Channel Myanmar

Demi Castro

Altered Reality (2025) 5.0
Altered Reality (2025)  ဒီဇာတ်လမ်းကတော့ လျှို့ဝှက်ဆန်းကျယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် .အိုလီဗာကွတ်ဆိုတဲ့သူဟာ မိသားစုအတွက်အလုပ်တွေလုပ်ရင်း ကြိုးစားရုန်းကန်နေတဲ့သာမန်ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ပါတယ်...စပရင်းအိမ်ရာလို့ခေါ်တဲ့ အပန်းဖြေအိမ်ရာဆီကိုလည်းမိသားစုနဲ့အတူ နှစ်စဉ်နှစ်တိုင်း သွားရောက်လည်ပတ်နေကျ ဖြစ်ပါတယ်..ဒီလိုနဲ့ ပုံမှန်အတိုင်း မိသားစုနဲ့အတူ အဲဒီအိမ်ရာဆီသွားရောက်လည်ပတ်တဲ့အချိန်မှာ အဲဒီအိမ်ရာကြီးကိုစောင့်ကြပ်နေရတဲ့ ထူးဆန်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကအဲဒီအိမ်ရာကြီးဟာ ဖြိုချဖျက်ဆီးခံရတော့မှာမို့အိုလီဗာကို တားဆီးပေးဖို့ တောင်းဆိုခဲ့ပါတယ်..အိုလီဗာဟာ သာမန်လူတစ်ယောက်မို့လို့အဲဒီလိုလုပ်ပေးနိုင်လောက်တဲ့အထိ မချမ်းသာတာကြောင့်အဲဒီထူးဆန်းတဲ့ ပုဂ္ဂိုလ်က အိုလီဗာကို ချမ်းသာအောင်လုပ်ပေးပြီးတော့ အိမ်ရာကို ဝယ်ယူခိုင်းလိုက်ပါတော့တယ်အိုလီဗာရဲ့ဘဝလည်း နေ့ချင်းညချင်း ပြောင်းလဲသွားပြီးတော့အလွန်ချမ်းသာသူတစ်ယောက် ဖြစ်လာပါတော့တယ်..ဒါပေမဲ့ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရတတ်တဲ့လောကသဘာဝအတိုင်း အိုလီဗာတစ်ယောက် ဘာတွေကိုပေးဆပ်ရမလဲဆိုတာနဲ့ ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်ကြတဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ တိုက်ခိုက်မှုတွေကို ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်.... File size… (1.18GB) / (638MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 38m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Okka
movie

Altered Reality (2025)

Cash Out (2024) 5.5
Cash Out (2024)  မင်းသားကြီး John Travoltaရဲ့ ဘဏ်ဖောက်ကားတစ်ကားကိုထပ်မံရှုစားရဦးမှာဖြစ်ပါတယ်....။ဒီဇာတ်ကားမှာတော့ မေဆန်(John Travolta)ဟာနိုင်ငံတကာကအလိုရှိတဲ့နာမည်ကျော်သူခိုးဖြစ်ပြီးခိုးဖို့အစီအစဥ်ချရာမှာ ကျွမ်းကျင်သူပါ...။ဒီတစ်ခါလည်း ဘဏ်တိုက်ထဲကနေ crypto walletတစ်ခုကိုခိုးယူဖောက်ထွင်းဖို့ကြံစည်ပါတယ်...။သူတို့မသိလိုက်တာ ဒီဖောက်ထွင်းမှုဟာ FBIဖက်ကထောက်ချောက်ဆင်ထားတာဖြစ်ပြီး သူတို့ဖောက်ထွင်းမယ့်ပစ္စည်းကလည်း ဟန်ပြသက်သက်ဖြစ်နေတဲ့အခါ....။ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုဟာရဲတွေလက်ကလွတ်အောင် ဘယ်လိုအကွက်ချပြီးလွတ်မြောက်လာမလဲဆိုတာကို ရှုစားရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်...။  File size…2.23GB /679MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Cash Out (2024)

High Rollers (2025) 5.5
High Rollers (2025)  ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ RandallEmmett က ရိုက်ကူးထားပါတယ်။၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Cash Out ဇာတ်ကားရဲ့ sequelဖြစ်ပြီးတော့ မင်းသားကြီး John Travolta က Mason ဇာတ်ကောင်နေရာကနေ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။အရှေ့ကဇာတ်ကားထဲမှာ ဘဏ်ဓားပြတိုက်မှုကနေ Mason နဲ့သူ့အဖွဲ့ဟာ ပြန်လွတ်လာပြီးနောက် အငြိမ်းစားယူလိုက်ပါတော့တယ်။ဒီဇာတ်ကားမှာတော့ Mason ရဲ့ချစ်သူကို သူ့ရန်သူတော်ကြီးSalazar က ပြန်ပေးဆွဲသွားပြီးတော့ မဖြစ်နိုင်တဲ့ ကာစီနိုဓားပြတိုက်မှုကို အတင်းအကျပ်လုပ်ခိုင်းပါတယ်။ဒီလိုနဲ့ Mason လည်း အငြိမ်းစားယူထားရာကနေ ဒုစရိုက်လောကထဲပြန်ရောက်လာပြီးတော့ သူ့အဖွဲ့နဲ့အတူ ချစ်သူကိုပြန်ကယ်တင်ဖို့အတွက် ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။အရှေ့ကဇာတ်ကားတုန်းကသရုပ်ဆောင်တွေဖြစ်တဲ့ Gina Gershon,Lukas Haas, Quavo, Natali Yura, Noel Gugliemi တို့ကပဲဒီဇာတ်ကားထဲမှာ ဆက်လက်ပါဝင်ပေးထားကြပါတယ်။ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တာကြောင့်အက်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်ပါတယ်။  File size… (1.52 GB) / (863 MB) Quality… WEB-DL ...
movie

