Channel Myanmar

DeVille Vannik

Inside Man: Most Wanted (2019) 5.8
Inside Man: Most Wanted (2019)  ဘရန်စတူးဝဒ် က FBI မှာ အလုပ်လုပ်နေတဲ့ ဓားစာခံညှိနှိုင်းရေးအရာရှိဖြစ်ပြီး ဓားစာခံညှိနှိုင်းရေးနဲ့ပတ်သတ်တဲ့ အတန်းတွေကိုလည်း ပို့ချနေသူပါ။ရမ်မီ ကတော့ နယူးယောက်ရဲတပ်ဖွဲ့မှာလုပ်ကိုင်နေတဲ့ ဓားစာခံညှိနှိုင်းရေးမှူးဖြစ်ပြီး ဓားစာခံခေါ်ထားတဲ့ ပြစ်မှုကျူးလွန်သူတွေနဲ့ ညှိနှိုင်းရာမှာ ကျွမ်းကျင်လွန်းသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ အမေရိကရဲ့ ဗဟိုဘဏ်ကြီးကို ဓားပြတစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး အထဲမှာ ဓားစာခံတွေကိုပါ ထိန်းသိမ်းထားလိုက်ပါတော့တယ်။နိုင်ငံနဲ့ဆိုင်တဲ့ အမှုဖြစ်သွားလို့ နယူးယောက်ရဲတပ်ဖွဲ့နဲ့တင်မပြီးတော့ဘဲ FBI က အေးဂျင့် စတူးဝဒ် တို့ပါ ရောက်လာရပါတယ်။ဒီဘဏ်ဓားပြတွေကရော ဘယ်သူတွေလဲ၊ သူတို့ရည်ရွယ်ချက်က ဘာလဲ၊ ဘာကြောင့် ဗဟိုဘဏ်ကိုမှ ဓားပြတိုက်ရသလဲ။အေးဂျင့်စတူးဝဒ် နဲ့ စုံထောက် ဘရန်တို့ရော ဓားစာခံတွေကို အန္တရာယ်မဖြစ်စေဖို့ ဓားပြတွေနဲ့ ညှိနှိုင်းနိုင်ပါ့မလား။ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size… (1.74 GB) / ( 1.00 GB) Quality… WEB-DL 1080p HEVC /720p Format…mkv ...
movie

Inside Man: Most Wanted (2019)

Novocaine (2025) 6.7
Novocaine (2025)  The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ဇာတ်ကားနာမည် Novocaine ဆိုတာကတော့ထုံဆေးတစ်မျိုးရဲ့ နာမည်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့Congenital Insensitivity to Pain withAnhidrosis (CIPA) မွေးရာပါ နာကျင်မှုကိုမခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါရှိနေတာပါ။ ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာအသက် ၂၅ ကျော်တာ ရှားပါတယ်။ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက်ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိအစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိနိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကတော့ အရမ်းကို သတိကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲသောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာလက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်။ဘဏ်မှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိပြီးခါမှ ဘဏ်ကို ဓားပြတိုက်ခံရပြီး သူ့ကောင်မလေးကိုဓားစာခံအဖြစ် ဖမ်းခေါ်သွားကြပါတယ်။ဘာမှ တိုက်ခိုက်တတ်တာမရှိပေမဲ့ ဘာလုပ်လုပ် မနာတဲ့ကောင် ပြုတ်မနူးဆိုတော့ ကားတစ်စီးနဲ့ ဓားပြတွေကိုနောက်က လိုက်ကျုံးပြီး ကောင်မလေးကို ကယ်ဖို့ကြိုးစားရပါတော့တယ်။အဓိကကြည့်ရမှာကတော့ ...
movie

Novocaine (2025)

