Channel Myanmar

Diedrich Bader

Vampires Suck (2010)
Vampires Suck (2010) Vampires Suck (2010) ဟာ ဗန်ပိုင်းယားတွေ သမန်းဝံပုလွေတွေနဲ့ အရမ်းမိုက်တဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ Becca Crane ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ဗန်ပိုင်းယားတပိုင်း လူတပိုင်းဖြစ်တဲ့ Edward Sullen နဲ့ သမန်းဝံပုလွေတပိုင်း လူတပိုင်းဖြစ်တဲ့ Jacob White တို့ကြား သံယောဇဉ်တွေငြိတွယ်ပြီး နှစ်ယောက်လုံးကိုချစ်တယ် နှစ်ယောက်လုံးကချစ်တယ်ဆိုတဲ့ Twilight အကွက်ခင်းပြီးတော့ ဝေခွဲမရဘဲ ပြသနာတွေရင်ဆိုင်ရပုံတွေကို ပေါ့ပေါ့ပါးပါး အခွီဗားရှင်းရိုက်ကူးထားတာပါ။သေချာတာပေါ့ဗျာ... ဒီဇာတ်ကားက Twilight ဇာတ်ကားတွေကို သရော်ထားတဲ့ Parody ဇာတ်ကားပါ။ သင်ဟာ Twilight fan တစ်ယောက်ဖြစ်တယ်ဆိုရင် ဒီကားလေးကို လုံးဝလက်လွတ်မခံသင့်ဘဲ ကြည့်ရင်း ထိုင်ခွီနေရမှာဖြစ်သလို ကိုယ့်ရဲ့အားလပ်ချိန်ကို ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးကြည့်ပြီး ရယ်မောချင်တယ်ဆိုရင်တော့ ဒီကားလေးက အဲ့လိုအသေအချာပါပဲ။Unrated Version နဲ့မလို့ ဆင်ဆာတွေမဖြတ်ထားဘဲ ပိုခွီနေရတဲ့ ဗားရှင်းဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းကို နဲ့ဘာသာပြန်ကို Kooluumoo မှ တင်ဆက်ထားပါတယ်။) File size…(3.1 GB )/(1.2 GB) Quality…BluRay 1080p HEVC / ...
movie

Vampires Suck (2010)

Scooby-Doo! Frankencreepy (2014) 6.6
Scooby-Doo! Frankencreepy (2014) စကူဘီဒူးဖန်တစ်ယောက်ဆိုရင် ကြည့်ထားသင့်တဲ့ဇာတ်ကားလေး တင်ဆက်ပေးပါမယ်။Velma ရဲ့ မိသားစုသမိုင်းကြောင်းကို သိကြပါသလား။ကဲ ဒီဇာတ်လမ်းမှာတော့ ဉာဏ်ထက်တဲ့ ဒီကောင်မလေးရဲ့မျိုးရိုးဇာတ်ကြောင်း နောက်ခံထည့်ပေးထားပါတယ်။Velma တစ်ယောက် နယ်စားဖြစ်ခဲ့တဲ့ အဘိုးလေးဆီက အမွေတွေ ဆက်ခံရပါမယ်ဆိုပြီး မိသားစုရှေ့နေက ဆက်သွယ်လာပါတယ်။ဒါပေမဲ့ အဘေးလေးက ကျိန်စာတိုက်ထားခဲ့ပါတယ်တဲ့။ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ဒီတော့လည်း ဒီကိစ္စထဲ ဝင်စွက်ဖက်ကြဦးမယ့် စကူဘီဒူးတို့အဖွဲ့ ထရန်ဆယ်ဗေးနီးယားရွာလေးဆီ ရောက်လာကြတာပေါ့။ဘယ်လိုပြဿနာတွေကြုံရဦးမလဲ ဆိုတာတော့ ကြည့်လိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ editing စတိုင်က တစ်မူကွဲပြားနေတာမို့ တစ်မျိုးလေးစိတ်ဝင်စားဖို့ကောင်းနေမှာပါ။ဟာသတွေလည်း ရောစပ်ထားလို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့စေမှာပါ။CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size :  1.5 GB, 743 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Comedy, Mystery Subtitle : Myanmar Subtitle ...
movie

