Channel Myanmar

David Paymer

Mighty Joe Young (1998)
Mighty Joe Young (1998) Charlize Theron ခေါင်းဆောင်ပါဝင်ထားတဲ့ 90s family ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးမလေး Jill Young ဟာ နို့တိုက်သတ္တဝါတွေကို လေ့လာနေတဲ့ သတ္တဇီဝပညာရှင် မိခင်ဖြစ်သူ Ruth Young နဲ့အတူ အာဖရိက တောတောင်ထဲမှာ ဂေါ်ရီလာမျောက်ဝံမျိုးစိတ်တွေကို လေ့လာနေတာပါ။တစ်ညမှာတိရစ္ဆာန်တွေကို တရားမဝင် အမဲခိုးလိုက်ပြီး ရောင်းစားတဲ့ အဖွဲ့တစ်ဖွဲ့က မျောက်ဝံလေး Joe နဲ့ သူ့မိခင် အနောက်ကို လိုက်ရင်း Joe ရဲ့ မိခင်နဲ့ Jill ရဲ့ မိခင် နှစ်ဦးစလုံး ဆုံးသွားခဲ့ပါတယ်။ တစ်ညထဲမှာပဲ မိဘမဲ့ ဖြစ်ခဲ့ရတဲ့ Joe နဲ့ Jill ဟာ အချင်းချင်း စောင့်ရှောက်ပြီး ကြီးလာကြပါတယ်။ တစ်ရက် California တိရစ္ဆာန်ထိန်းသိမ်းရေး စခန်းက Gregg O'Hara ဆိုတဲ့ ပညာရှင် တစ်ယောက်က ကျားသစ်တစ်ကောင်ရဲ့ ...
movie

Mighty Joe Young (1998)

Resurrecting the Champ (2007) 6.7
Resurrecting the Champ (2007) Resurrecting the Champ (2007)IMDb - 6.7ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ ...
movie

Resurrecting the Champ (2007)

Bounce (2000)
Bounce (2000) ဒီဇာတ်လမ်းလေးကတော့ Romantic drama အမျိုးအစားဇာတ်လမ်းလေးပါ။ ဘဝရဲ့ခက်ခဲကြမ်းတဲ့တဲ့အချိုးအကွေ့တွေရင်ဆိုင်လာရချိန်မှာ လူတွေဘယ်လိုပုံစံ တုန့်ပြန်ကြသလဲ ဘယ်လိုပုံစံနဲ့ဆက်လက်ရှင်သန်နေထိုင်ကြသလဲ ဘယ်လိုခက်ခဲတဲ့ရွေးချယ်မှုမျိုးတွေနဲ့ဆက်လက်ကြုံတွေ့ရမလဲ လဲပြိုကျချိန်တိုင်းဘယ်လိုပြန်ထရမလဲဆိုတာတွေကို အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဘာဒီ အမာရာဆိုတာကတော့ လူမှုဆက်ဆံရေးမှာကျွမ်းကျင်လိမ်မာတဲ့ ကြော်ငြာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။အလုပ်ကိစ္စအတွက်ခရီးထွက်ရင်း လေဆိပ်မှာမိတ်ဆွေသစ်တွေနဲ့မိတ်ဖွဲ့ခဲ့ပြီးနောက်သူ့လေယာဉ်လက်မှတ်ကို မိတ်တွေသစ်ဖြစ်တဲ့ ဂရက် ဂျနလို ကိုပေးလိုက်ရာမှ ထိုလေယာဉ်ပျက်ကျသွားခဲ့တဲ့နောက် ဘာဒီတစ်ယောက် အရင်လိုလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်ပြေနိုင်ဦးမှာလား … လေယာဉ်ပေါ်ပါသွားတဲ့ ဂရက် ရဲ့ ကျန်ခဲ့တဲ့မိသားစုတွေကရော ဒီအရာကိုဘယ်လိုလက်ခံရင်ဆိုင်ကြရမှာလဲ …ဘာဒီတစ်ယောက်သူပေါ့ပျက်ပျက်လုပ်လိုက်မိတဲ့အပြုအမူတစ်ခုရဲ့ နောက်ဆက်တွဲကိုဘယ်လိုပုံစံနဲ့ ဖြေရှင်းဖို့ကြိုးစားမလဲ… ဖြေရှင်းဖို့ကြိုးစားရင်းဘယ်လိုအရှုပ်တွေနဲ့ထပ်တိုးမလဲဆိုတာကို အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ဖော်ကြူးပြသထားတဲ့ပုံတွေကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး…File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sanju
movie

