Channel Myanmar

David Joseph Craig

Permission (2017)
Permission (2017) Permission (2017)*******************IMDb.....5.4(ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်။)ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းကအရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်းအတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင်း အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမဲ့ သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ်အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလားဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ... File Size : 1.03GB/ 490MB Quality : WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration…01:36:00 Genre :  Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Tiff
movie

Permission (2017)

Boy Erased (2018) 7
Boy Erased (2018) Boy Erased (2018) ******************** IMDb.....7.0,,,Rotten.....81% "ဟဲလို" "မစ္စနန်စီအီမန်လားခင်ဗျ" "ဟုတ်ပါတယ်" "'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ" "ရှင် ဘာများဖြစ်လို့လဲ" "အဲဒါက...." ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်... သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်... သားရဲ့နာမည်ကတော့ ဂျဲရက်... ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ... မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ ဂျဲရက်ကိုယ်တိုင်က "သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့... ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့  LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ... မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်... ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမက စရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်... ..သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်.... ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး.... နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့... အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်.. မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်... မှတ်ချက်....(မြန်မာဇာတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...)   File Size : ...
movie

Boy Erased (2018)

The Gift (2015) 7
The Gift (2015) The Gift (2015) ~ IMDb - 7/10, Rotten Tomatoes - 91% ~ဇာတ်ကားနာမည်က "လက်ဆောင်" တဲ့။ဘာလက်ဆောင်လဲဆိုတော့ ဇာတ်ဆောင် လင်မယားနှစ်ယောက် အိမ်အသစ်ကို ပြောင်းလာကြတယ်။ အဲဒီမှာ ယောက်ျားရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အဲဒီသူငယ်ချင်းက လက်ဆောင်တွေ ဇွတ်လာပေးနေတာပါပဲ။ အိမ်ကို လူမရှိတဲ့အချိန်ဝင်ပြီး လက်ဆောင်ပေးတတ်သေးတယ်။တကယ်ကို ကြောင်တောင်တောင်ကောင်ပါပဲ။ မိန်းမဖြစ်သူကတော့ သဘောကောင်းတယ်ဆိုပြီး ခင်ပေမဲ့ ယောက်ျားဖြစ်သူကတော့ ခါးခါးသီးသီးဖြစ်နေပါတယ်။ သူတို့ငယ်သူငယ်ချင်းတွေ... ငယ်ငယ်က ဘယ်အကြောင်းတွေကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပါ။ဒါပေမဲ့ ဇာတ်ကားနာမည်လက်ဆောင်ဆိုတာက အဲဒီလက်ဆောင်တွေထက် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စကားပြောနိုင်တဲ့ အစွမ်းကို ရည်ညွှန်းတယ်ထင်ပါတယ်။ အဲဒီလက်ဆောင်က သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ ပြချင်တဲ့ စိတ်ဝင်စားစရာ Thriller, Mystery ဇာတ်ကားလေးတစ်ကားပေါ့။ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း နှယ်နှယ်ရရတွေမဟုတ်ပါဘူး။ Ozark နဲ့ ကျွန်တော်တို့သိကြမယ့် ...
movie

The Gift (2015)

2015