Scooby-Doo! Frankencreepy (2014)

Scooby-Doo! & Batman: The Brave and the Bold (2018) 6.5
Scooby-Doo! & Batman: The Brave and the Bold (2018) စကူဘီဒူးတို့အုပ်စု ထူးဆန်းထွေလာတွေနဲ့အတူပြန်လာခဲ့ပါပြီဒီတစ်ခါမှာတော့ ခါတိုင်းနဲ့မတူဘဲ Batman ရဲ့အမှုကို သူငယ်ချင်းတစ်သိုက်က ပါဝင်အားဖြည့်ပေးကြမှာပဲဖြစ်ပါတယ်တစ်နေ့မှာ ဂေါ့သန်မြို့က ဓာတုသိုလှောင်ရုံတစ်ခု ဖောက်ထွင်းခံလိုက်ရပေမဲ့ဒီအမှုက သာမန်ဟုတ်မနေဘဲ batmanရဲ့ အတိတ်က မပြီးပြတ်သေးတဲ့ အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့မေးခွန်းထုတ်စရာအခြေအနေတွေပေါ်လာပါတော့တယ်DC Universeက ဟီးရိုး‌တွေနဲ့ စကူဘီဒူးတို့စကွက်ရဲ့ ဂယက်တွေကို ဟာသနှောလျက်သားကြည့်ရှုရမှာဖြစ်ပြီးတော့အကုန်လုံးပူးပေါင်းပြီး အမှုကိုတစ်ဆင့်ချင်းဖြေရှင်းသွားကြပုံတွေကို ဒီmovieထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ  File Size :  1 GB, 537 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant
movie

Scooby-Doo! & Batman: The Brave and the Bold (2018)

Scooby-Doo! Mask of the Blue  (2012) 6.6
Scooby-Doo! Mask of the Blue (2012) စကူးဘီတို့ အကြိုက်ဆုံးကာတွန်းဇာတ်ကောင် Blue Falcon သိမ်းငှက်ပြာနဲ့အံ့ဖွယ်ခွေး Dynomutt တို့ကို ကာတွန်းပွဲတော်မှာ သွားကြည့်ရင်းကစကူးဘီတို့ ပဟေဠိကို ဖြေရှင်းဖို့ ဖန်လာပြန်ပါတယ်။ဒီတစ်ခေါက်မှာ မစ္စတာဟိုက်ဒ် အသွင်ရတဲ့ မိစ္ဆာတစ်ကောင်က Blue Falcon ရဲ့ပြန်လည်ဆန်းသစ်ဇာတ်ကား ပြသချိန်တိုင်း တိုက်ခိုက်မှုမျိုးစုံနဲ့ လူတွေကို ဒုက္ခပေးလာပါတယ်။ဘယ်သူက လုပ်နေမှန်းမသိ တိုက်ခိုက်မှုတွေက San De Padro မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ဒီတော့ ဒီပဟေဠိကို ဖြေရှင်းဖို့ စကူးဘီတို့ဆီ မြို့တော်ဝန်မှ တာဝန်ရောက်လာပါတယ်။ဖြစ်ရပ်ရဲ့ နောက်ကွယ်ကသူကို အဖြေရှာဖို့က Blue Falcon သရုပ်ဆောင်ဟောင်း Owen Garrison ကနေအမှူးပြုပြီး အခြားသံသယရှိသူတွေအနက်မှာ ဘယ်သူက မစ္စတာဟိုက်ဒ်ရဲ့ ကြိုးကိုင်ရှင်ဖြစ်မလဲ။ဘာကြောင့် ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်နေရသလဲ အကြောင်းရင်းမှန်ကို ဖော်ထုတ်ကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ။  File Size :  1.3 GB, 647 MB Quality : Blu-Ray ...
movie

