Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dek Wawan
6.8
Sakaratul Maut (2024)
Sakaratul Maut 2024ဝီရီယိုဟာ အဝေးမှာ အလုပ်လုပ်နေတဲ့ သူ့သမီးလေးဆီကို မိန်းမနဲ့အတူ သွားလည်ရင်းနဲ့ အပြန်လမ်းမှာ ကားမတော်တဆမှုကြောင့်နဲ့ သေခါနီးအခြေအနေနဲ့ ကိုမာဝင်နေပါတယ်။ဆေးရုံစရိတ်တွေက ကြီးတဲ့အပြင် မျှော်လင့်ချက်ကလည်း မရှိသလောက်ဖြစ်နေလို မိသားစုဟာ ဝီရီယိုကို အိမ်မှာပဲ သက်သောင့်သက်သာနေရဖို ပြန်ခေါ်လာခဲ့တာပေါ့။သမီးဖြစ်သူဟာလည်း အဖေ့ကြောင့်နဲ့ နယ်ပြောင်းလျှောက်ပြီးတော့ အိမ်မှာပြန်လာနေရင်း အဖေ့ကိုစောင့်ရှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဝီရီယိုရဲ့ ဒုတိယမိန်းမဖြစ်သူနဲ့ သားဖြစ်သူ တာဂျိုဟာလည်း ဝီရီယိုရဲ့အနားကို ရောက်လာခဲ့ပါတော့တယ်။တာဂျိုဟာ အဖေ့ကို စိတ်ပူလိုလာတာမျိုးထက် အဖေသေရင်ရမယ့်အမွေတွေအတွက် လာတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ဒုတိယမိန်းမကတော့ သူ့ယောက်ျားဘေးမှာနေရင်း ကုရ်အာန်ဖတ်လို့ပေးနေပါတော့တယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ ဝီရီယိုတစ်ယောက်ကတော့ သူမသေခင် အမွေခွဲတဲ့ကိစ္စတွေကို ကြားပြီးတော့ အသေမဖြောင့်ပဲ ပြန်လည်နိုးထလာရင်းနဲ့ပဲ ......... ဝီရီယိုတစ်ယောက် ပြန်လည်နိုးထလာခဲ့တာ ကောင်းသောနိုးထခြင်းမျိုးလား ..... သူတိုအိမ်မှာရော ဘယ်လို ကြောက်ဖိုကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲ ...... ဆိုတာကို ကြည့်ရှုရမယ့် ဟော်ရာဒရာမာကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Linn ~ Yunni~ KKKZ ဖြစ်ပါတယ်) File size…1.28 GB / 626 MB Quality…WEB DL ...
movie
Sakaratul Maut (2024)
6.0
Trinil (2024)
ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie
Trinil (2024)
7.4
AUM! (2021)
Aum! (2021)ခုရက်ပိုင်းမှာ Mockumentary တွေ ဓာတ်ကျနေတဲ့ပရိသတ်တို့အတွက် Indonesia Mockumentaryလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Western Mockumentary တွေလို Hypeနေတာမျိုးမဟုတ်ပေမဲ့ ကြည့်လို့အဆင်ပြေတဲ့ comedy movieလေးတစ်ခုတော့ ဖြစ်မှာပါ။ဒီကားလေးထဲမှာတော့ Part 1 နဲ့ Part 2 ဆိုပြီး 2 ပိုင်းခွဲထားတာကို မြင်ရမှာပါ။ Part 1 မှာတော့ အစိုးရသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဆထရီယာအကြောင်း ရိုက်ကူးထားတဲ့ Low Budget movieလေးတစ်ခုကို ပြထားတာဖြစ်ပြီး Part 2 ကမှ ရုပ်ရှင်လောကကို ထေ့ငေါ့ပြီးလှောင်ထားတဲ့ Mockumentary တစ်ဖြစ်လဲ Part 1 က ရုပ်ရှင်ကို ရုပ်လုံးပေါ်လာအောင် ရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ကို ဖော်ပြထားတာပါ။Low Budget ကလည်းဖြစ် နိုင်ငံရေးတွေပါနေတော့ ခိုးကြောင်ခိုးဝှက်ကရိုက်ရ၊ အာဏာပြတတ်တဲ့ဒါရိုက်တာနဲ့ ရုပ်ရှင်အဖွဲ့သားတွေကြားက ပဋိပက္ခ၊ အကြောင်းအရာကိုပဲအဓိကထားချင်တဲ့ ထုတ်လုပ်သူနဲ့ ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ကွန့်ပြီးထည့်ချင်တဲ့ အတွေးသမားဒါရိုက်တာကြားက အားပြိုင်မှု၊ Limited ...
movie
AUM! (2021)
2021