Channel Myanmar

Denis Mpunga

Omen (2024) Augure 6.0
Omen (2024) Augure  Omen (2024) AugureIMDb Rating (6.0) / Rotten Tomatoes (86%) တစ်ခါတလေ ကိုယ့်မွေးရပ်မြေကို လွမ်းတယ်၊ ပြန်ချင်တယ်။ ဒါပေမယ့် တကယ်ပြန်ရောက်သွားရင် "ငါ ဒီနေရာကို စိတ်ကုန်လို့ ထွက်သွားခဲ့တာပါလား..." ဆိုတဲ့အတွေးဝင်လာဖူးလား?ဇာတ်လမ်းအကျဉ်းကိုဖီဟာ အာဖရိကလူမျိုးဖြစ်ပြီးတော့ တစ်မိပေါက် တစ်ယောက်ထွန်းကာ ဥရောပမှာ ပညာသင်ကြားခဲ့ပြီး လူဖြူအမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ကာသူတို့စုံတွဲဟာ အမြွာလေးကို ကိုယ်ဝန်လွယ်ထားတာ ငါးလထဲရောက်လာပါပြီ။ဒါကြောင့် ကိုဖီဟာ သူ့မွေးရပ်ဇာတိဖြစ်တဲ့ တောင်အာဖရိကကို ပြန်သွားပြီး ဇနီးလောင်းကိုလည်း မိဘတွေနဲ့ မိတ်ဆက်ပေးပြီး သူတို့ဆီက ခွင့်ပြုချက်ကို ရယူချင်တဲ့အတွက် သူ့ကောင်မလေးကို တကူးတက ခေါ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ သူပြန်လာတဲ့အခါမှာတော့ မိသားစုချစ်ကြည်ရေးခရီးစဉ်က သူထင်ထားသလို အဆင်ပြေချောမွေ့လို့မနေပါဘူး။တောင်အာဖရိကရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ အယူသီးတာတွေနဲ့ ပြည့်နှက်နေတဲ့ ကိုဖီရဲ့ မိသားစုဟာ ကိုဖီရဲ့ ဇနီးလောင်းကို ဘယ်လိုမှ မကြည်ဖြူနေရာကနေ အစချီထားပြီးကိုဖီ့မိသားစုရဲ့ မိသားစုစိတ်ဒဏ်ရာတွေကို မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အမျိုးမျိုးကနေ ...
movie

Omen (2024) Augure

2024
Eloïse’s Journey (2022) 6.0
Eloïse’s Journey (2022)   ဒီတစ်ခါတင်ဆက်မဲ့ကားလေးကတော့ ပရိတ်သတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ စိတ်အပန်းဖြေစရာ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ပဲရစ်မြို့ကကောင်မလေးတစ်ယောက်ဟာ ခုံတန်းရှည်တစ်ခုပေါ်မှာ ရုတ်တရက်နိုးလာပါတယ်။ သူဟာ သူ့နာမည်ကိုတောင်မမှတ်မိပဲ သူဘယ်နေရာကနေ ဘယ်လိုအကြောင်းကြောင့် ဒီခုံပေါ်ကိုရောက်နေရလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ဒီတော့ သူ့မှာရှိသမျှသဲလွန်စလေးတွေကနေပဲ သူ့ဘဝအကြောင်းကိုပြန်သတိရအောင်အစွမ်းကုန်ကြိုးစားတဲ့အ‌ကြောင်းလေးပါ။ဒီဇာတ်ကားလေးဟာ အတိတ်မေ့ကောင်မလေးတစ်ယောက်ရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေ, ဖြတ်ကျော်ရတဲ့အတားအဆီးတွေ‌ကို အချစ်ရေးနဲ့ ဟာသလေးနှောပြီး သဘာဝဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yurnero 
movie

Eloïse’s Journey (2022)

My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

Raw (2016) 7.1
Raw (2016)  အခုတကားကတော့စောင့်မျှော်နေကြတဲ့သူတွေအတွက်ရောHorrorကားကြိုက်တဲ့သူတွေအတွက်ပါအူယားစေမယ့်၂၀၁၇မတ်လထွက်ကားလေးလာပါပြီ။ဂျက်စတင်ဆိုတဲ့ကောင်မလေးဟာမွေးကတည်းနေအသားနဲ့ဓာတ်မတည့်တဲ့အတွက်သတ်သတ်လွတ်ပဲစားတဲ့သူဖြစ်ပါတယ်။သူတို့တမိသားစုလုံးသတ်သတ်လွတ်စားကြတာပါ။ဒါပေမယ့်အဲဒါတွေအားလုံးဟာတိရိစ္ဆာန်ကုဆရာဝန်ကျောင်းရောက်တဲ့ပထမအပတ်တွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်။ကျောင်းရဲ့ထူးဆန်းတဲ့ကြိုဆိုမှုကြောင့်ဂျက်စတင်တယောက်အသားကိုစစားလိုက်ရပါတယ်။အဲဒီကနေစပြီးအသားစားချင်တဲ့အာသီသဖြစ်နေခဲ့တာပါ။နောက်တော့အခန်းဖော်အဆွယ်ကောင်းမှုနဲ့သူအသားညှပ်ပေါင်မုန့်စစားရင်းနောက်တော့အသားစိမ်းတွေကိုပါစမ်းစားကြည့်လာပါတော့တယ်။ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး။တနေ့ကျောင်းမှာအရင်ကျောင်းတက်နှင့်တဲ့သူ့အစ်မဆီသွားရင်းမတော်တဆဖြစ်ပြီးသူ့အစ်မလက်ချောင်းပြတ်သွားပါတယ်။ထိတ်ထိတ်ပြာပြာနဲ့ဖြစ်နေရင်းသူ့အစ်မလက်ကိုကိုက်မိပါတယ်တော့တယ်။အဲဒီကနေစပြီးလူသားကိုပထမဆုံးစစားတော့တာပါပဲ။ကြည့်ရင်းကြည့်ရင်းနဲ့အူယားလာစေတဲ့ကားလေးဖြစ်ပါတယ်။၁၈+တွေကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေပါတဲ့အတွက်မိသားစုနဲ့မကြည့်သင့်ပါဘူး။ဆိုတော့ဂျက်စတင်တယောက်သူ့အာသီသကိုဆက်ထိန်းနိုင်မလား။အဲဒီကနေတဆင့်သူ့မိသားစုနဲ့ဘယ်လိုဆက်နွယ်နေသလဲ။ဘာလျို့ဝှက်ချက်တွေရှိနေသလဲ။သူ့အစ်မကရောသူ့ကိုကူညီပေးမှာလား။ပိုဆိုးစေမှာလား။ဘာတွေကွယ်ဝှက်ထားတာရှိမလဲဆိုတာကတော့ဇာတ်ကားလေးမှာဆက်လက်ရှုစားလိုက်ပါဦးဗျာ။(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung  ပါ )   File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 39minutes Format : Mp4 Genre : Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

Raw (2016)

2016