Channel Myanmar

David Witts

A Working Man (2025) 6.0
A Working Man (2025)  A Working Man (2025)IMDb Rating (6.0) / Rotten Tomatoes (50%) ကတုံးမင်းသား ဂျေဆန်စတေသမ်ရဲ့ ရုံတင်ကား အသစ်ပါ။ ထုံးစံအတိုင်း တစ်ကိုယ်တော် အသားကုန်ကျုံးတဲ့ ဇာတ်လမ်းပါပဲ။ ဒါရိုက်တာကတော့ ဆူဆိုက်စကွက်တုန်းက ရိုက်ခဲ့တဲ့ David Ayer ပါပဲ။ ဇာတ်ညွှန်းကိုတော့ စတားလုံး ကူရေးပေးထားတာပါ။ဇာတ်လမ်းအကျဉ်းဗြိတိန်အထူးတပ်ဖွဲ့ဝင်ဟောင်း၊ တက္ကစီသမားဟောင်း၊ ငါးမန်းဖမ်းသမားဟောင်း၊ ပျားမွေးသမားဟောင်း၊ ကြေးစားဟောင်း ဘဲကြီးဟာ ဆောက်လုပ်ရေးအလုပ်သမားလုပ်နေပါတယ်။ သူ့ကို ကူညီထားတဲ့ သူဌေးလင်မယားမှာ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။အဲဒီ ကောင်မလေးကို ရုရှားမာဖီးယားတွေ ဖမ်းသွားချိန်မှာ လင်မယားက သူ့ကို အကူအညီတောင်းလာပါတော့တယ်။ ဒီတော့ ဖမ်းသွားတဲ့ တစ်ဖွဲ့လုံးကို တစ်ယောက်တည်းလိုက်ချပါတယ်။ မာဖီးယားတစ်ဖွဲ့လုံးကို တစ်ယောက်တည်းချပါတယ်။ဒုတိယကားထွက်လာခဲ့ရင်တော့ ရုရှားစစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်းချနိုင်ချေရှိပြီး တတိယကားဆိုရင်တော့ တစ်ကမ္ဘာလုံးကိုပါ ချပါလိမ့်မယ်။ ကြည့်နေတဲ့သူတွေကိုပါ ထွက်ချနိုင်ချေ ရှိပါတယ်။ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)File ...
movie

A Working Man (2025)

2025
4K HEVC
The Beekeeper (2024)
The Beekeeper (2024)  ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ဇာတ်လမ်းအကျဉ်းဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို ...
movie

The Beekeeper (2024)

4K HEVC