Channel Myanmar

Denis Lavant

Beau Travail (1999)
Beau Travail (1999) ဇာတ်လမ်းက ဂျီဘူတီဆိုတဲ့ အာဖရိကနိုင်ငံမှာ ပြင်သစ်နိုင်ငံခြားသားတပ် (French Foreign Legion) ထဲက စစ်သားတွေအကြောင်း ဖြစ်ပါတယ်။ ဇာတ်လိုက်ကတော့ တပ်ရင်းမှူး Galoup (Denis Lavant သရုပ်ဆောင်)။ သူက သူ့ရဲ့ စစ်သားဘဝကို ပြန်တွေးရင်း ပြင်သစ်နိုင်ငံ Marseille မှာ မှတ်တမ်းရေးနေတဲ့ပုံစံနဲ့ ဇာတ်ကို ပြောပြတယ်။ ဂျီဘူတီမှာ သူ့ဘဝက စည်းကမ်းတင်းကြပ်ပြီး စိတ်ကျေနပ်စရာကောင်းတယ်။ သူက သူ့တပ်မှူး Bruno Forestier ကို အရမ်းသဘောကျပြီး သူ့လက်အောက်က စစ်သားတွေကိုလည်း စစ်ရေးလေ့ကျင့်မှုတွေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားတယ်။ဒါပေမယ့် ပြဿနာက တပ်ထဲကို Gilles Sentain ဆိုတဲ့ လူငယ်တစ်ယောက် (Grégoire Colin) ရောက်လာတာက စတယ်။ Sentain က သတ္တိရှိတဲ့သူဖြစ်တော့ တပ်မှူး Forestier ရဲ့ အာရုံစိုက်ခံလာရတယ်။ ဒါက Galoup ...
movie

Beau Travail (1999)

Hood Witch (2024) 5.1
Hood Witch (2024)  Hood Witch (2024)IMDb Rating (5.1) နော်ဟာ ထူးဆန်းတိရိစ္ဆာန်တွေကိုမှောင်ခိုလုပ်နေတဲ့ Single mother တစ်ယောက်ဖြစ်ပြီး သားဖြစ်သူနဲ့အတူ ထူးဆန်းတဲ့ mobile app တစ်ခုကိုလည်း တီထွင်နေတယ်။ငွေအလွယ်ရမယ်အထင်နဲ့ သေချာမစဉ်းစားဘဲ ကောင်လေးတစ်ယောက်ကို အပနှင်တာလုပ်ပေးလိုက်ပြီးနောက်မှာ ကောင်လေးဟာထူးဆန်းသွားခဲ့ရာကနေ သေဆုံးတဲ့အထိ ဖြစ်သွားချိန်မှာစုန်းမလိုအစွပ်စွဲခံရပြီး အဖွဲစည်းပေါင်းစုံက လူတွေဟာ နော်ကို တရားလက်လွှတ်အပြစ်ပေးဖို လိုက်ဖမ်းကြတာကြောင့်နော်တို သားအမိ ၂ ယောက် ဘယ်လိုအရာမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ကျော်လွှားကြမလဲ။နော်နေရာမှာ သရုပ်ဆောင်းထားတာကတော့ About Ally , Extraction တိုနဲ့လူသိများတဲ့ မင်းသမီးကြီး Golshifteh Farahani ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.5 GB) / (740 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Horror, Thriller Duration….01:32:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Hood Witch (2024)

2024
The Wounded Man (1983) 6.6
The Wounded Man (1983)  ပြင်သစ် ဒါရိုက်တာ - Patrice Chéreau ရိုက်ထားတဲ့ BL ပုံစံ လိင်တူ အဖိုးကြီးနဲ့ ဆယ်ကျော်သက်ကောင်လေးတို့ရဲ့ Drama movies ပါ Bl ဆို‌ပေမယ့် love scene တွေ အသားပေးထားတာမဟုတ်ပဲ လူ့ဆက်ဆံရေးအခက်အခဲတွေ , သနားစရာတွေ , လှည့်ကွက်တွေ , ချစ်ချင်းတွေကို ပညာပေးပုံစံရိုက်ကူးထားတာပဲဖြစ်ပါတယ် César Award မှာလည်း Best Screen play ဆုရထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇတ်ကားတစ်ကားဖြစ်လာစေမှာပါဇတ်လမ်းအကျဉ်းဟိရိ ဆိုတဲ့ ကောင်လေးက အိမ်ကမိသားစုနဲ့အဆင်မပြေတဲ့အခါမှာ ရထားဘူတာမှာတွေ့ခဲ့တဲ့ လူတစ်ယောက်ကိုတွေ့တွေ့ချင် သဘောကျသွားပြီးတော့ သူ့နောက်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ် နောက်ပိုင်းမှာတော့အဲ့လူက လူလိမ်တစ်ယောက်ဖြစ်ပြီး ခြေသလုံးအိမ်တိုင်ဖြစ်နေပါတယ်ဟိရိကသူ့ကိုချစ်မိသွားပေမယ့် ဟိုလူကသူ့ကိုစိတ်ဝင်စားမလား သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ရမယ့် ဒရမ်မာ နဲ့ အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…(2.7 GB)/(1.8 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:49:00 Genre... ...
movie