4K HEVC
The Fix (2024) 5.0
The Fix (2024)  ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာတစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်းအကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့်လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ်ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင် ပြေးပေါက်မရရအောင်ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေတပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှတစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေက ကြီးထွားသထက်ကြီးထွားလာပါတယ်။ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReumဆိုတဲ့ ဆေးတစ်မျိုးဟာ တစ်လုံးသောက်လိုက်တာနဲ့၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဓိကပစ္စည်းကိုလျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်...ဒါပေမဲ့လည်း ငွေကုန်ကြေးကျခံနိုင်တဲ့ လူချမ်းသာတွေအတွက်သာထုတ်လုပ်ထားသလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့သူတွေကဒီဆေးကိုဝယ်မသောက်နိုင်ကြပါဘူး။တစ်ဖက်မှာလည်း အဲဒီကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးတဲ့အယ်လာဟာ လှပပေမဲ့ သူ့အမေဖြစ်သူရဲ့အရှိန်အဝါကြောင့်လူကြိုက်ခံရလို့ သူ့ဘဝကို အားရမှုမရှိလှပါဘူး...အမြဲတမ်းအတုအယောင်တွေကြားထဲမှာ ရှင်သန်နေရတဲ့အတွက်စိတ်ဆင်းရဲနေရပါတယ်...တစ်နေ့မှာတော့ သူ့ကောင်လေးဖြစ်သူရဲ့ပါတီပွဲကိုရောက်သွားပြီးသူ့ကောင်လေးလွတ်ကျကျန်ခဲ့တဲ့ ဘာမှန်းမသိတဲ့ ဆေးတောင့်လေးတစ်တောင့်ကို သောက်မိတဲ့အချိန် သူ့တစ်ကိုယ်လုံးမှာ ထူးဆန်းတာတွေဖြစ်လာပါတယ်...ရုပ်အသွင်အပြင်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်လာပေမဲ့လည်းသူ့ခန္ဓာကိုယ်က ...
movie

The Fix (2024)

Kite (2014)
Kite (2014)  ဖြူနွဲ့နွဲ့ ကောင်မလေးတစ်ယောက်နဲ့  ယောကျာ်းတစ်ယောက်ဟာအတူတွဲပြီးတော့ တိုက်ခန်းတစ်ခန်းပေါ်ကိုတတ်လာကိုတွေ့လိုက်ရတယ် ..အတူပါလာတဲ့ယောကျာ်းကရိုင်းစိုင်းသလိုကောင်မလေးကလဲ မလိုက်ချင်ပေမယ့် ခေါ်ရာကိုမျက်စိမှိတ်လိုက်လာရတဲ့အနေအထားမျိုးပေါ့..ကောင်မလေးနာမည်က ဆာဝါတဲ့....ချစ်စရာရုပ်လေးနဲ့ ခပ်သေးသေးကိုယ်လုံးပိုင်ရှင်ဒီကောင်မလေးက တကယ်တမ်းကျတော့ သူ့ရဲ့ဘဝပေးကံတရားကမထင်ထားရလောက်အောင်ကိုကြမ်းတမ်းခဲ့တဲ့သူပါ.  သူမရဲ့ငယ်ဘဝကတည်းကရက်စက်စွာအသတ်ခံခဲ့ရတဲ့မိဘနှစ်ပါးအတွက်လက်စားချေတုန့်ပြန်ဖို့ အမြဲ စဉ်စားနေသူပါ..သူမရဲ့  လက်စားချေမဲ့ အစီအစဉ်တွေအောင်မြင်နိုင်ပါ့မလား.ဘယ်သူက သူ့မိဘတွေကိုသတ်တာလဲ .သူမမိဘတွေကရောဘာကြောင့် အသတ်ခံရတယ်ဆိုတာကိုသိလိုက်တဲ့အချိန်မှာရော သူမအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ရုပ်ရှင်တွေတိုင်းမှာ MFလို့ဆဲတာကသူ့ရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ Samuel L Jacksonကဆာဝါကိုတစ်ဖက်ကနေကူညီစုံစမ်းပေးနေတဲ့သူနေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်.   File size…1.23GB / 500MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Kite (2014)

