Channel Myanmar

Dervla Kirwan

The Keeper (2018) 7.5
The Keeper (2018) The Keeper(2018)IMDb....7.5ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ထရော့မန်း...ဂျာမန်လူမျိုး... ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ... ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ...ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်...အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်...အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့...ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး...ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့...အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 ...
movie

The Keeper (2018)

Silent Hours (2021) 5.5
Silent Hours (2021) Silent Hours (2021)===============IMDb Rating - 5.8/10ဂျွန်ဒူဗယ်ဟာ ရေတပ်အရာရှိဟောင်းဘဝကနေအနားယူပြီး အလွတ်စုံအဖြစ် ကျင်လည်နေတဲ့သူတစ်ယောက်ပါ။သူနေထိုင်တဲ့မြို့မှာ ရုတ်တရက် အမျိုးသမီး ၃ ယောက်ဟာ ကွင်းဆက်လူသတ်သမား Psychopath တစ်ယောက်ရဲ့လက်ချက်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အပြင် ကိုယ်အင်္ဂါဖြတ်တောက်ပြီး ရက်စက်စွာအသတ်ခံလိုက်ရပါတယ်။ဖြစ်ချင်တော့ ထိုအမျိုးသမီး ၃ ယောက်ဟာ ဂျွန်ဒူဗယ်အလွတ်စုံထောက်အနေနဲ့ စောင့်ကြည့်ဖူးတဲ့သူတွေဖြစ်နေတာကိုရဲတွေသိသွားတဲ့အခါမှာ ဂျွန်ဟာအဓိကသံသယရှိသူတစ်ယောက်ဖြစ်လာပါတော့တယ် ... ဂျွန်တစ်ယောက်ကလည်း သူ့ကိုစောင့်ကြည့်ခံနေရတဲ့ အခြေအနေကနေမှ လှုပ်ရှားရင်း တရားခံကိုဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။PG 16+ လောက် Rating ရှိတဲ့ British ရုပ်ရှင်တစ်ခုဖြစ်ပြီး သွေးထွက်သံယိုခန်းတွေအပြင် အိပ်ယာပေါ်ကအခန်းတွေလည်းပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ မသင့်ပါဘူး။ ဒါပေမယ့် ဇာတ်ကားက ၂ နာရီခွဲကြာချိန်အတွင်းမှာ Client နဲ့ Therapistကြား စကားပြောခန်းသဘောမျိုးနဲ့ တဖြည်းဖြည်းဆွဲခေါ်သွားတဲ့ Crime Thriller ကားကောင်းတစ်ကားဖြစ်ပြီး သင်ကSherlock Holmes ဇာတ်လမ်းတွဲတွေလိုမျိုး British စုံထောက်ဇာတ်လမ်းတွေ ...
movie

Silent Hours (2021)

2021