Channel Myanmar

Devon Aoki

Mutant Chronicles (2008) 5.2
Mutant Chronicles (2008) Mutant Chronicles (2008)=================="တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။"ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ ...
movie

Mutant Chronicles (2008)

War (2007)
War (2007) ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie

War (2007)

D.E.B.S. (2004) 5.3
D.E.B.S. (2004) အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။(တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ...
movie

D.E.B.S. (2004)

Sin City (2005) 8.0
Sin City (2005) Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie

Sin City (2005)

2005
1080p HEVC
DOA: Dead or Alive (2006) 4.8
DOA: Dead or Alive (2006) DOA: Dead or Alive (2006) --------------------------- ၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းကကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်..မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ...ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံးသေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့..တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကိုDOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်.တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက်ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေးလေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake
movie

DOA: Dead or Alive (2006)

2006