Channel Myanmar

Daylin Willis

Mistletoe Connection (2024)
Mistletoe Connection (2024) Mistletoe Connection ဆိုတဲ့အတိုင်း ခရစ္စမတ်ရဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်ကားက‌ Sweet ဖြစ်တဲ့အချစ်ဇာတ်လမ်းလေး ခရစ္စမတ်ကာလအတွင်းမှာ မမျှော်လင့်ပဲမွေးဖွားလာခဲ့တယ်ဆိုတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ Holiday, Drama, Romance အမျိုးအစားဇာတ်ကား ဖြစ်ပါတယ်။ပုံပြင်ဆန်တဲ့အချစ်ကိုစိတ်ကူးယဥ်တတ်တဲ့ Mark Goodwin ဆိုတဲ့ကောင်လေးဟာ Kate Snow ဆိုတဲ့ ကောင်မလေးနဲ့ ဘတ်စ်ကားပေါ်မှာ အမှတ်မထင်ဆုံတွေ့ခဲ့ကြရင်း Kate ကို သဘောကျသွားတဲ့ Mark ဟာ Kate ကို ရှာဖွေဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့် တကယ့်ကိုပုံပြင်ဆန်စွာပဲ Mark အလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးစီမံကိန်းကြောင့် ဖယ်ရှားခံရမယ့်ဆိုင်ခန်းနေရာတွေမှာ Kate ရဲ့ဆိုင်လေးလည်းပါနေခဲ့ပါတယ်။စီမံကိန်းကို ကန့်ကွက်မယ့် Kate နဲ့ သူရှာနေတဲ့ကောင်မလေးမှန်းမသိဘဲ ဖယ်ပေးဖို့ကမ်းလှမ်းချက်လာညှိမယ့် Mark တို့နှစ်ယောက် မမျှော်လင့်ပဲတွေ့ဆုံကြတဲ့အခါမှာတော့... ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ကြုံလာရတဲ့သူတို့နှစ်ယောက်ရဲ့ဆုံစည်းမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ရှေ့ဆက်သွားကြမလဲ... ပုံပြင်ဆန်တဲ့အချစ်အတွက် မှော်ဆန်တဲ့ဖြစ်ရပ်တွေဖြစ်လာပြီး သူတို့ရဲ့တွေ့ဆုံမှုကို ပိုပြီးခိုင်မြဲလာစေမှာလားဆိုတာကို ခံစားကြည့်ရှုရမယ့် Christmas Theme ...
movie

Mistletoe Connection (2024)

Reality Bites: A Hannah Swensen Mystery (2025) 6.5
Reality Bites: A Hannah Swensen Mystery (2025)  Reality Bites: A Hannah Swensen Mystery (2025)IMDb Rating (6.5) ဒီဇာတ်ကားကတော့ Reality Bites Franchise ကြီးရဲ့ ၂၀၂၅ ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ Crime, Mystery ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ညွှန်းဆရာမဖြစ်တဲ့ Alison Sweeney ကိုယ်တိုင် ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Spin-off တစ်ခုပြီးတစ်ခု စာရေးဆရာတွေပြောင်းပြောင်းသွားကြပေမယ့် အခုဒီတစ်ခေါက်ထွက်ထားတဲ့ဇာတ်ကားကတော့ ဖေဖော်ဝါရီလကမှ premiere ထားတာဖြစ်ပေမယ့် IMDB မှာ rating 6.5 အထိရရှိထားပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဟန်နာစဝင်ဆန်လို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဟာ လိတ်ခ်အီဒန်လို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ မုန့်ဖုတ်ဆိုင်တစ်ခုဖွင့်ထားတာပါ။သူဟာ ငယ်ငယ်ကတည်းက ဟင်းချက်အစီအစဉ်တစ်ခုကိုတွေ့ပြီးတဲ့နောက် မုန့်လုပ်ဝါသနာအရမ်းပါသွားပြီး အဲဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရတဲ့အထိကို မုန့်ဖုတ်ရတာကိုစွဲလန်းသွားတာပါ။တစ်နေ့မှာတော့ သူ့ရဲ့မုန့်ဖုတ်ဆိုင်ကို တီဗီရှိုးအစီအစဉ်တစ်ခုကနေ ရိုက်ကူးရေးနေရာလိုလို့ဆိုပြီး အသည်းအသန်တောင်းဆိုလာခဲ့ပါတယ်။မထင်မှတ်ထားစရာပဲ အဲဒီအစီအစဉ်က ဟန်နာငယ်ငယ်တုန်းက အမြဲကြည့်ပြီးအားကျခဲ့ရတဲ့ ကွန်နီမက်ခ်ကိုယ်တိုင်ရဲ့ ရှိုးပဲဖြစ်နေပါတယ်။သူ့ရဲ့ idol နဲ့ တွေ့ချင်တာကတစ်ကြောင်း idol ရဲ့ ...
movie

Reality Bites: A Hannah Swensen Mystery (2025)