Scooby-Doo! Mask of the Blue (2012)

Scooby-Doo! Moon Monster Madness (2015) 6.4
Scooby-Doo! Moon Monster Madness (2015) ဒီတစ်ခါမှာတော့ စကူဘီဒူးတို့အဖွဲ့ အာကာသထဲခရီးထွက်ရင်း အမှုတွေဖြေရှင်းကြမှာပဲဖြစ်ပါတယ်။ဘီလီယံနာသူဌေးကြီးစလိုင်းက အာကာသထဲကို လူတိုင်းသွားလို့ရဖို့အတွက် စီမံကိန်းတစ်ခုလုပ်ထားပါတယ်။နာမည်ကြီးတွေတင်မဟုတ်ဘဲ သာမန်ပြည်သူတွေပါလိုက်လို့ရအောင်ဆိုပြီး မဲနှိုက်စနစ်နဲ့ကျပန်းရွေးချယ်လိုက်တဲ့အခါမှာ စကူဘီဒူးတို့သူငယ်ချင်းငါးယောက်က ကံထူးသွားပါတော့တယ်။ဒီလိုနဲ့ ကမ္ဘာ့ပထမဆုံး အာကာသထဲကို ပြည်သူတွေ ခရီးထွက်တဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲ၊ဂြိုလ်သားတွေနဲ့ရော တွေ့ကြဦးမလား၊ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို စကူဘီဒူးတို့တွေ ဖြေရှင်းကြရမလဲ...အစရှိတာတွေကို ဇာတ်လမ်းလေးကိုကြည့်ရှုခံစားပြီး အဖြေရှာရင်း တစ်ရက်တာအမောလေးတွေကို ဖြေဖျောက်နိုင်ကြပါစေ။  File Size : 1.3 GB, 626 MB Quality : WEB-DL 1080p / 720p Running Time : 1hr 20min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant
movie

Scooby-Doo! Moon Monster Madness (2015)

The 4:30 Movie (2024) 6.0
The 4:30 Movie (2024)  ငယ်ရွယ်တဲ့အချစ်ရဲ့ ရင်ကိုခုန်စေတဲ့ခံစားချက်၊ လူငယ်ဘဝရဲ့အပူအပင်ကင်းလွတ်လပ်ပေါ့ပါးမှု၊ ချစ်ရတဲ့သူလေးနဲ့ ချိန်းတွေ့ရတဲ့အခိုက်အတန့်၊ နွေရာသီတစ်ခုရဲ့ အချစ်ဇာတ်လမ်းလေး။ ဇာတ်လမ်းအညွှန်း***************ရုပ်ရှင်ဝါသနာအိုး ဘရိုင်ရန်ဒေးဗစ် နဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို့ကအမေရိကန်က အထက်တန်းကျောင်းသားလေးတွေပါ။ဘရိုင်ရန်ဒေးဗစ်ကတော့ ရုပ်ရှင်တွေကို အရမ်းဝါသနာပါသူဖြစ်ပြီးသူ့မှာ ကြိတ်သဘောကျရတဲ့ မယ်လိုဒီဘားနီးဂတ် ဆိုတဲ့ ခပ်ချောချောကောင်မလေးတစ်ယောက်ရှိတယ်။ ဇာတ်လမ်းဇာတ်အိမ်ကိုတော့နွေရာသီအားလပ်ရက် မြို့ငယ်လေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီးပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ကူးတင်ဆက်ထားပါတယ်။ဘရိုင်ရန်ဒေးဗစ်က သူကြိတ်သဘောကျရတဲ့ ‌မယ်လိုဒီဘားနီးဂတ် ကိုရုပ်ရှင်အတူတူကြည့်ရင်း ချိန်းတွေ့ဖို့ ဖိတ်ခေါ်တာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ လူငယ်ဘဝရဲ့ ပေါ့ပါးတဲ့ခံစားချက်၊သူငယ်ချင်းဆက်ဆံရေးရဲ့ ပျော်ရွှင်စရာအနှစ်သာရတွေ၊ တိတ်တခိုးသဘောကျရသူလေးကြောင့် ခံစားရတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုခံစားသက်ဝင်ရင်း အပူအပင်ကင်းပြီး လွတ်လပ်တဲ့ လူငယ်ဘဝကိုတစ်ဖန်ပြန်လည်ခံစားကြရမှာပါ။ File size…2.44GB / 937MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The 4:30 Movie (2024)

