Channel Myanmar

David Lee Smith

A Walk to Remember (2002) 7.4
A Walk to Remember (2002) A Walk to Remember (2002)IMDb Rating (7.4)“A Walk to Remember” သို့ ပြန်တမ်းတခြင်း …။Nicholas Sparks ရဲ့ဝတ္ထုတွေဘယ်လောက်ထိ နာမည်ကြီးတယ်ဆိုတာ အထူးအထွေမိတ်ဆက်စရာတောင်မလိုတော့ပါဘူး... Romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့ The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာ သူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ရုပ်ရှင်ဟာလဲ သူ့ရဲ့စာအုပ်ကိုပဲရိုက်ကူးထားတာဖြစ်ပြီး 2002 ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့် အချစ်ကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။ အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ ...
movie

A Walk to Remember (2002)

2002
Zodiac (2007) 7.7
Zodiac (2007) Zodiac (2007)IMDb Rating (7.7) / Rotten tomatoes (90%)Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့  နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac  Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်..ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ ...
movie

Zodiac (2007)

2007
Fight Club (1999) 8.8
Fight Club (1999) ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်...RT မှာ 79% ရထားတယ်။ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်"ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ်  တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။) File size…(8.3 GB)/(2.1 GB)/(1.1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:19:08 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated ...
movie

Fight Club (1999)

1999
4K HEVC
Mysterious Skin (2004) 7.6
Mysterious Skin (2004) Mysterious Skin (2004)====================(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ)ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက်တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကိုဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက်အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန်  ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီးတစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်.သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ.ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကိုပရိသတ်များရှုစားနိုင်ဖို့  CM ကနေ တင်ဆက်ပေးလိုက်ပါတယ်....  File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali
movie

Mysterious Skin (2004)

The Man from Earth: Holocene (2017) 5.3
The Man from Earth: Holocene (2017) The Man from Earth: Holocene (2017)_______IMDb - 5.3/10The Man From Earth: Holocene (2017)2007က Man From Earthရဲ့ ဆယ်နှစ်အကြာမှာထပ် ထွက်ခဲ့တဲ့Sequelကားဖြစ်တဲ့ Holoceneမှာ ရေခဲခေတ်နှောင်းကနေ ယနေ့အထိနှစ်ပေါင်း ၁၁၀၀၀ ရှည်တဲ့ကာလ ဘူမိဗေဒအခေါ်အဝေါ်အရ Holoceneခေတ်အကုန်မှာတော့ နှစ်ပေါင်း ၁၄၀၀၀လုံး အသက်ကြီးမလာခဲ့တဲ့ Johnဟာ အိုမင်းတဲ့လက္ခဏာတွေ စပြလာခဲ့ပါတယ်။ John Oldmanမဟုတ်တော့ပဲ John Youngဆိုတဲ့ နာမည်နဲ့ Johnဟာ Chicoမှာ ဘာသာတရားနှိုင်းယှဉ်လေ့လာရေး ပါမောက္ခလုပ်နေပါတယ်။ ပထမကားက အကြောင်းအရာတွေကို ရှေးဟောင်းသုတေသနပညာရှင် Artက The Longest Night အမည်နဲ့ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဒီစာအုပ်ရဲ့ လက်မခံနိုင်စရာတွေကို ဖြစ်ရပ်မှန်လို့ဝန်ခံထားခြင်းကြောင့် ဝေဖန်ရှုပ်ချခံအလုပ်ပြုတ်ခဲ့ရပါတယ်။သူ့အတန်းသားတစ်စုဟာ သူ့ဆီက Artရဲ့ စာအုပ်ကို ဖတ်မိရာကနေ John Youngဟာ John Oldman ဆိုတာကို သတိပြုမိပြီး သက်သေပြဖို့ ကြိုးစားရာကနေ John ဟာ အဲ့ဒီမြို့ကနေ ထွက်ခွာဖို့ဖြစ်လာခဲ့ပါတယ်။သူ့ကိုယ်သူ ယေရှု့ပါလို့ ဆိုထားတဲ့ အသက်တစ်သောင်းလေးထောင်ရှည်တဲ့ လူသားတစ်ယောက်ရယ်... ခရစ်ယာန်ဘာသာရေး အစွန်းရောက်ကျောင်းသားတစ်ယောက်ရယ် သက်သေပြချင်တဲ့ကျောင်းသားတစ်စုရယ်ကြားမှာ ဖြစ်မဲ့ အရှုပ်အထွေးတွေကိုတော့ အနက်ရောင်ဖန်သားပြင်ထက်မှာ ကိုယ်တိုင်ပဲခံစားကြည့်ကြပါ။Rating နည်းပေမဲ့လည်း the ...
movie