2025
Christmas with the Singhs (2024)
Christmas with the Singhs (2024) Christmas with the Singhs ဇာတ်ကားလေးကတော့ ခရစ်စမတ်ရဲ့ ပျော်ရွှင်ဖွယ်အချိန်တွေနဲ့ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါ။အဓိကဇာတ်ဆောင် Anuja Joshi နဲ့ Benjamin Hollingsworth တို့ရဲ့ ခရစ်စမတ် အတူဖြတ်သန်းရင်း မိသားစုအကြား နားလည်မှုလွဲတာတွေကို တဖြည်းဖြည်းနဲ့ဖြေရှင်းတာကို ပေါ့ပေါ့ပါးပါးရိုက်ကူးဖော်ပြထားပါတယ်။ ရုပ်ရှင်ကတော့ ဟာသ၊ ချစ်ခြင်းမေတ္တာနဲ့ မိသားစုတန်ဖိုးကို ပျော်ရွှင်စရာပုံစံလေးနဲ့ရိုက်ထားပြီ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာစေမှာပါ ။ကြည့်ရင်း ပျော်စရာကောင်းတဲ့ ခရစ်စမတ်ရဲ့ အလှတွေကိုလည်းရိုက်ကူးထားတဲ့အတွက်ကြောင့် မိသားစုနဲ့နွေးထွေးစွာကြည့်လို့ရမယ့်ဇာတ်ကားလေးပါ။File size…(1.5 GB)/(852 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung
movie

Christmas with the Singhs (2024)

Carrot Cake Murder: A Hannah Swensen Mystery (2023) 6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Carrot Cake Murder: A Hannah Swensen Mystery (2023)

One Bad Apple: A Hannah Swensen Mystery (2024) 6.6
One Bad Apple: A Hannah Swensen Mystery (2024)  Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့One Bad Apple: A Hannah Swensen Mysteryရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာမှထွက်ရှိထားတာဖြစ်ပြီးဟန်နာရဲ့စိတ်ဝင်စားစရာမုန့်လုပ်နည်းတွေကိုဟန်နာနဲ့အတူလူသတ်မှုကိုလိုက်ပါစုံစမ်းရင်းစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Shannon Kohli က ရိုက်ကူးပေးထားပြီးရုပ်ရှင်ကိုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Alison Sweeney ကဟန်နာအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဟန်နာဆွမ်ဆင်ဟာ မြို့ကကောလိပ်မှာ မုန့်ဖုတ်သင်တန်းတစ်ခုသင်ပြပေးဖို့ဖြစ်လာခဲ့ပြီး တစ်ရက်မှာတော့ သူ့အတန်းမှာသုံးတဲ့ပစ္စည်းကိရိယာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။မီးသတ်ဌာနက မတော်တဆမှုလို့ကောက်ချက်ချခဲ့ပေမယ့်သိပ်မကြာခင်မှာပဲ ဟန်နာရဲ့လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနဲ့ဆက်စပ်နေတယ်လို့ယူဆစရာဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတွေ၊မိသားစုဝင်တွေရဲ့အကူအညီနဲ့ ဟန်နာတစ်ယောက် မှုခင်းရဲ့သဲလွန်စလေးတွေကို လိုက်လံဆက်စပ်စုံစမ်းရပါတော့တယ်။ File size…1.65GB / 722MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

One Bad Apple: A Hannah Swensen Mystery (2024)

Betty’s Bad Luck In Love (2024) 6.2
Betty’s Bad Luck In Love (2024) Betty's Bad Luck In Love (2024) ======================== IMDb Rating - 6.2/10ဒီကားလေးကတော့ ကနေဒါယီယန် မင်းသမီးမမ နှစ်ယောက်ဖြစ်တဲ့ American Pie ထဲက မမ Meghan Heffern နဲ့ Laci J Mailey တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Laci တဖြစ်လဲ Betty တစ်ယောက်ရဲ့ အချစ်ရေးမှာ ကျွန်းခံနေတဲ့အကြောင်း လေးကိုရိုက်ကူးထားတာပါ။အချစ်ရေးမှာ ကျွန်းခံတယ်ဆိုပေမဲ့ စော်မရဘဲမရ နိုင်တာမျိုးမဟုတ်ပဲ တွဲသမျှဘဲနဲ့ မမြဲပဲ ပိုပြီးနီးစပ်လိုက်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု အန္တရာယ်ကြုံရပါတော့တယ်။ တစ်ယောက်လည်းမဟုတ် နှစ် ယောက်လည်းမဟုတ်ဆိုတော့ ကြာလာတော့ ဘက်တီတစ်ယောက် trauma တွေပါဝင်လာတဲ့အထိပါပဲ။ ဘက်တီရဲ့ အကွဲအပြဲအချစ်လမ်း ကြောင်းကို ဘက်တီတစ်ယောက်ပြန်လည်တည့်မတ်နိုင်ပါ့မလား ဘယ် လိုတွေအလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.36 GB) / (571 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thetti Tun Encoder..........SWM
movie

Betty’s Bad Luck In Love (2024)

2024