Channel Myanmar

Desmin Borges

Valiant One (2025) 5.2
Valiant One (2025)  Valiant One (2025)IMDb Rating (5.2) / Rotten Tomatoes (33%) အက်ဒဝပ် ဘရော့ခ်မန်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ နည်းပညာရှင်တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ဆယ်ဘီကတော့ သူနဲ့ ရာထူးအဆင့်တူတဲ့ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ဟာ တောင်ကိုရီးယားပိုင်နက်မှာ တခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ မြေအောက်ခြေရာခံစက်ချို့ယွင်းမှုကို စစ်ဆေးဖို့အတွက် သာမန်စစ်ဆင်ရေးတစ်ခုအနေနဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ နည်းပညာချို့ယွင်းမှုကို စစ်ဆေးပြီး ပြန်အလာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့ပြီးသူတို့ရဲ့ခေါင်းဆောင်ဗိုလ်မှူးက အပြင်းအထန်ဒဏ်ရာရပြီး ရှေ့ဆက်သွားဖို့မဖြစ်နိုင်တဲ့အတွက် ဘရော့ခ်မန်းကို ဦးဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတော့တယ်။သူတို့ဟာ ဂြိုဟ်တုဖုန်းနဲ့ အခြေစိုက်စခန်းကို လာရောက်ကယ်ဆယ်ပေးဖို့ စစ်ကူတောင်းခံတဲ့အခါ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတော့တယ်။အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်နက်ကို ဝင်တာနဲ့ စစ်ကြေညာတဲ့သဘော သက်ရောက်သွားမှာဖြစ်တဲ့အတွက်မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်ခြားမျဉ်းက ကိုဩဒိနိတ်တစ်ခုကို အရောက်လာခဲ့မှသာလျှင် ကယ်ထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ဒီတော့ သူတို့တွေ မြောက်ကိုရီးယားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Valiant One (2025)

2025
4K HEVC
Mr. Popper’s Penguins (2011) 6.0
Mr. Popper’s Penguins (2011) ဒီဇာတ်ကားကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။အချစ်တော်မင်းသား Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားကောင်းတစ်ကားဖြစ်ပြီးအတော်လေးသဘောကျဖို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ခရစ္စမတ်ကာလမှာ ကြည့်လို့သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။၁၉၃၈ ခုနှစ်ထွက် ကလေးဖတ်ပုံပြင်စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်။ဟာသတွေကရယ်ရသလို တကယ်တမ်းပြန်တွေးကြည့်ရင် ဝမ်းနည်းစရာကောင်းသလို၊ ပီတဖြစ်ရမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံဖို့ အကြံပေးပါတယ်။ဇာတ်ညွှန်းပေါ့ပါ ဆိုတာကတော့ အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်၊ ဒါပေမယ့် အလုပ်ကို အရမ်းစွဲလမ်းလွန်းတယ်။ခင်ဗျားတို့မှာ ဘဝရယ်လို့ ဖြစ်လာရင် ရွေးချယ်စရာနှစ်ခုရှိလာတယ်။တစ်ခုက မိသားစုကိုအချိန်ပေးမယ်၊ အဲဒါဆို အလုပ်လစ်ဟင်းမယ်။နောက်တစ်ခုက အလုပ်ကိုဖိလုပ်မယ်၊ ပိုက်ဆံရှာမယ်ဆို မိသားစုအရေးကွက်မယ်။ပေါ့ပါဟာ အလုပ်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် မိသားစုမှာတော့ ဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပါဘူး။သူ့ရဲ့အဖေဟာလည်း သူငယ်ငယ်ကတည်းကခရီးတွေပတ်သွားနေပြီး သေချာတောင်အတူတူမနေခဲ့ရပါဘူး။ဒီလိုနဲ့တစ်နေ့မှာ ပေါ့ပါရဲ့အဖေဟာဆုံးသွားခဲ့ပြီး ပေါ့ပါကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။အဲဒါကတော့ ပင်ဂွင်းလေးတစ်ကောင်ပါ။နဂိုကမှ အလုပ်ကိုဖိလုပ်လွန်းလို့ ကျန်တာခေါင်းထဲသိပ်မထည့်နိုင်တာကတကြောင်း၊ အဖေက သူ့ကို သေချာလည်းလာမတွေ့ဘူးဆုံးတော့လည်း အရေးမပါတဲ့ လက်ဆောင်ကြီးပို့လိုက်တယ်ဆိုပြီး စိတ်တိုတာကတကြောင်းနဲ့ ပင်ဂွင်းကိုပြန်ပို့ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးတာလား ကောင်းတာလားတော့မသိဘူး နောက်ထပ်ပင်ဂွင်းတွေပါထပ်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါ့ပါတစ်ယောက် ပင်ဂွင်းတွေနဲ့ ဘယ်လိုများ နှစ်ပါးသွားကြမှာလဲ။အတော်လေးကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားမလို့ ကြည့်ဖို့အကြံပေးပါတယ်။ File Size ...
movie