Bounce (2000)

Payback (1999)
Payback (1999) IMDb 7.1 အထိရထားတဲ့ အထာကျကျ အမိုက်စား လက်စားချေဇာတ်လမ်းလေးဖြစ်ပြီး ခေတ်ဟောင်းမင်းသား Mel Gibson ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းမှာတော့ Porter ဆိုတဲ့ ပရော်ဖက်ရှင်နယ်သူခိုးတစ်ယောက်ကို သူ့သူငယ်ချင်း Val နဲ့ သူ့မိန်းမ Lynn တို့က ပိုက်ဆံ ၇ သောင်းအတွက်နဲ့ သစ္စာဖောက်သွားကြပါတယ် ဒါပေမဲ့ ဆရာဝန်တစ်ယောက်က Porter ကို ကယ်ထားပြီး သေနတ်ဒဏ်ရာဆေးကုပေးလို့ ၅ လ အကြာမှာတော့ လက်စားပြန်ချေဖို့ ကြိုးစားရာမှာ Val ရဲ့ အထက်က The Outfit ဆိုတဲ့ ငကြမ်းတွေစုနေတဲ့ လူဆိုးဂိုဏ်းနဲ့ပါ ရင်ဆိုင်ထိပ်တိုက်တွေ့ပါတော့တယ်File size…(1.5 GB)/(682 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Thriller, Action , Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by ...
movie

Payback (1999)

The Hurricane (1999) 7.6
The Hurricane (1999) The Hurricane (1999) *************************** IMDb.....7.6<<<<<Rotten Tomatoes 83%   သူ့နာမည်က Rubin "Hurricane" Carter  ... ငယ်ငယ်လေးကတည်းက လူဖြူတွေနဲ့ ပြသနာတချို့ရှိခဲ့တယ်... ဒါကြောင့်ပဲ အချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်းတွေမှာပဲ အချိန်ကုန်နေတယ်... လူဖြူတချို့ကြောင့် ထောင်ထဲမှာ အချိန်ကုန်ရတဲ့လူငယ်လေး  Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို ခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်... ဒီလိုနဲ့ သူဟာ နာမည်ကျော်  လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ (၃)ယောက်အသတ်ခံလိုက်ရတယ်... ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း  Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricane ကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦးဗျို့...  ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့  ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက  ...
movie

The Hurricane (1999)

State and Main (2000) 6.7
State and Main (2000)  State and Main (2000)IMDb Rating (6.7) / Rotten Tomatoes (85%) ဒါရိုက်တာ David Mamet မှ ရိုက်ကူးထားတဲ့ ဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို ရောက်လာခဲ့တယ် ရုပ်ရှင်အဖွဲ့သားတစ်ဦးက ဒေသခံတွေ နှင့် သူတို့ရဲ့ ထူးဆန်းတဲ့ ပြဿနာတွေကြားမှာ နှောက်ယှက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ဒီဇာတ်ကားက ရယ်စရာ ဒိုင်ယာလော့တွေနဲ့ ပြည့်နေတာပါပဲ။ ဒီဇာတ်ကားမှာ William H. Macy၊ Alec Baldwin နဲ့ Philip Seymour Hoffman တို့ ပါဝင်ပါတယ်။သူတို့အားလုံးဟာ ဖျော်ဖြေမှုကောင်းကောင်းနဲ့တင်ဆက်နိုင်ပါတယ်၊ Macy က ရုန်းကန်နေရတဲ့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ထားပြီး Baldwin က ထင်ရှားကျော်ကြားသော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Hoffman သည် ပြည်တွင်းပြဇာတ်ရေးဆရာအဖြစ် သရုပ်ဆောင်ထားကြတယ်။ဒီဇာတ်ကားက ဟောလိဝုဒ်မှာ ရယ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဖန်တီးမှုနောက်ကွယ်က ရူးသွပ်မှုတွေကို ...
movie

State and Main (2000)

2000
In Good Company (2004)
In Good Company (2004) မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို ...
movie

In Good Company (2004)