The Wounded Man (1983)

Holy Motors (2012) 7.0
Holy Motors (2012)  ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို၂၀၁၂ ကထွက်ရှိထားတဲ့ Holy Motors ဆိုတဲ့ Drama &Fantasy အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Leos Carax ကရိုက်ကူးပုံဖော်ထားပြီး rating 7/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ မင်းသား Denis Lavant နဲ့ မင်းသမီးEdith Scob တို့ပါဝင်သရုပ်ဆောင်ထားပြီးမင်းသား Denis Lavant ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Edith Scob ကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားရုံသာမက ဒီဇာတ်ကားကအခြား အကောင်းဆုံးရုပ်သံတေးဖြတ်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့အကယ်ဒမီဆုပေါင်း ၂၉ ဆုအထိဆွတ်ခူးရရှိထားပြီးဆန်ကာတင်စာရင်း ၇၁ အခုအထိချိတ်ခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..ဇာတ်လမ်းအစမှာ မစ္စတာအောစကာတစ်ယောက်မိုးလင်းပြီးဆိုတာနဲ့ မစ္စဆီလင်းနဲ့ အတူတူ ထူးဆန်းဖွယ်ချိန်းဆိုမှုကိုးခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြပုံနဲ့စတင်ထားပါတယ် ချိန်းဆိုမှုတစ်ခုဆီမှာ မတူညီနဲ့ဇာတ်ရုပ်တစ်မျိုးစီ မတူညီတဲ့ဘဝတစ်ခုစီကို သရုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီလိုနဲ့ မစ္စဆီလင်းနဲ့ မစ္စတာအောစကာတို့နှစ်ယောက် ဒီထူးဆန်းဖွယ်ချိန်းဆိုမှု ကိုးခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါမ့လား..ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦး...ဒီဇာတ်ကားမှာ မစ္စတာအောစကာအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Denis Lavant ...
movie

Holy Motors (2012)

The Emperor of Paris (2018) 6.3
The Emperor of Paris (2018)  IMDB - 6.3Rotten Tomatoes - 70%ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလိုခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီးနောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိကရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်.. File size…1.85 GB / 789MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Adventure , Crime , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Emperor of Paris (2018)

Age of Uprising: The Legend of Michael Kohlhaas (2013) 6.1
Age of Uprising: The Legend of Michael Kohlhaas (2013)  ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ....။သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာရှိသူတွေပါ....။ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကိုဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့....။ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာမြင်းရောင်းဖို့ မြို့ကိုအသွား...လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်းတောင်းပါတယ်...။ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကိုအပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်....။ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ပိန်ချုံးချိ့နဲ့နေပါပြီ....ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှုရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်....။တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Age of Uprising: The Legend of Michael Kohlhaas (2013)

South Sentinel (2022)
South Sentinel (2022)  ဒီနေ့ တင်ဆက်ပေးမှာကတော့ ၂၀၀၈ ခုနှစ် သြဂုတ်(၁၈)ရက်နေ့က အာဖကန်နစ္စတန် ရှေ့တန်းစစ်မြေပြင်မှာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုမှာ ပြင်သစ်စစ်သား (၁၀)ယောက်ကျဆုံးခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ခရစ်ရှန်လာဖဲယတ်ဟာ အာဖကန် ရှေ့တန်းစစ်မြေပြင်ကနေ အသက်ရှင်လျက် ပြန်လာခဲ့ပေမဲ့ တိုက်ပွဲကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဖိစီးနေပါတယ်။ ရဲဘော်တွေ အများကြီး သေကြေ ဒဏ်ရာရပြီး သူပဲ အသက်ရှင်နေခဲ့လို့ အပြစ်ရှိစိတ်နဲ့ ရှင်သန်နေရသူပါ။ လက်ရှိ စူပါမားကတ်မှာ အလုပ်လုပ်ပြီး သာမန်အရပ်သားတစ်ဦးလို နေထိုင်ဖို့ ကြိုးစားနေပေမဲ့ အသားမကျနိုင်ဖြစ်နေပါတယ်။မွန်နီးယားကတော့ တိုက်ခိုက်မှုကြောင့် ခြေထောက်ဒဏ်ရာရထားသူပါ။ ဂျစ်ပစီတွေနဲ့ ဘိန်းမှောင်ခိုလုပ်ကြရင်း ကတိပေးထားတဲ့အတိုင်း မပေးနိုင်လို့ အကြွေးတင်နေပါတယ်။ ဘိန်းတွေကို သိမ်းထားတဲ့ ရဲဘော်တစ်ယောက်က တိုက်ပွဲက ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် အရင်အဖြစ်အပျက်တွေကို မမှတ်မိလို့ ဒုက္ခရောက်နေပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားရင်း သူတို့ရဲဘော်တွေ အသက်ဆုံးရှုံးလိုက်ရတဲ့ တိုက်ခိုက်မှုဟာ ...
movie