Napoleon Dynamite (2004) 7.0
Napoleon Dynamite (2004) IMDB rating 7 နဲ့ Rotten Tomatoes 72% ရရှိထားတဲ့ ဒီဇာတ်ကားဟာခုချိန်ထိအောင် quote တွေအများကြီးနဲ့ နာမည်ကျော်တဲ့ comdey/indie flim တစ်ခုပါ။ ဇာတ်လမ်းကIdaho, Preston မြို့မှာနေတဲ့ ဆယ်ကျော်သက်အထက်တန်းကျောင်းသားအရွယ်နပိုလီယန်ဒိုင်းနမိုက်ဆိုတဲ့ ခပ်ကြောင်ကြောင်ကောင်လေးတစ်ယောက်ရဲ့မိသားစုရေးရာ၊ အချစ်ကိစ္စ၊ လူငယ်ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြတ်ကျော်တဲ့အကြောင်းပေါ့သူ့နေ့စဉ်ဘဝမှာ ပါဝင်တဲ့သူတွေက ကစ်ပ် ဆိုတဲ့ cage fighter ဖြစ်ချင်တဲ့အိမ်မှာပဲ ၂၄/၇ နေပြီး စော်နဲ့ အွန်လိုင်းကနေ chatting ထိုင်နေတတ်တဲ့ပိုးဟပ်ဖြူခန္ဓာကိုယ်နဲ့အစ်ကိုရယ်အတိတ်မှာ သူသာ ဒဏ်ရာမရခဲ့ရင် အခုချိန် ပြည်နယ်ချန်ပီယံဖြစ်နေလောက်ပြီဆိုပြီးယူကြုံးမရဖြစ်နေလို့ အိမ်လိုက်ပတ်ပြီး ပစ္စည်းတွေ ဂျင်းထည့်ရောင်း ပိုက်ဆံစုပြီးအချိန်ခရီးသွားစက်ဝယ်ဖို့ပြင်နေတဲ့ ဦးလေးဖြစ်သူ အန်ကယ် ရီကို ရယ်ကျောင်းမှာ သိပ်ဝင်မဆံ့တဲ့ နပိုလီယန်ရဲ့တစ်ဦးတည်း‌သောသူငယ်ချင်းကျောင်းပြောင်းလာတဲ့ စပိန်သား အင်္ဂလိပ်စကားမပီတပီ ပက်ဒရို ဆိုတဲ့ကောင်လေးရယ်ကောလိပ်တက်ဖို့ တိုလီမိုလီ လက်လုပ် accessory တွေနဲ့ အလှဓာတ်ပုံရိုက်ဆရာလုပ်ပြီးပိုက်ဆံစုနေတဲ့ဒက်ဘ် ဆိုတဲ့ကောင်မလေးရယ်သူ‌တို့တွေနဲ့ နပိုလီယန်ရဲ့ ...
movie

Napoleon Dynamite (2004)

