Channel Myanmar

Dennis Dun

Big Trouble in Little China (1986) 7.2
Big Trouble in Little China (1986) မင်းသားကြီး Kurt Russell ရဲ့ 1986 ခုနှစ်ထွက် သဘာဝလွန် ဟာသအက်ရှင်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ခ်ဘာတန် (Kurt Russell) ဟာ ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပြီးအချိန်ပြည့်လမ်းပေါ်မှာအချိန်ကုန်နေတဲ့လူစားမျိုးပါ။တစ်ညမှာတော့ ဆန်ဖရန်စစ္စကိုက ဝာရုတ်တန်းမှာ သူ့မိတ်ဆွေဝမ်ချီဆီရောက်ဖြစ်ရင်းနဲ့လေဆိပ်မှာ ဝမ်ချီရဲ့ ဇနီးလောင်းကိုသွားကြိုဖို့ လမ်းကြုံလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့အဆင်ပြေမသွားဘဲ ဝမ်ရဲ့ ဇနီးလောင်းကို သေခြင်းသခင်ဆိုတဲ့ ဝာရုတ်လူမိုက်ဂိုဏ်းက ဝင်ဖမ်းသွားတဲ့အတွက်မိတ်ဆွေအတွက်ဆို ဘာမဆိုစွန့်စားရဲတဲ့ ဂျက်ခ်တစ်ယောက် လိုက်ကူညီပေးရင်းသေခြင်းသခင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ လိုပန်ဆိုတဲ့ အောက်လမ်းနတ်ဆရာ ရဲ့ အောက်လမ်းမှော်အတတ်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ဝမ်ကိုလိုက်ကူညီရင်း ဂျက်ခ်ရဲ့ ထရပ်ကားပါအခိုးခံလိုက်ရတာဖြစ်လို့ ဝမ်ရဲ့ဇနီးလောင်းနဲ့ သူ့ရဲ့ထရပ်ကားကို ပြန်ရနိုင်မလားဂျက်ခ်နဲ့ ဝမ်တို့ ဘာတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရမလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size :  1.8 GB, 883 MB Quality : WEB-DL 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Action, ...
movie

Big Trouble in Little China (1986)

The Last Emperor (1987) 7.7
The Last Emperor (1987) The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။  အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
movie

The Last Emperor (1987)

1987