South Sentinel (2022)

A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)

Tokyo! (2008) 7
Tokyo! (2008) Tokyo! ( 2008 )တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ပထမဇာတ်လမ်းတို "Interior Design"ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ဒုတိယဇာတ်လမ်း " Merde"ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ဇာတ်လမ်းအရဆိုရင်တော့ "Interior Design"ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ ...
movie

Tokyo! (2008)

2008
Silver Skates (2020) 7.1
Silver Skates (2020) Silver Skates (2020)===============IMDb Rating - 7.1/10အချိန်ကတော့ ၁၉ရာစုအကုန် ၂၀ရာစုအစ ရုရှားအင်ပါယာကြီးရဲ့မြိုတော် စိန့်ပီတာဘတ်လမ်းတွေမှာ ရေခဲပြင်အတိဖုံးပြီးနှင်းဖွေးဖွေးလှုပ်နေတဲ့ ဆောင်းရာသီတစ်နေ့ပါ။ ရေခဲပြင်ပွဲဈေးတွေနဲ့ စည်ကားနေတဲ့ လူအုပ်ကြီးကြားမှာ မတ်ဗေးတစ်ယောက်လည်းသူ့စကိတ်လေးတစ်ရံနဲ့ ပိုင်းမုန့်အမီပို့ဖို့ကို ခပ်သွက်သွက်လှုပ်ရှားနေရပါတယ်။ ကံဆိုးချင်တော့ လမ်းခုလတ်မှာ လူကြီးလမ်းကြောင်းရှိလို့လမ်းပိတ်ထားတာနဲ့တိုးပြီး အချိန်မီမုန့်မပိုနိုင်ခဲ့တဲ့အတွက် သူ့ခမျာ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်။မတ်ဗေးရဲ့အလုပ်နဲ့ရင်းပြီး ဖြတ်သွားခွင့်ပေးလိုက်ရတဲ့ အရာရှိမြင်းလှည်းကြီးဦးတည်သွားရာ စံအိမ်ကြီးမှာတော့ အလီဆာဆိုတဲ့မိန်းမပျိုလေးတစ်ဦးနေပါတယ်။ အလီဆာဆိုတာကတော့ သိပ္ပံပညာကိုအင်မတန်စိတ်ဝင်စားတဲ့ အထက်တန်းစားမိန်းမပျိုလေးတစ်ဦးပါ။ဒါပေမယ့် အဲဒီ ၁၉ရာစုခေတ်တွေမှာ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပိုင်နိုင်ရမယ်၊ ဗိုင်းကောင်းကျောက်ပိနေရမယ်၊ ပညာတတ်စရာမလိုဘူးလို့ခံယူထားကြလေတော့ အလီဆာ့ခမျာ ဖခင်ဖြစ်သူရှေ့မှာ ပညာရေးအကြောင်းမဟရဲဘဲ ဝါသနာပါရာကို ပုန်းလျှိးကွယ်လျှိးလုပ်ရရှာပါတယ်။ ဒီလောက်ဆို ပရိသတ်ကြီးရိပ်မိလောက်ပါပြီ ဟုတ်ပါတယ်။ ရိုမီယိုနဲ့ဂျူးလိယက်ဇာတ်လမ်းကို inspire ယူပြီးရိုက်ကူးထားတဲ့ အထက်တန်းစားသူဌေးသမီးအချောအလှလေးနဲ့ အနုတ်စုတ်ဂုတ်တုတ်ဆင်းရဲသား ကောင်လေးတိုရဲ့ အချစ်ဇာတ်လမ်းလေးပါ။ဪ ဇာတ်ကားနာမည် Silver Skates ဆိုတာကတော့ ဇာတ်လိုက်ကျော်မတ်ဗေးတစ်ယောက် အသက်‌မွေးဝမ်းကျောင်းပြုနိုင်အောင်ကူညီပေးနေတဲ့ စကိတ်ဖိနပ်လေးတစ်စုံပါ။ သူ့ဘဝကို အလှည့်အပြောင်းတွေဖြစ်စေခဲ့တဲ့ ...
movie

Silver Skates (2020)

2021