The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
Spartan (2004) 6.5
Spartan (2004)  စကော့ဟာ ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့တပ်သားအသစ်တွေကို လေ့ကျင့်ပေးတဲ့ စစ်ရေးနည်းပြတစ်ယောက်ပါ...။တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ပြန်ပေးဆွဲခံရတဲ့ အမှုမှာသူလည်းပါဝင်စုံစမ်းပေးဖို့ အမိန့်ကျလာပါတယ်...။ပြန်ပေးဆွဲသွားတဲ့အကြောင်းအရင်းက လူကုန်ကူးဖို့၊လိင်လုပ်သားအဖြစ်အတင်းအကြပ်စေခိုင်းဖို့ပါ...။ဒါပေမဲ့ ပြန်ပေးသမားတွေမသိတာ ဒီကောင်မလေးဟာ အစိုးရအရာရှိကြီးတစ်ယောက်ရဲ့သမီးဖြစ်နေရော....။ဒီတော့ ပြန်ပေးသမားတွေ မသိခင် ကောင်မလေးကို ပြန်ကယ်မယ့်တာဝန်ဟာစကော့ခေါင်းပေါ်ကျရောက်လာပြီး...စကော့တစ်ယောက် ဘယ်လိုစုံစမ်းထောက်လှမ်းကယ်ထုတ်မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ....။ File size…1.86GB / 655MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Spartan (2004)

Bait (2000) 5.7
Bait (2000) Bait (2000) Genre – Action, Comedy, Crime IMDB – 5.7/10ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကိုအစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက်ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူးပြောထားတာကို တစ်ဖက်လူက အစောင့်တွေကိုသတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာထောင်ထဲဝင်နေလိုက်တယ်။ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့အခန်းတူတူကျပါလေရော။ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီးတစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲအဲဒီမှာတင် သေသွားခဲ့တယ်။ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ်အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူလူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက်သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကိုအမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ဆိုတော့ ထောက်လှမ်းရေးမှူးတို့ ...
movie

Bait (2000)

2000
Get Shorty (1995) 6.9
Get Shorty (1995) Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie

Get Shorty (1995)

Accident Man (2018) 6.0
Accident Man (2018) Accident Man ဆိုတာလူတစ်ယောက်ပေါ့။ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။သူတို့လောကမှာ အဲ့ဒီဈေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊လမ်းဘေးလူသတ်မှုပုံစံလား၊မီးရှို့သတ်မလား၊မတော်တဆပုံစံလားစသဖြင့်ပေါ့။Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ) File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
movie

Accident Man (2018)

2018
Bad Teacher (2011) 5.6
Bad Teacher (2011) Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။Poster ပေါ်မှာလဲ  Eat me ငါ့ကိုစားပါတွေရော.. She doesn't give an "F." တွေရောနဲ့  R-Rated ဇာတ်ကားလေးပါ။မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့...မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်...အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်...သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ ...ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ...ဒါနဲ့ဘူနေတုန်းမှာပဲ...သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်...ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ....။  File size…(1.7 GB)/ (999 MB)/ (500 MB) Quality…BluRay Unrated 1080p /720p / 480p Format…mkv Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

Bad Teacher (2011)

The Sunlit Night(2019) 6.0
The Sunlit Night(2019) The Sunlit Night(2019)မိသားစုတစ်စုထဲမှာ လမ်းခွဲခြင်း၊ ကွာရှင်းခြင်း၊ လက်ထပ်ခြင်း သုံးမျိုးစလုံး တပြိုင်နက်ဖြစ်သွားတဲ့အချိန်မှာစိတ်ထွက်ပေါက်က ဘယ်ဟာဖြစ်လာမယ်ထင်မိပါသလဲ။ဝါသနာနဲ့ အသက်မွေးမှုအလုပ် ထပ်တူမကျခဲ့တဲ့ လူတစ်ယောက်ကရော ပျော်ရွှင်နိုင်ပါ့မလား။အဲဒီလို အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့တိုင်ပတ်‌နေတဲ့ နယူးယောက်ကပန်းချီဝါသနာရှင်မလေး Frances၊ တရက်မှာတော့ အိမ်နဲ့ဝေးတဲ့နေရာဖြစ်ရင် ပြီးရောဆိုပြီး အာတိတ်ဒေသက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ အဲဒီလို ကမ္ဘာ့အစွန်းဖျားဒေသတစ်ခုမှာ ‌နောက်ထပ် အထီးကျန်သူတစ်ယောက်နဲ့ ဖူးစာဆုံရလိမ့်မယ်ဆိုတာ ဘယ်သူများကြိုသိခဲ့မှာလဲ။ဆုံးရှုံးခြင်းပန်းချီကားထဲက သူတို့ရဲ့ဘဝတွေက လိုက်လို့ပြေးနေတာလား ပြေးလို့လိုက်နေတာလား။...အစရှိတဲ့ အချိုးအကွေ့တွေနဲ့ ဘဝပန်းချီကားသစ်တစ်ချပ်ကို ဘယ်လိုတွေ ခြယ်မှုန်းကျမလဲဆိုတာချစ်ရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ဆက်လက်ရှူစားကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thit Htoo Zaw ပဲဖြစ်ပါတယ်...File Size : (800 MB) and (304 MB) Quality : WEB-DL 720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Sunlit Night(2019)