Mr. Popper’s Penguins (2011)

Hangdog (2023) 7.1
Hangdog (2023)  ဒီဇာတ်ကားလေးကတော့ ဟာသနဲ့ ဒရာမာကို အချိုးကျကျရောစပ်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကား ကြည့်ချင်တဲ့သူတွေအတွက် မိနစ် ကိုးဆယ်ကျော်ကျော််လေးအတွင်းမှာအရသာခံပြီး ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဝေါ့ ဆိုတဲ့လူတစ်ယောက်ဟာ သူ့ ကောင်မလေးနဲ့အတူ အိမ်ပြောင်းလာရင်းမြို့အသစ်မှာ အခြေချရပါတယ်။ ဝေါ့ဟာ ရှပ်ပြာပြာနဲ့ စိုးရိမ်ပူပန်တတ်တဲ့သူ ပီပီ အဲဒီမှာ ပြဿနာတွေ တက်ပါတော့တယ်။တစ်ရက်မှာ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ သုံးရက်တာ ခရီးထွက်သွားရတဲ့အခါ ဝေါ့ရဲ့ ကောင်မလေးက သူ့ရဲ့ခွေးကို ဂရုစိုက်ဖို့ဝေါ့ကို မှာထားခဲ့ပါတယ်။ ဒါပေမဲ့ ပထမရက်မှာပဲ ခွေးက အခိုးခံလိုက်ရပြီး ပျောက်ဆုံးသွားတဲ့အခါ ခွေး မချစ်တတ်တဲ့ ဝေါ့တစ်ယောက် ခွေးကို အဆုံးရှုံးခံလိုက်ရမလား ..ဒါမှမဟုတ် သူ့ကောင်မလေးကိုရောပါ သူ့အနေနဲ့ ဆုံးရှုံးလိုက်ရမလားဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဘဝမှာ စိုးရိမ်ပူပန်မှုတွေနဲ့ လုံးထွေးရင်း ကိုယ့်ရဲ့ အကြောက်တရားတွေ .. စိတ်မလုံခြုံမှုတွေကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ ကိုယ့်ပတ်ဝန်းကျင်က ...
movie

Hangdog (2023)

Appendage (2023) 5.5
Appendage (2023) ဒီဇာတ်ကားက ၂၀၂၃ထွက် horror ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်​သေ​ကြောင်းကြံစည်ဖူးသလိုအလုပ်မှာလည်း အဆင်မ​ပြေတဲ့ ဟန်နာတစ်​ယောက် သူ့ရဲ့ဗိုက်​​ပေါ်ရှိတဲ့ ​​မွေးရာပါအမှတ်က အနာတစ်ခုလိုဖြစ်လာရင်း သာမန်အနာလိုမဟုတ်ဘဲ သူ့ဗိုက်ထဲက​နေ ကိုယ်ပွားတစ်​ကောင် ပွားထွက်လာသလိုထူးဆန်းတဲ့သတ္တဝါတစ်​ကောင် ထွက်လာပါတယ်။စကား​ပြောတတ်သလို ဟန်နာရဲ့ စိတ်ဒဏ်ရာ​တွေကို ​ပြော​တတ်တဲ့အဲဒီ​ကောင်ကို ဟန်နာက ဖမ်းချုပ်ထားပြီး အင်တာနက်​မှာရှာကြည့်တဲ့အခါ အ​မေဗိုက်ထဲမှာ ကိုယ့်ရဲ့အမြွာသ​န္ဓေသားကို ကိုယ့်ကိုယ်ထဲစုပ်ယူလို့ဖြစ်တတ်တဲ့ ဒီအန်​အေတွဲ ၂ ခုပိုင်ရှင်တွေ ဖြစ်​နိုင်တဲ့​ရောဂါဆိုပြီး ​တွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့လိုမျိုး ဒီအန်​အေတွဲ ၂ခုပိုင်ရှင်၊ကိုယ်ပွား​ကောင်​တွေ ထွက်ဖူးသူ​တွေဖွဲ့ထားတဲ့ အဖွဲ့ကိုသွား​တွေ့ရင်းသူမထင်ထားတဲ့ဖြစ်ရပ်​တွေ ကြုံလာရပါ​တော့တယ်။  File size…1.05GB / 496MB Quality…WEB-DL  1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy  , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Appendage (2023)

