Channel Myanmar

Deirdre Lorenz

Perfect Stranger (2007) 5.7
Perfect Stranger (2007) Perfect Stranger (2007)***********************IMDb....5.7 ဒီဇာတ်ကားကတော့ ဒါရိုက်တာ James Foley ရိုက်ကူးထားပြီး မင်းသမီး Halle Berry နဲ့ မင်းသား Bruce Willis,Giovanni Ribisi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုအမှုဇာတ်လမ်းလေးပါ။ရိုဝီနာကတော့ ဒေးဗစ်ရှိန်းဆိုတဲ့နာမည်နဲ့ နာမည်ကြီးဂျာနယ်လစ်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမရဲ့ငယ်သူငယ်ချင်းဖြစ်သူ ဂရေ့စ်က သူမဆီရောက်လာပြီး ဒိတ်ဒိတ်ကျဲ သူဌေးတစ်ယောက်ရဲ့သတင်းကို ရေးပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ သူဌေးရဲ့ မယားငယ်လုပ်နေတဲ့ ဂရေ့စ်က သူ့ကိုတာဝန်မယူရင် ဇနီးဖြစ်သူဆီသွားမယ့်အပြင်သတင်းရေးတင်မယ်လို့ပါ သူဌေးကို ခြိမ်းခြောက်နေခဲ့တာပါ။ ဒီလိုနဲ့ မကြာခင်မှာပဲ ဂရေ့စ်ကအသတ်ခံလိုက်ရတဲ့အခါရိုဝီနာတစ်ယောက် သူငယ်ချင်းဖြစ်တဲ့ ဟက်ကာ မိုင်းနဲ့အတူ ဟာရီဆန်ဟေးလ်ဆိုတဲ့ သူဌေးကြီးကိုစုံစမ်းဖို့ဖြစ်လာပါတော့တယ်။ စုံစမ်းတဲ့ခရီးတစ်လျှောက်မှာ သူတို့ဘာသက်သေတွေရမလဲ...ရှာတွေ့ခဲ့တဲ့သက်သေတွေက အမှန်တွေပဲလား... ဂရေ့စ်ကိုသတ်တဲ့ လူသတ်သမားရော တကယ်ပဲဟာရီဆန်လား...ဘယ်သူဖြစ်နေမလဲ... မိုင်းကလဲ ရိုဝီနာအပေါ် စွဲလမ်းမှုတွေရှိနေတဲ့အခါ ...ဘယ်သူလူသတ်သမားလဲဆိုတာ ဒီကားလေးထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရှာဖွေရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်) File ...
movie

Perfect Stranger (2007)

August Rush (2007) 7.4
August Rush (2007)  2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း……လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် ...
movie

August Rush (2007)

2007