JLA Adventures: Trapped in Time (2014) 5.7
JLA Adventures: Trapped in Time (2014) JLA Adventures: Trapped in Time(2014) IMDb: 5.7/10 Rotten Tomatoes: 74% Genre: Animation/Action/Sci-FiJLA Adventures: Trapped in Time ဟာ DC Animation မှဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း လက်ရှိ ၂၁ ရာစုမှာ လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး "Legion of Doom" ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကမ္ဘာကြီးကိုအုပ်စိုးဖို့အကြံနဲ့ လုပ်ကိုင်နေတုန်းမှာ"Justice League" ရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။ ပိုပြီးဆိုးတာက လက်စ်လူသာ ဟာရေခဲထဲမှာပိတ်မိသွားပါတယ်။ ဘယ်လောက်ထိပိတ်မိသွားလဲဆိုရင် ၃၁ ရာစုမှာမှပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။ဒါတောင်မှ ရှာလို့တွေ့တာမဟုတ်ပဲ ကမ္ဘာကြီး ဒုတိယအကြိမ်ပူနွေးလာပြီး ရေခဲတွေအရည်ပျော်ကျလာလို့ဖြစ်ပါတယ်။ ၃၁ ရာစုရောက်တဲ့အချိန်မှာတော့ စူပါမန်းနဲ့ "Justice League" တို့ဟာ ပြတိုက်ထဲမှာဂုဏ်ပြုတဲ့အနေနဲ့ပြသထားပြီး "Legion of Doom" အဖွဲ့ကိုလည်းပြသထားပါတယ်။အဲထဲမှာ ရေခဲထဲပိတ်မိနေတဲ့ လက်စ်လူသာလည်းပါပါတယ်။"Dawnstar" နဲ့ "Karate Kid" တို့နှစ်ယောက်ဟာ ၃၁ ရာစု မှ ...
movie

JLA Adventures: Trapped in Time (2014)

Superman: Unbound (2013) 6.5
Superman: Unbound (2013) Superman Unbound (2013)IMDb: 6.5/10 Rotten Tomatoes: 100%Superman Unbound ဟာ ၂၀၁၃ ခုနှစ်ထွက် DC Animation ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်းကာရာ(စူပါဂဲလ်) ဟာကမ္ဘာမြေက်ိုရောက်ကာစအချိန်ဖြစ်ပါတယ်။ လိုးဝစ်စ်ကို လူဆိုးတွေဖမ်းသွားလို့ ကယ်လ်(စူပါမန်း) နဲ့ ကာရာလို့လိုက်ကယ်ကြပါတယ်။ကာရာဟာ ကမ္ဘာကိုရောက်လာတာအကြောင်းရှိပါတယ်။ဘရိန်းနီးရာ့ခ် လို့ခေါ်တဲ့ အရာဟာ ဂြိုလ်တိုင်းမှာရှိတဲ့ အဓိကမြို့တွေကိုဖမ်းယူပြီး အသိပညာဉာဏ်ရည်တွေကို စုပ်ယူထားတဲ့ ဉာဏ်ရည်မြင့်သတ္တဝါဖြစ်ပါတယ်။ကာရာ ကမ္ဘာကိုရောက်လာတာကလည်း ကန်ဒေါလို့ခေါ်တဲ့ ခရစ်ပတွန်က မြို့တော် ဘရိန်းနီးရာ့ခ်လက်အောက်ကို ရောက်သွားတာကြောင့် ကာရာရဲ့မိဘ ကယ်လ်ရဲ့ဦးလေးတွေက စိတ်ပူပြီး ကမ္ဘာကိုလွှတ်လိုက်တာဖြစ်ပါတယ်။အကြောင်းဖန်လာတော့ ဘရိန်းနီးရာခ့်ဟာ ကမ္ဘာကိုဦးတည်လာခဲ့ပါတယ်။ကာရာနဲ့ကယ်လ် တို့နှစ်ယောက်ဘယ်လိုမျိုး ဉာဏ်ကြီးရှင် ဘရိန်းနီးရာခ့်ရန်ကနေ ကမ္ဘာကိုကာကွယ်ပေးမှာလဲ။File size…    1 GB /  515 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ..... Animation ...
movie

Superman: Unbound (2013)

