Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David S. Howard
7.2
Moonstruck (1987)
မင်းသားကြီး Nicolas Cageငယ်ဘ၀က ဝါရင့်မင်းသမီးကြီး Cherနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဇာတ်လမ်းမျိုးပါ။ နယူးယောက်မြို့က အီတာလျံအမေရိကန် မိသားစုတွေရဲ့ နေထိုင်ပုံတွေကိုလည်း ပေါ့ပေါ့ပါးပါးသက်၀င်ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်း၃၇နှစ်အရွယ် လော်ရက်တာဟာ ယောက်ျားဆုံးပြီးနောက် အချစ်မှာကံခေသူလို့ သူ့ကိုယ်သူထင်မှတ်နေသူပါ။ ရည်းစားဖြစ်သူဂျွန်နီ လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာလည်း မချစ်ပဲ ခေါင်းငြိမ့်ခဲ့ပါတယ်။ ဂျွန်နီဟာ မိခင်နေမကောင်းလို့ ပါလာမိုမြို့ကို ပြန်သွားခဲ့ပါတယ်။ မသွားခင်မှာ ၅နှစ်ကြာ မခေါ်မပြောဖြစ်နေတဲ့ ညီအရင်းရွန်နီကို မင်္ဂလာဆောင် ဆက်ဆက်ဖိတ်ဖို့ လော်ရက်တာကို တာ၀န်ပေးခဲ့ပါတယ်။ တာ၀န်အရ ဖုန်းဆက်ပြီး ဖိတ်ရာမှာတော့ စကားပြောမပြီးခင် ဖုန်းချပစ်တဲ့ရွန်နီကြောင့် လော်ရက်တာတယောက် စိတ်တိုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဟာသနဲ့အချစ် အချိုးအစားကျကျနဲ့ ရှူစားကြရမှာ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:42:00 Genre... Romatic Comedy, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Moonstruck (1987)
7.2
Meet Joe Black (1998)
ဒီတစ်လော မင်းသားကြီး Brad Pitt ရဲ့ ရုပ်ရှင်ကားတွေပြန်ကြည့်ဖြစ်ရင်း Meet Joe Black ဆိုတဲ့ ကားကိုCM မှာ တင်ပေးဖို့ သတိထားမိသွားပါတယ်ဒီကားကို တိပ်ခွေခေတ်က ခဏ ခဏ ကြည့်ဖူးပါတယ်DVD ခွေတွေ ထွက်တဲ့အခါလဲ BluRay အခွေဝယ်သိမ်းတဲ့ အထိ ကြိုက်ခဲ့မိပါတယ်...ဒီရုပ်ရှင်ကားမှာ မင်းသားကြီး Brad Pitt သရုပ်ဆောင်တဲ့အချိန်က ၁၉၉၈ ခုနှစ်ဖြစ်ပြီး Brad Pitt ရဲ့ အသက်က၂၁ နှစ်ပဲ ရှိပါသေးတယ်...နာမည်ကျော်မင်းသားကြီး ရဲ့ ငယ်ရွယ်နုပျိုချောမောနေမှုကပျိုတိုင်း ယိုင်လဲလောက်ပါတယ်...အပြုံး အကြည့် ခပ်ပေပေ ပုံစံလေးတွေက အစဆွဲဆောင်မှု ရှိနေတာမျိုးပေါ့...ဒီရုပ်ရှင်ကားကလဲ မိသားစုလိုက်ကိုကြည့်သင့်တဲ့ ကားမျိုးဗျ မိသားစု မေတ္တာကိုပိုအသားပေး ထားတာမျိုးပဲဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော်စပွိုင်လာ ဖြစ်ချင်လဲ ဖြစ်နိုင်တာမို့ ကြည့်ဖို့ ရည်ရွယ်ထားရင်ဆက်မဖတ်နဲ့တော့....ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခု ရဲ့ ဥက္ကဌ ဖြစ်သူ ဘေးလ် ဟာတစ်ညသော ...
movie
Meet Joe Black (1998)
1998
7.2
Meet Joe Black (1998)
Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie
Meet Joe Black (1998)
1998