Channel Myanmar

Diego Murgia

The Fantastic Three (2024) Les trois fantastiques 6.4
The Fantastic Three (2024) Les trois fantastiques The Fantastic Three (2024)IMDb Rating (6.4) Coming of Age ရုပ်ရှင်လို့ ပြောလို့ရတဲ့ ပြင်သစ်ရုပ်ရှင်ပါ။ ဒါပေမဲ့ လှပတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူးပေါ့။လှလာမယ်လို့ ထင်ရအောင်လုပ်ရင်း ရက်ရက်စက်စက်ကို ချိုးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ အသက်၁၂အရွယ် ကောင်လေး၃ယောက်ရဲ့ဇာတ်လမ်းပေမဲ့ သူတို့မှာ အသက်၁၂နဲ့မလိုက်တဲ့ ဘဝကြီးကို လွယ်ထားရတဲ့ အကြောင်းကို ပြထားတယ်။သူတို့မြို့လေးရဲ့ အဓိက ပင်မအလုပ်အကိုင်အရင်းအမြစ် စက်ရုံက‌ ဒေဝါလီခံသွားတော့ သူတို့မိဘတွေအလုပ်မရှိကြသလို ကျောင်းရဲ့ စခန်းချခရီးထွက်ဖို့ငွေပေးစရာလည်းမရှိကြဘူး။ဒီငွေကို ရအောင်ကြံရင်း သူတို့ဒုက္ခများနေတာကိုမှ တခြားဒုက္ခတွေပါ နွယ်လာတာကို တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ ကြည့်တော့ကောင်းပေမဲ့ တော်တော်ရက်စက်တဲ့ ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ၁၂နှစ်သားလေးတွေရဲ့ မောလွန်းစရာဘဝကို ပြထားတာမို့ နည်းနည်းတော့ ထူးထူးခြားခြားလေးဖြစ်နေမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.4 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:37:11 Subtitle….Myanmar ...
movie

The Fantastic Three (2024) Les trois fantastiques

2024
Love According to Dalva (2022) 7.5
Love According to Dalva (2022) IMDb - 7.5/10 Rotten Tomatoes - 95%ဒီရုပ်ရှင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာနဲ့ အဲ့ဒီကနေဆက်ဖြစ်လာတဲ့ ကြေကွဲစရာ အကျိုးဆက်တွေအကြောင်းပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာ Emmanulle Nicotက ဒီလိုထိတ်လန့်စရာကောင်းတဲ့အကြောင်းအရာကို ဆွေးမြေ့စရာကောင်းအောင် ရိုးသားသိမ်မွေ့စွာ ရိုက်ကူးပြခဲ့ပါတယ်။Dalvaက ၁၂နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး သူမအဖေနဲ့ အတူနှစ်ယောက်ထဲနေပါတယ်။ ကလေးဆိုပေမယ့် အရွယ်ရောက်ပြီးသားမိန်းမတစ်ယောက်တစ်ယောက်လို ဝတ်စားပြင်ဆင်ခြယ်သပြီး အနေအထိုင်ကလည်း လူကြီးတစ်ယောက်လိုပါပဲ။တစ်နေ့မှာ ရဲတွေက သူတို့အိမ်ထဲအတင်းဝင်လာပြီး သူ့ကို လူငယ်တွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကိုပို့ခဲ့ပါတယ်။အဲ့ဒီမှာ သူမရဲ့အခန်းဖော်အသစ် Samiaနဲ့ ဝန်ထမ်းဖြစ်တဲ့ Jaydenတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာပါတယ်။သူတဖြည်းဖြည်းနားလည်လာတာက သူ့အဖေနဲ့ဝေမျှခဲ့တဲ့အချစ်တွေက သူထင်ခဲ့သလိုမျိုးမဟုတ်ဘူးဆိုတာပါပဲ။သူ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ Dalvaက သူ့childhoodကိုပြန်ယူနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်က စိတ်ကူးယဥ်ဖန်တီးချက်ဆိုပေမယ့် ဒီလိုအဖြစ်အပျက်မျိုးတွေရဲ့ real-life victimsတွေအပြင်မှာ အများကြီး ရှိပါတယ်။ ကြည့်ရတာ တစ်ချက်တစ်ချက် မသက်မသာဖြစ်ရပါတယ်။ ကလေးတစ်ယောက်နဲ့မလိုက်အောင် မှန်သလား မှားနေသလားတောင်မစဥ်းစားနိုင်အောင် အဖေဖြစ်သူဆီက brain-washedခံထားရတဲ့ Dalvaရဲ့ လုပ်ရပ်တွေကတစ်ခါတလေလန့်စရာလည်းကောင်းနေပါတယ်။ ...
movie

Love According to Dalva (2022)