Balls of Fury (2007) 5.3
Balls of Fury (2007) Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ ...
movie

Balls of Fury (2007)

Ice Age (2002) 7.5
Ice Age (2002) ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါသုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။  File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… ...
movie

Ice Age (2002)

2002
4K HEVCHDR
Bolt (2008) 6.8
Bolt (2008) Walt Disney Animation Studio ရဲ့၂၀၀၈ ခုနှစ်ထွက် Animationဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာသူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ...
movie

Bolt (2008)

2008
The Blackening (2023) 6
The Blackening (2023) The Blackening (2023)လူဖြူလူမည်းခွဲခြားမှုဇာတ်လမ်းတွေကို ကြည့်ဖူးသလောက် များသောအားဖြင့်လေးနက်ကြတယ် ဇာတ်လမ်းအားဖြင့် ဟဲဗီးဖြစ်ကြတယ်။ ရုပ်ရှင်တွေထဲမှာလဲ ပုံသေကားကျသတ်မှတ်မှုတွေ ခွဲခြားမှုတွေရှိကြတယ်ပေါ့။ ဥပမာ လူသတ်ကားတွေမှာ အရင်ဆုံးသေသွားတာက လူမည်းဇာတ်ကောင်ပဲ။ လူဖြူတွေနောက်ဆုံးအသက်ရှင်ကျန်ဖို့ လူမည်းကအရင်စတေးပေးရသလိုပေါ့။ ဒါပေမဲ့ လူမည်းတွေကရောပြန်ခွဲခြားမှုမလုပ်ဘူးလားဆိုရင်လုပ်တာပဲ။ တစ်ခေတ်တစ်ခါကလူဖြူတွေလုပ်ခဲ့သလိုတော့မဟုတ်ပါဘူး။ မသိမသာခပ်ပါးပါးလေးတွေပေါ့။ ဥပမာ နစ်ဂါဆိုတဲ့စကားဆိုရင် အဖြူက အမည်းကိုခေါ်လို့မရဘူး ဒါပေမဲ့ အမည်းအမည်းအချင်းချင်းသုံးတယ် ပြီးတော့အမည်းကအဖြူကို နစ်ဂါလို့ပြန်ခေါ်ကြတယ်။ တစ်ခါတစ်ရံမှာလဲ ကိုယ်ကမရည်ရွယ်ဘဲ တခြားလူမျိုးကိုခွဲခြားမိတာတွေ ကိုယ့်အချင်းအချင်းမှာပဲ ပြန်ခွဲခြားမိတာတွေလဲရှိတတ်တာပဲ။ ဒီကားထဲတော့ အဲ့လိုအကြောင်းအရာတွေကို တစ်ကားလုံးခွီရင်းကြည့်ရမှာပါ။ အဲ့ဒါအပြင်သည်းထိတ်ရင်ဖိုလဲပါသေးတော့ တော်တော်ပြည့်စုံပြီပေါ့။ဇာတ်လမ်းအကျဥ်းပြောရရင် နစ်ဂါသူငယ်ချင်း၈ ယောက်ပေါ့ ဆယ်နှစ်ကြာမှပြန်ဆုံကြတယ်။ သည်းထိတ်ရင်ဖိုကားတွေထုံးစံအတိုင်း နေရာကောင်းကောင်းကိုမသွားကြဘဲ တောထဲကအိမ်လေးတစ်အိမ်ကိုရွေးလိုက်ကြရော။ အဲ့အိမ်ထဲကိုလဲရောက်တော့ သူတို့ဂိမ်းကစားရတယ်။ ဂိမ်းကလူမည်းနဲ့ပတ်သက်တဲ့အရာတွေကိုမေးပါလေရော။ အဲ့ဒါအပြင်ရုပ်ရှင်ကားတွေနဲ့လဲသက်ဆိုင်နေပါသေးတယ်။ ဥပမာ Friends စီးရီးထဲမှာပါဝင်ခဲ့တဲ့လူမည်းငါးယောက်နာမည်ကိုဖြေပါ။ အဖြေမှန်ရင်မှန် မမှန်ရင်သေပေါ့။ သူတို့လူမည်းစစ်မစစ်ကိုစမ်းနေသလိုပါပဲ။ ဒီဂိမ်းကို စီစဥ်နေတာကဘယ်သူဖြစ်မလဲ။ သူတို့ထဲကတစ်ယောက်ယောက်ပဲလား။ သူတို့ကိုအိမ်ဌားထားတဲ့လူဖြူတွေပဲလား။ ဘယ်သူတွေရောသတ်ခံရမလဲ။ရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်ကြီးရော သူမေးတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းတွေ ဘယ်လောက်ကိုဖြေနိုင်မလဲဆိုတာပါ ဝင်ဖြေကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 1080p | 720p File size… 1.1GB | 560MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar ...
movie

