဲ့ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲကရော ဘယ်လိုတွေဖြစ်လာမလဲ။ ရိုးရှင်းတဲ့ ကြက်တိုက်ပွဲကနေ ရှုပ်ထွေးပွေလီတဲ့ လူ့ဘ၀တိုက်ပွဲအကြောင်း ဘယ်လိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဝင်ရောက်စီးမြောလိုက်ကြပါဦး။Bollywood ဆိုရင် အက်ရှင်ကြမ်းကြမ်း ...
movie

Aadukalam (2011)

2011