Channel Myanmar

David Rogerson

The Baby in the Basket (2025) 5.5
The Baby in the Basket (2025)  ဒီကားကိုတော့ ဒါရိုက်တာ Andy Crane နဲ့ Nathan Shepkaတို့ ရိုက်ကူးထားပြီး Maryam d'Ano, Paul Barber,Amber Doig-Thorne တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ပွဲတွေဖြစ်နေတဲ့ ကာလတစ်ခုအတွင်းမှာ ဝေးလံခေါင်ဖျားတဲ့လူသူသိပ်မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် စိန့်အောဂတ်စတင်းလို့ခေါ်တဲ့ ဘုရားကျောင်းတစ်ခုရှိခဲ့ပါတယ်။တစ်နေ့မှာတော့ သီလရှင်တစ်ဦးက နတ်ဆိုးက ဝံပုလွေကသိုးရေခြုံလာသလို အားနည်းတဲ့ပုံနဲ့ရောက်လာပြီး ဘုရားကျောင်းကို ပျက်စီးစေလိမ့်မယ်လို့ ‌ပြောကြားခဲ့ပါတယ်။တစ်ခြားသူတွေက မယုံကြည်ကြတာကြောင့်သူကထွက်သွားဖို့ပဲ ရွေးခဲ့ပါတယ်။ဒီလိုနဲ့ မုန်တိုင်းတွေထန်တဲ့ ညတစ်ညမှာ ဘုရားကျောင်းကိုဘယ်ကမှန်းမသိတဲ့ မွေးကင်းစကလေး ရောက်လာခဲ့ပြီးအဲဒီအချိန်ကစလို့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။သီလရှင်တစ်ပါးသေဆုံးပြီး တစ်ပါးက ရူးသွပ်သွားတာကနေစပြီး ဆက်တိုက် သေဆုံးမှုတွေ ဖြစ်လာတဲ့အခါမှာတော့ဒီကလေးဟာ နတ်ဆိုးရဲ့ကိုယ်ပွားဖြစ်နိုင်တယ်လို့ သံသယဝင်လာခဲ့ကြပါတယ်။ ဒီနတ်ဆိုးလက်ကနေလွတ်အောင်သူတို့ဘယ်လိုကြိုးစားကြမှာလဲ......ဘယ်သူကရော လွတ်မြောက်သွားမလဲ.....တကယ်ပဲ အစစ်အမှန်လွတ်မြောက်ခြင်းလား။ဒါတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။  File size… (762 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 40m Genre …..Drama , Horror , ...
movie

The Baby in the Basket (2025)