The Blackening (2023)

2023
The Starving Games(2013)
The Starving Games(2013)  The Hunger Games ရုပ်ရှင်စီးရီးကိုတော့တော်တော်များများရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ခရိုင် ၁၂ခုကနေ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်စီ ရွေးချယ်ခံရပြီး ကစားပွဲထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အထိ တိုက်ခိုက်ရတဲ့ ဂိမ်းမျိူးပါ။ယခုတင်ဆက်ပေးလိုက်တဲ့ The Starving Gamesကတော့The Hunger Gamesကို parodyအဖြစ် သရော်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်လမ်းအတိုင်းကိုမှ မထင်မှတ်ထားတဲ့ ဟာသတွေ အများကြီးထည့်ထားတဲ့ အခွီဇာတ်ကားပဲဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ဇာတ်လိုက်မင်းသမီးဟာ သူ့ညီမဖြစ်သူဂိမ်းကစားဖို့အရွေးချယ်ခံလိုက်ရတာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူသူ့ညီမကိုယ်စား ဝင်အရွေးခံခဲ့ရာကနေ ဇာတ်လမ်းစပါတယ်။ဒီလိုနဲ့ ဂိမ်းထဲမှာ ဘယ်လိုတလွဲတွေ ဆက်ဖြစ်ကြမလဲဆိုတာဟာသပေါင်းစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File size…2.29GB / 1.01GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 23m Genre ..... Adventure , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato
movie

The Starving Games(2013)

Shazam! Fury of the Gods (2023) 6.5
Shazam! Fury of the Gods (2023) Shazam! Fury of the Gods (2023)ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, ...
movie

Shazam! Fury of the Gods (2023)

2023
4K HEVC
Scooby-Doo! And Krypto, Too! (2023) 7
Scooby-Doo! And Krypto, Too! (2023) Scooby-Doo! and Krypto, too! (2023) Leaked Version(Official မဟုတ်ဘဲ Leak လာတာဖြစ်တဲ့အတွက် 1080p မရတာကို နားလည်စေချင်ပါတယ်။ 720p တောင်မှ ကြည့်လို့ပြေအောင် ချဲ့ကုတ်ထားရပါတယ်)မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ...
movie

Scooby-Doo! And Krypto, Too! (2023)

