Channel Myanmar

Dick Gordon

Giant (1956) 7.6
Giant (1956)  အေးအေးဆေးဆေးနဲ့ အချိန်ယူပြီးကြည့်ရှုခံစားလို့ကောင်းတဲ့ မိသားစုဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့က Rock Hudson, James Dean နဲ့ Elizabeth Taylor တို အကောင်းဆုံး သရုပ်ဖော်ပေးထားကြပါတယ်။ အဓိကသရုပ်ဆောင်တွေက အသက် ၃၀ တော်မပြည့်ကြ‌ပေမဲ့ လူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ်၊ လူကြီးပိုင်းအရွယ် အရွယ် ၃ ပါးလုံးကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဇာတ်ကြောင်းက လူ့ဘ၀သက်တမ်းတစ်လျှောက် ကြုံတွေ့ရမှာတွေကိုပုံဖော်ထားဝာာကြောင့် ငြိမ့်ငြိမ့်လေးနဲ့ ကြည့်လိုကောင်းပါတယ်။ဘန်းနီဒစ်မျိုးရိုးဟာ တက္ကဆက်မှာ မျိုးရိုးစဉ်ဆက် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာဖြစ်ပြီး မြေ‌ဧကပေါင်း ၅ သိန်းကျော်ပိုင်တယ်တဲ့။ ဘစ်ဘန်းနီဒစ်တစ်ယောက် သားဖောက်ဖို မျိုးသန့်တဲ့မြင်းလာ၀ယ်လို့ လက်စလီတိုမိသားစုဆီမှာ ၂ ရက်တာပဲတည်းခိုခဲ့ပေမဲ့ ဖူးစာပါလာခဲ့တဲ့သူတို့ ၂ ယောက်ဟာ လက်ထပ်ဖြစ်သွားကြပြီး လက်စလီက သိကျွမ်းတာ၂ ရက်ပဲရှိသေးတဲ့ ခင်ပွန်းရဲ့အိမ်ရှိရာ တက္ကဆက်ကို သျှောင်နောက်ဆံထုံးပါသွားခဲ့တယ်။လူမျိုးတွေရောပြီးနေထိုင်ပေမဲ့ အဆင့်အတန်းခွဲခြားတဲ့တက္ကဆက်မှာ လက်စလီတစ်ယောက် ဘယ်လိုမျိုးနေထိုင်မလဲ။ ဘစ်တို့အိမ်အရောက်မှာ ဘစ်တိုရဲ့အလုပ်သမား ...
movie

Giant (1956)

Sabrina (1954) 7.6
Sabrina (1954) ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကိုငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။(၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့“Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းကတစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့်ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက်စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။File size…    3.4 GB /  1.4 GB Quality… BluRay 1080p ...
movie

Sabrina (1954)

It Happened One Night (1934) 8.1
It Happened One Night (1934) It Happened One Night (1934) ====================== IMDb Rating - 8.1/10It Happened One Nightဟာ အော်စကာရဲ့ အဓိကဆုငါးဆုကို ပထမဆုံးရခဲ့တဲ့ ရုပ်ရှင်ပါ။ Outstanding Production, Best Director, Best Actor , Best Actress နဲ့ Best Adaptation ဆုတို့ကို ရရှိခဲ့ပါတယ်။ အော်စကာသက်တမ်းမှာ ၁၉၇၅ မတိုင်ခင် အထိ အဓိကဇာတ်ကောင်၂ယောက်စလုံး ဆုရခဲ့တဲ့ နောက်ဆုံးကား လည်းဖြစ်ခဲ့ပါတယ်။ ၄၁နှစ်ကြာ ဒီနေရာကို ထိန်းထားနိုင်ခဲ့တာပါပဲ။ It's a Wonderful Lifeကို ရိုက်ခဲ့တဲ့ Frank Capraက ရိုက်ထားပြီး လေရူးသုန်သုန်မင်းသား Clark Gableနဲ့ ကလီယိုပါထရာမင်းသမီး Claudette Colbertတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက်စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်တစ်ရာစာရင်းထဲလည်း ခဏခဏပါနေကျ ရုပ်ရှင် လည်းဟုတ်သလို တစ်ခေတ်တစ်ခါရဲ့ မာစတာပိစ်တစ်ကားလည်း ဟုတ် ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ကြိုတင်မမြင်နိုင်ပါဘဲ အရှိန်နဲ့လာ စိုက်တတ်တဲ့ ချစ်ခြင်းတွေအကြောင်းပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ...
movie

It Happened One Night (1934)

1934