High Rollers (2025)

The Idea of You (2024) 6.6
The Idea of You (2024)  Trailer မှာကတည်းက hit ဖြစ်နေတဲ့ မင်းသမီးချော Anne Hathaway နဲ့ မင်းသား Nicholas Galitzine တို့ရဲ့ အချစ်ဇာတ်လမ်းလေး လာပါပြီ။အသက် ၄၀ အရွယ် အိမ်ထောင်ကွဲ။ သမီးတစ်ယောက်မိခင်ဖြစ်သူ Solene ဟာ တစ်နေ့တော့ သူ့သမီးနဲ့ သူငယ်ချင်းတွေကို Coachella ပွဲ လိုက်ပို့ရင်း Hayes ဆိုတဲ့ နာမည်ကျော် လူငယ်အဆိုတော်အဖွဲ့က ၂၄ နှစ်အရွယ် ကောင်‌လေးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။ခဏတာ အမှတ်မထင် တွေ့ဆုံမှုလို့ ထင်ခဲ့ပေမဲ့ အဆိုတော်ကောင်လေးဘက်က လက်မလျှော့ဘဲ Solene ရှိရာ နောက်ကို မရမက လိုက်လာခဲ့ချိန်မှာ အချစ်တစ်ခု ပေါက်ဖွားလာပါတော့တယ် ....အသက်အရွယ်က အလွန်ကွာခြားပြီး လူသိခံလို့ မဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။ File size…(5.3 GB)/ (2.4 GB)/(970 ...
movie

The Idea of You (2024)

4K HEVC
A Taste of Love (2024)
A Taste of Love (2024)  2024 February လကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အောင်မြင်တဲ့စားဖိုမှူးတစ်ယောက်ရဲ့ ဝါသနာနဲ့၊ အလုပ် လက်တွေ့မကျတဲ့ ဘဝအချိုးအကွေ့လေးတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်လေးကတော့ Generation အလိုက် စားဖိုမှူးတွေဖြစ်ကြပြီး ငယ်စဉ်ကတည်းက အိမ်မက်တွေအကြီးကြီးရှိနေတဲ့ တေလာရိုက်ဒါ ဆိုတဲ့ ကောင်းမလေးတစ်ယောက်ဟာ အရွယ်ရောက်လာတော့ အစားအသောက် တီဗွီရှိုးတစ်ခုမှာ နာမည်ကြီး စားဖိုမှူးဖြစ်နေတာပေါ့တစ်နေ့တော့ သူရဲ့အောင်မြင်မှုကနေ နောက်ထပ်ကမ်းလှမ်းချက်တစ်ခုကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး မွေးရပ်မြေကို ဦးနှောက်ဆေးဖို့ ပြန်လာတဲ့အချိန်မှာ မိသားစုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး.... ဦးနှောက်မဆေးရဘဲ ဘယ်လို အခက်အခဲတွေနဲ့ကြုံရဦးလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 GB)/(985 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance, Tv Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

A Taste of Love (2024)

Arkansas (2020)
Arkansas (2020) Lionsgateကဖြန့်ချီလိုက်ပြီး Liam Hemsworthပါဝင်ထားတဲ့အသစ်စက်စက်ဇာတ်ကားတစ်ကားပါ။ကိုင်ဟာ ဖားလို့ခေါ်တဲ့လူတစ်ယောက်ရဲ့လက်အောက်မှာကိုကင်းတွေဖြန့်ပေးတဲ့သူတစ်ယောက်ပါ။နောက်တော့အချီကြီးလုပ်ရမယ်ဆိုလို့ Arkansasပြည်နယ်ကိုပြောင်းသွားပြီးဆွင်းဆိုတဲ့သူနဲ့အတူ ဘရိုက်ရဲ့ပန်းခြံထဲမှာနေပြီးကိုကင်းဖြန့်တာပေါ့။သူတို့အားလုံးရဲ့အထက်ကဘော့စ်ကတော့ ဖားဖြစ်ပေမယ့်ကိုင်ရောဆွင်းရောက ဖားကိုဘယ်သူမှန်းလည်းမသိ၊မြင်လည်းမမြင်ဖူးပါဘူး။နောက်တော့ ဘရိုက်ကသူများသတ်တာခံရတဲ့အခါသူတို့အကျပ်ရိုက်သွားပါတယ်။ထွက်ပြေးရင်လည်းသူတို့သတ်တယ်ထင်ပြီး ဖားကလိုက်သတ်မယ်၊အမှန်အတိုင်းပြောရအောင်လည်း ဖားကဘယ်သူမှန်းမသိနဲ့ တိုင်ပတ်ရင်းဘရိုက်သေဆုံးမှုကိုဖုံးကွယ်ကာ ရေလိုက်ငါးလိုက်ဆက်လုပ်နေလိုက်ပါတယ်။သူတို့ဆီကို တစ်ယောက်ယောက်လိုက်လာတော့မယ်ဆိုတာကိုသိနေရင်းနဲ့ပေါ့....ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 404 MB) Quality : BluRay 720p Running Time : 1 hr 59 min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Arkansas (2020)