Horse Girl (2019) 5.9
Horse Girl (2019) ဆာရာဆိုတဲ့လူမှုဆက်ဆံရေးညံ့ပြီးတစ်ယောက်တည်းနေလေ့ရှိတဲ့သူမကအနုပညာနဲ့လက်မှုပစ္စည်းတွေကြိုက်ပြီးမြင်းစီးရတာနဲ့သဘာဝလွန်ဇာတ်ကားတွေကြည့်တာကို ဝါသနာပါလှသူပါ ။သူမရဲ့လက်တွေ့ဘဝ ကို ရောယှက်ရှုပ်ထွေးစေတာကတော့သူမရဲ့ ရှင်းလင်းပြတ်သားတဲ့ အိပ်မက်ဆိုးတွေကပဲဖြစ်ပါတယ် ။အိပ်မက်ဆိုးတွေကိုအိပ်မက်လို့မယူဆပဲထူးခြား ဆန်းကြယ် ဇာတ်ကားတွေအကြည့်လွန်နေတဲ့သူမကအိပ်မက်ထဲကအရာတွေက အိပ်မက်မဟုတ်ပဲအပြင်မှာ အမှန်တကယ်ရောက်ရှိနေတယ်လို့ယူဆတဲ့သူမ အတွေးအခေါ်က မှန်ကန်နေလားဒါမှမဟုတ် သူမ ကိုယ်တိုင်က ရူးကြောင်ကြောင်ဖြစ်နေတာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ IMBD-5.9 ရရှိထားပြီးMystery,Drama ဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ်........ File Size : ( 975 MB , 310 MB ) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Drama , Mystery Subtitle : Myanmar Subtitle ...
movie

Horse Girl (2019)

Heart and Souls (1993) 7.0
Heart and Souls (1993) Heart and Souls (1993) IMDb - 7.0/10_____Rotten - 55%  >>> Heart and Soul <<<<1993 ခုနှစ်က ထွက်ရှိခဲ့ပြီး Imdb 7 ရထား တဲ့ PG-13 Comedy Drama Romance ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက နိုင်ငံတကာမှာပဲ ပေါက်ခဲ့တာမဟုတ်ပဲ မြန်မာနိုင်ငံမှာလည်း သရဲလေးကောင် ဆိုတဲ့နာမည် နဲ့ ပုံစံတူရိုက်ကူးခဲ့ပြီး အောင်မြင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးက  1959 ခုနှစ် မှာ လူလေးယောက်စီးနှင်းလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ ကိုယ်ဝန်ဆောင် မိခင်တဦး စီးလာတဲ့ ကား တိုက်မိတဲ့ accident တခုအပေါ် သေဆုံးသွားတဲ့ဝိဉာဉ်၄ယောက်နဲ့ အသစ်မွေးဖွားလာတဲ့ခလေးကြား ဆက်နွယ်နေတဲ့ ကံကြမ္မာ တခုက စတင်ပေးခဲ့တယ်။  ဇာတ်လမ်းအကျဉ်း >>>>>>ဆန်ဖရန်စစ်စကို : 1959 ခုနှစ် ပဲရ်နီဝါရှင်တန်အမည်ရှိ ဖုန်းအော်ပရေတာ တခုတွင် ညဆိုင်းလုပ်နေတဲ့ ခလေးသုံးယောက်အမေ single ...
movie

Heart and Souls (1993)

1993