2023
Meet the Spartans (2008)
Meet the Spartans (2008) Meet the Spartans (2008)ဒီဇာတ်ကားကတော့ နာမည်ကျော် 300 ဇာတ်ကားကြီးရဲ့ Parody ဗားရှင်းပဲဖြစ်ပါတယ်။ Parody ဆိုတာကတော့ နာမည်ကျော်ဇာတ်ကားကြီးတွေကို ကျောရိုးတည်ပြီး ဟာသတွေလုပ်ပစ်တာမျိုးပါပဲ။ Horror ဟာသကားတွေအနေနဲ့ နာမည်ကြီးတဲ့ Scary Movie 1,2,3,4,5 ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါကနာမည်ကျော်ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေကို ရောသမမွှေပြီး ဟာသလုပ်ထားတဲ့ Parody ကားတွေပဲဖြစ်ပါတယ်။ဘီစီ ၄၈၀မှာ စပါတာဘုရင် လီယိုနိုင်းဒတ်စ်ဟာ အင်အားသုံးရာထဲနဲ့ ဇာဆီရဲ့အင်အားအဆမတန်ကြီးမားတဲ့ ပါရှန်တပ်ကိုရင်ဆိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်စစ်ပွဲကို သာမိုပလေစစ်ပွဲလို့ခေါ်ကြပြီး ၂၀၀၆ ခုနှစ်မှာတော့ နာမည်ကျော်ဒါရိုက်တာကြီး Zack Snyder က ရုပ်ရှင်အဖြစ် ပြောင်မြောက်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အခုတင်ဆက်လိုက်တဲ့ Parody ဗားရှင်းကတော့ 2008 ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး အဲဒီခေတ်က ရေပန်းစားနေတဲ့ အနုပညာရှင်တွေကစလို့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေအပြင် နိုင်ငံရေးသမားတွေအဆုံး တစ်ခုမကျန်သရော်ပြထားတာကိုမြင်ရမှာပါ။အခုခေတ်နဲ့ကြည့်ရင် အဲဒီတုန်းကနာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်ဆယ်လီရပ်ကွက်သတင်းတွေဟာ ခေတ်နောက်ကျသွားပြီဆိုပေမယ့် အသက်အရမ်းမငယ်တော့ဘူးဆိုရင်တော့ ...
movie

Meet the Spartans (2008)

2008
Office Space (1999) 7.7
Office Space (1999) ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ထွက်ရှိခဲ့ပြီး ရုံးခန်းတွေ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပုံတွေနဲ့ အမြင်တွေကိုပါ ပြောင်းလဲသွားစေခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီတစ်ခေါက်တော့ the old time ကိုပြန်လွမ်းဆွတ်သတိရမိစေမဲ့ 20th century fox productionက ထုတ်လုပ်ထားတဲ့ Office Space 1999က အားလုံးနဲ့ရင်းနှီးပီးသားဇာတ်ကားလေးတစ်ကားဖြစ်မှာပါဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ပီတာ ဆမီလ်နဲ့ မိုက်ကယ်တို့ ရုံးအလာကားလမ်းပိတ်ပီး ကိုယ်စီအခက်အခဲဖြစ်နေတာကိုတွေ့ရမှာပါ ပီတာတို့သူငယ်ချင်း ၃ယောက်က Initech လို့ခေါ်တဲ့ software ကုမ္ပဏီမှာ အလုပ်လုပ်ကြပါတယ် Boss ဖြစ်တဲ့ ဘီလ် လမ်ဘာ့ဂ်က အရမ်း bossy ဖြစ်တာကြောင့် ဝန်ထမ်းတွေလဲ လုပ်ရတဲ့အလုပ်ပေါ်မှာ မပျော်ရွှင်ကြပါဘူး တနေ့တော့ပီတာကအလုပ်လုပ်စရာမလိုပဲသူဌေးဖြစ်နိုင်မဲ့နည်းလမ်းတစ်ခုကိုရှာတွေ့သွားရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြဦးမလဲဆိုတာ ဟာသလေးတွေနဲ့အလွဲတွေကိုကြည့်ရှုခံစားရမဲ့အပြင် ဝန်ထမ်းကိုယ်စီရဲ့ရှုထောင့်ကနေ မတူညီတဲ့ခံစားချက် ဝန်ထမ်းတို့ရဲ့ဘဝကို ရသမြောက်အောင်ဖော်ကျူးပေးနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.08GB)  / (630MB) / (282MB) Quality…. Web 1080P ...
movie

Office Space (1999)

Weird: The Al Yankovic Story 7.5
Weird: The Al Yankovic Story Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie

Weird: The Al Yankovic Story

2022