The Man from Earth: Holocene (2017)

2017
The Man from Earth (2007) 7.9
The Man from Earth (2007) The Man from Earth (2007)_______IMDb - 7.9/10   ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ John Oldmanလို့ခေါ်တဲ့ ပါမောက္ခတစ်ယောက်... ကျောက်ခေတ်ဦးကနေ ယနေ့ခေတ်ထိ နှစ်တွေသန်းနဲ့ချီရှင်သန်နေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက ကျောက်လက်နက်တွေနဲ့ အမဲလိုက်ဖူးတဲ့ လူ.... သူက ဗုဒ္ဓနဲ့ တွေ့ဖူးတဲ့လူ.... သူကိုယ်တိုင်ကို ယေရှု့လို့သတ်မှတ်ခံရဖူးခဲ့တဲ့လူ ဗင်းဆင့်ဗန်ဂိုးရဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့လူ.... ပညာရပ်အဖုံဖုံရဲ့ ပါမောက္ခဖြစ်ဖူးတဲ့လူ... သူချစ်တဲ့လူတွေရဲ့ သေဆုံးခြင်းကို ရင်နင့်ကြေကွဲဖူးတဲ့လူ... သမိုင်းဖြတ်သန်းမှု အဆက်ဆက်ထဲမှာ စီးမျောဖူးတဲ့လူ..။ ဒီရုပ်ရှင်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာပါ။ မှန်သည်မှားသည်ကတော့ ကိုယ်တိုင်ပဲချင့်ချိန်ကြပါ။ ဒီဇာတ်လမ်းဟာ သူ အလုပ်ထွက်ပြီး ထွက်သွားမဲ့အချိန်မှာ သူငယ်ချင်း ပါမောက္ခတွေနဲ့ အနုပညာ ချစ်ခြင်းမေတ္တာ ရှင်သန်ရပ်တည်မှု ဘာသာရေးစသဖြင့် အကြောင်းအရာအစုံကို ဆွေးနွေးခဲ့ကြတဲ့ ညတစ်ညအကြောင်းပါပဲ....။လူူသားတစ်ယောက်ဟာ သက်တမ်းအနေနဲ့ သက္ကရာဇ်တွေ ဘယ်ရွေ့ဘယ်မျှပဲရရ ဒီကမ္ဘာပေါ်က မြေမှုန်တစ်ပွင့်ထက် မပိုခဲ့ပါဘူး။သူ့ အသက် ၁၄၀၀၀ နဲ့တောင်မှပဲပေါ့... အသိတရားတွေလည်း အများကြီး မရခဲ့ပါဘူး။"ဒုက္ခနဲ့တစ်ခါ ရင်ဆိုင်တွေ့တိုင်း ချစ်သူ လက်ကလေး တစ်ခါကိုင်ချင်တယ်"ဆိုတဲ့ အိုမာခယမ် ကဗျာကလေးလို လူတွေမှာတွယ်တာရာ ရည်ရွယ်ရာတွေနဲ့ လောကဓံတွေကို ရင်ဆိုင်နေကြရတာ များပါတယ်။ အချိန်တွေ အကြာကြီး ရှင်သန်ရင်း... ဆုံးရှုံးခဲ့ရတာတွေသိပ်များလာတဲ့အခါမှာ "ဆုံးရှုုံးကြရမဲ့အတူတူတော့ ဘာတွေကိုများ အများကြီး ဆုပ်ကိုင်ထားကြဦးမလဲ" တွေးမိကြမှာပေမဲ့ တက်နိုင်သရွေ့တော့ တွယ်ညှိနေကြဦးမှာပါ လူတွေဟာ အမှန်တရားထက်ပိုပြီး ...
movie

The Man from Earth (2007)

2007