Deep Blue Sea 3 (2020) 4.6
Deep Blue Sea 3 (2020) ဒီနှစ်တွေအများကြီးထဲမှာ ငါးမန်းကားတွေအများကြီးထွက်ခဲ့တယ်..ငါးမန်းကားတွေအကုန်လုံးကလည်း ငါးမန်းရှိတဲ့နေရာဒါမှမဟုတ် ငါးမန်းက နေရာကိုရောက်လာပြီး အကုန်လုံးကို ကိုက်သတ်တယ်ပြီးတော့လူတွေက ငါးမန်းကိုပြန်ပြီးသတ်တယ် ဆိုတဲ့ပုံစံနဲ့ဇာတ်ကားမျိုးတွေပါပဲ...ဒီတစ်ခါ ငါးမန်းကားကတော့ အဲဒီလိုငါးမန်းကားမျိုး မဟုတ်ပဲထူးထူးခြားခြားငါးမန်းကားမလို့ တင်ဆက်ပေးလိုက်ပါတယ် ..ရာသီဥတုပြောင်းလဲမှုကြောင့်ရေအောက်သတ္တဝါတို့ရဲ့ပြောင်းလဲမှုကိုလေ့လာနေတဲ့ဒေါက်တာ ကိုလင်းဟာ မိုဇမ်ဘိ ရဲ့ ရေနက်ပိုင်းမှာ ငါးတွေရဲ့ အလေ့အထကိုလေ့လာရင်းလူတွေကိုဗဟုသုတ မျှဝေပေးနေပါတယ်။အဲဒီရာသီဥတုပြောင်းလဲမှုမှာ ပြောင်းလဲသွားပြီးဓလေ့ပိုင်းပြောင်းလဲနေတဲ့ ငါးမန်းတစ်ချို့လည်းရှိနေပါသေးတယ်။အဲဒီငါးမန်းတွေကို လိုက်လံကာလေ့လာနေတဲ့လူတစ်စုနဲ့ ဒေါက်တာကိုလင်းနဲ့ တွေ့ကြတဲ့အခါ ....အဲဒီလေ့လာနေတဲ့လူတစ်စုကရော ဘယ်လိုလူမျိုးတွေလဲ...ဒေါက်တာကိုလင်းဟာလည်း ငါးများကိုလေ့လာနေပြီးငါးများကိုကာကွယ်မှုပြုလုပ်နေသူပီပီ ဘယ်လိုမျိုး အတွေ့အကြုံတွေကိုကြုံရမလဲအဲဒီရာသီဥတုပြောင်းလဲမှုကြောင့်ဓလေ့ပြောင်းလဲနေတာက ငါမန်းတွေရောဟုတ်ရဲ့လား ...သူတို့ကရော ဘယ်လိုပြောင်းလဲသွားတာလဲဆိုတာက...ဒေါက်တာကိုလင်းတစ်ယောက် အသစ်အသစ်သောမျိုးစိတ်တွေကိုတွေ့လိုက်ရတဲ့အချိန်ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြပါဦး။ File Size : ( 938 MB , 340 ...
movie

Deep Blue Sea 3 (2020)

The Last Days of American Crime 6.2
The Last Days of American Crime   ဒီတစ်ခေါက်မှာတော့ စီအမ် ပရိတ်သတ်ကြီးအတွက် ဇွန်လ ၅ ရက်နေ့ကမှ ထွက်ထားတဲ့ ဇာတ်ကြမ်းကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ဂရေဟမ် ဘရစ် ရယ် ရှဲဘီ ဒူပရီး ရယ် ကီဗင် ကတ်ရှ် တို့ က ရဲ့ အကွက်ချပြီး ဘဏ်တိုက်ဖောက်ဖို့ကြိုးစားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဂရေဟမ် ဘရစ်က တစ်ယောက်တည်းကျန်ခဲ့တဲ့ ကြေးစားလူမိုက်လိုဖြစ်နေတာ သူ့ကို ဒူမိုးရစ် မိသားစုက လိုက်သတ်နေတယ် ဒူမိုးရစ် ရဲ့ သားက ကီဗင်ကတ်ရှ် ဒီကောင်ကလည်း သူ့အဖေနဲ့ ရန်သူလိုဖြစ်နေတာ သူ့ကောင်မလေးက ဒူပရီး အဲ့ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး ပြည်သူတွေကို အေပီအိုင် ဆိုတဲ့ အာရုံကြောကို ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုကို အစိုးရက အကောင်အထည်ဖော်နေတယ် ဒါကိုပြည်သူတွေက လက်မခံဘူး ဆန္ဒတွေပြကြတယ် ကနေဒါကို ထွက်ပြေးကြတယ် ထွက်ပြေးတဲ့သူတွေကို အစိုးရက ဖမ်းတယ် ထောင်ချတယ် အဲ့ဒီအခါ ပိုပြီး ဆန္ဒပြမှုတွေပြင်းထန်လာတယ် ဒါကို အစိုးရကလည်း လက်မလျော့ဘူး ဆက်ပြီး အကောင်အထည်ဖော်တဲ့ အေပီအိုင် စနစ် ချပ်စ် ပြားလေးကို လူတွေရဲ့ ဉီးနှောက်ထဲထည့်ရင် ...
movie

The Last Days of American Crime

2020