Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Denver Pyle
8.1
The Man Who Shot Liberty Valance (1982)
ဒီရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ ဂျွန်ဖို့ဒ် ရိုက်ကူးခဲ့တဲ့ အနောက်တိုင်းဂန္တဝင်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ဥပဒေသမားလေး ရန်ဆမ် စတောဒတ် နဲ့ ဥပဒေဆို မထီမဲ့မြင်ပြုပြီး ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ လစ်ဘာတီ ဗဲလန့်စ် ကြားထဲက ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အထက်လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆမ် စတောဒတ် ဟာ သူ့နယ်မြို့လေးကို ချစ်ဇနီး ဟယ်လီ နဲ့အတူ ပြန်ရောက်လာပါတယ်။ လာရင်းကတော့ ရန်ဆမ်ရဲ့ သူငယ်ချင်း ဇာပနအတွက်ပါ။ အဲဒီမှာ သတင်းထောက်သမားတွေက အထက်လွှတ်တော်အမတ်တစ်ယောက်က နယ်မြေလေးကို ဒုန်းဆိုင်းပြန်လာရတဲ့အကြောင်းရင်းကို သိချင်ဇောနဲ့ အင်တာဗျူးဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရန်ဆမ့် အနေနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးဖြစ်တဲ့ "လစ်ဘာတီ ဗဲလန့်စ် ကို ပစ်ခဲ့သူ" အကြောင်း ပြန်ပြောပြဖို့ရာ အကြောင်းဖန်လာပါတော့တယ်...ဒီရုပ်ရှင်ဟာဆိုရင် ရန်ဆမ် စတောဒတ် နဲ့ သူ့သူငယ်ချင်း၊ နောက်ပြီး ဟယ်လီတို့ ...
movie
The Man Who Shot Liberty Valance (1982)
7.0
Maverick (1994)
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie
Maverick (1994)
7.9
Bonnie and Clyde (1967)
ဖြစ်ရပ်မှန်ဇာတ်လမ်းအများစုထဲကမှအစောပိုင်းမှာအအောင်မြင်ဆုံးလို့ပြောလို့ရတဲ့1930လောက်ကလမ်းဓားပြစုံတွဲBonnie Parkerနဲ့Clyde Barrowတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်၂ဝဝဝခုနှစ်ဖွားအများစုသာမသိလောက်မယ့်ဇာတ်လမ်းဖြစ်ပြီးကျန်တဲ့သူတွေအတွက်တော့အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးဗျာClydeဟာမွေးကတည်းကမကောင်းခဲ့သလိုထောင်ကျပြီးပြန်ထွက်လာတဲ့အချိန်မှာလည်းမကောင်းခဲ့ပါဘူးအဲ့လိုဖြစ်နေတာတောင်သူ့အတွက်The right oneဖြစ်လာမယ့်Bonnieကိုတွေ့အောင်ရှာနိုင်ခဲ့ပါတယ်ရှာတွေ့ရုံနဲ့လည်းသူမရပ်ခဲ့ပါဘူးသူ့ဘက်ကသဘောထားနဲ့သူ့ကိုဘာလို့လက်ခံသင့်လဲဆိုတာကိုပါတစ်ခါတည်းရှင်းပြပါတော့တယ်သေမထူးနေမထူး ဘယ်အချိန်မှာမဆိုသေသွားနိုင်တဲ့သူ့အရောင်မဲ့ဘဝထဲကိုBonnieဆိုတဲ့အရောင်စုံမိန်းကလေးတစ်ယောက်နဲ့ပြီးပြည့်စုံစေခဲ့ပါတယ်ပုံမှန်အသက်ရှင်ရတဲ့နေ့ရက်တွေကိုငြီးငွေ့နေတဲ့လူတွေဖြစ်နေတဲ့အလျောက်ကိုယ့်ကိုကိုယ်ဂရုမစိုက်ပဲကိုယ်ချစ်ရတဲ့လူကိုပဲစုံလုံးကန်းကာကွယ်ပေးနေမှုတွေဟာဇာတ်လမ်းကိုမအီသွားစေတဲ့အပြင်ရှိတ်စပီးယားရဲ့ပြဇာတ်ကိုကျော်လွန်သွားစေတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်စားပွဲထိုးမလေးBonnieဟာတစ်နေ့တာလုပ်စရာရယ်လို့မယ်မယ်ရရမရှိတဲ့ဘဝမှာမမျှော်လင့်ပဲရောက်လာတဲ့Clydeကသူ့ရဲ့နေမင်းကြီးဖြစ်ခဲ့ပါတယ်လူစိမး်ကောင်ရယ်လို့မယုံခဲ့ပေမယ့်သူ့အတွက်The right oneဖြစ်နေမှန်းသိတာနဲ့Bonnieဟာမျက်စိမှိတ်ပြီးအချစ်ခေါ်ရာနောက်လိုက်မိပါတော့တယ်အချစ်ဇာတ်လမ်းရယ်တော့မဟုတ်ပါဘူးနှစ်ယောက်ပေါင်းပြီးကျန်တဲ့သူတို့အဖွဲ့ဝင်တွေဘဏ်ဓားပြတိုက်ကြမယ့်ခပ်ညစ်ညစ်မှုခင်းကားပဲဖြစ်ပါတယ်ဇာတ်လမ်းဟာNew Hollywoodရဲ့aestheticဖြစ်နေတဲ့ကာလမှာရိုက်ထားတာကြောင့်ကြည့်ရတဲ့လူတွေအတွက်အဘက်ဘက်ပြည့်စုံနေစေပါတယ်တကယ့်ကျွန်တော်တို့လက်တွေ့ဘဝမှာလည်းကိုယ့်ရဲ့the right oneနဲ့တွေ့ရင်လက်မနှေးကြပါနဲ့:3အော်စကာနှစ်ဆုရထားတဲ့အကောင်းတကာ့အကောင်းတွေထဲကကားကောင်းတစ်ကားဖြစ်တာကြောင့်အချိန်ပေးပြီးကြည့်လိုက်ပါ အချိန်ကုန်ရကျိုးနပ်စေမယ့်အပြင်ဘဝနဲ့ပတ်သတ်တဲ့သင်ခန်းစာတချို့ကိုပါရကောင်းရနိုင်ပါလိမ့်မယ်Translated by Aye ChansuEncoded by sithu
movie
Bonnie and Clyde (1967)
1967