Compliance (2012)
Compliance (2012) ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဖြစ်ပွားခဲ့‌တဲ့အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အသင့်စား စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ဆန်ဒရာဟာ ရဲအရာရှိဟန်ဆောင်ထားတဲ့ သူတစ်ယောက်ရဲ့ ဖုန်းကိုလက်ခံရရှိကာ ထိုသူခိုင်းတဲ့အတိုင်း ဆိုင်ဝန်ထမ်း ဘက်ကီကို သံသယရှိသူအနေနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ပါတော့တယ်။ ဆန်ဒရာကဆိုင်ရဲ့အလုပ်ကိစ္စတွေဖြေရှင်းဖို့လိုလာတဲ့အခါ အခြားသူတွေကို သူ့နေရာမှာ လူစားထိုးကာ ဘက်ကီကိုစောင့်ကြည့်ခိုင်းပါတော့တယ်။တဖြည်းဖြည်းနဲ့ အရာရှိယောင်ဆောင်သူရဲ့ ခိုင်းစေချက်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာသောအခါ ဒီလိုကျူးလွန်မှုမျိုးတွေက တစ်နေရာမကဖြစ်နေသောအခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.2 GB)/(600MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Compliance (2012)

Shotgun Wedding (2023) 5.8
Shotgun Wedding (2023) Shotgun Wedding (2023)ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB ...
movie

Shotgun Wedding (2023)

2023
Cherry(2010) 6.7
Cherry(2010) Cherry (2010)=============IMDb 6.7 / Rotten Tomatoes 64%စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦးဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ AmericanComedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်းလို့တော့ မထင်လိုက်ပါနဲ့ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန်တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကိုယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါလက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာတစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ပါတော့တယ်သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအားမြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါတော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ်သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာအယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ်တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကိုတစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက်သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာဗျာများရင်း...ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ...စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy ...
movie

Cherry(2010)

Tower Heist(2011) 7.0
Tower Heist(2011) Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင်  အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie

Tower Heist(2011)

Private Life (2018) 7.2
Private Life (2018) "အံဝင်​ခွင်​ကျ ဆု​တောင်းသမျှ ပြည့်​စုံ​အောင်​ဘယ်​ဘုရားမှ မစွမ်းနိုင်​ဘူး" ဆိုသလိုသိပ္ပံပညာ​တွေ ဘယ်​​လောက်​ပဲ တိုးတက်​တိုးတက်​ လူ​တွေရဲ့ အလိုဆန္ဒ​တွေကိုလုံးဝဥသုံ ဖြည့်​ဆည့်​နိုင်​စွမ်း မရှိပါဘူး။ဖန်​ပြွန်​သ​န္ဓေအစရှိသဖြင့်​...ဘယ်​လိုနည်းပညာ​တွေ​ပေါ်​ပေါ်လူသားရဲ့ လိုအပ်​ချက်​တို့အတွက်​လစ်​ဟာတဲ့ သဘာဝ တရား​တော့ ကျန်​တာပါပဲ။စာ​ရေးဆရာနဲ့ ပြဇာတ်​ဒါရိုက်​တာလင်​မယားနှစ်​​ယောက်​ဟာအသက်​အ​တော်​လွန်​မှ က​လေးရဖို့ကြိုးစားကြပါသတဲ့။ယောကျာ်းဘက်​က လိုအပ်​ချက်​ရှိလိုက်​မိန်းမဘက်​က လိုအပ်​လျက်​ရှိလိုက်​နဲ့က​လေးမရနိုင်​ပဲပိုးသားကုန်​ ​မောင်​ပုံ​စောင်းမတက့်​ဖြစ်​​နေကြရသတတ်​။အလိုဆန္ဒနဲ့ ပက်​သက်​ရင်​​မျှော်​လင့်​ချက်​နဲ့ ဇွဲ​လျှော့နိုင်​ခဲ့တဲ့လူသားတို့ရဲ့ ဘာသာ သဘာဝတစ်​ပါးသူရဲ့ မမျိုးဥကို ​ယောကျာင်္းရဲ့သုတ်​နဲ့​ရောပြီးမိန်းမက ကိုယ်​ဝန်​​ဆောင်​ဖို့ မျိုးဥ အလှူရှင်​ရှာရင်းညီရဲ့ မယားပါသမီး တူမ​လေးရဲ့မျိုးဥကို သုံးဖို့ ဖြစ်​လာခဲ့ပါတယ်​တဲ့။ဒီလိုနဲ့...ဥတစ်​လုံးကို အ​ကြောင်းပြုရင်းမိသားစုနှစ်​ခုကြားထဲကDrama တစ်​ချို့ဖြစ်​တည်​ခဲ့ပါသတဲ့။ဖန်​ပြွန်​သ​န္ဓေအ​ကြောင်း သိသင့်​သ​လောက်​သိရမဲ့ ကားဖြစ်​သလို...သားသမီးယူုခြင်း မယူခြင်းနဲ့ ပက်​သက်​ပြီးအမြင်​တစ်​ခု ထည့်​​ပေးသွားတဲ့Netflixရဲ့ ပညာ​ပေးကား​လေး ဖြစ်​ပြီးR rate ရထားတဲ့အတွက်​၁၈နှစ်​​အောက်​ မကြည့်​ရပါသတတ်​။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ဆရာအူးဝီရ ပါ) File Size : (950 MB) and (390 MB) Quality : NF WEB-DL 720p Running Time : ...
movie

Private Life (2018)

2018