Channel Myanmar

David Howard Thornton

Screamboat (2025) 5.5
Screamboat (2025)  ထူးထူးခြားခြား ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေကို ကြောက်စရာကောင်းတဲ့ လူသတ်ဗီလိန်ကြီးတွေအဖြစ်ပြောင်းလဲရိုက်ကူးထားတာကိုမှ စိတ်ဝင်စားကြတဲ့လူတွေအတွက် ဒီတစ်ခါမှာတော့ ဟိုးခေတ်လူကြီးတွေကအစ အခုခေတ်ကလေးတွေအထိ မသိသူရှားတဲ့ MickeyMouse ရဲ့ Horror ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Rating တွေဘာတွေကတော့ ဒီလိုဇာတ်ကားမျိုးတွေရဲ့ထုံးစံအတိုင်း မကြိုက်ကြတဲ့လူများတဲ့အတွက်ကောင်းမှာတော့မဟုတ်ပေမဲ့ စိတ်ဝင်စားတဲ့လူတွေအတွက်ကတော့ ထူးထူးဆန်းဆန်းကြည့်စရာဇာတ်ကားလေးတစ်ကားဖြစ်နေဦးမှာပါပဲ။ဒီကားလေးကိုတော့ Mickey Mouse ကားတွေ တချို့ကာတွန်းကားတွေရဲ့ အစမှာတွေ့ရမဲ့ လေလေးချွန်ပြီး လှေမောင်းနေတဲ့ကြွက်လေးကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဇာတ်အိမ်တည်မဲ့နေရာကိုတော့ ဖယ်ရီသင်္ဘောကြီးတစ်ခုပေါ်မှာတည်ထားတာတွေ့ရမှာဖြစ်ပါတယ်။စစချင်းမှာတော့ နယူးယောက်မြို့လေးရဲ့ထုံးစံအတိုင်း ဖယ်ရီသင်္ဘောပေါ်ကို လူပေါင်းစုံ စရိုက်ပေါင်းစုံတက်လာခဲ့ပြီးပျော်တဲ့သူကပျော် အနားယူတဲ့သူကအနားယူနဲ့ သာယာတဲ့ညနေခင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒီဇာတ်ကားရဲ့အဓိကဗီလိန်ကြီးပေါ်လာပြီး လူတွေကိုတစ်ယောက်ပြီးတစ်ယောက်ဘယ်လိုသတ်ဦးမလဲ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတွေအပြင် ဒီလိုသည်းထိပ်ရင်ဖိုကားတွေရဲ့ထုံးစံအတိုင်း အသက်ရှင်ကျန်သူတွေရောရှိပါ့ဦးမလားဆိုတာကို ရှုစားရဦးမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.15 GB) / (714 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Comedy , Horror Subtitle….Myanmar Subtitle ...
movie

Screamboat (2025)

Terrifier 3 (2024) 7.0
Terrifier 3 (2024)  နာမည်ကျော် ဟော်ရာ အခုတ်အထစ် ရုပ်ရှင်တွဲဖြစ်တဲ့သုံးကားမြောက် Terrifier လာပါပြီ။ ဒါရိုက်တာကတော့အရင်နှစ်ကားကို ရိုက်ခဲ့တဲ့ Damien Leoneပါပဲ။ဒုတိယကားရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် ရုပ်ရှင်ကုမ္ပဏီကြီးတွေက ငွေထုတ်ပေးဖို့ ကမ်းလှမ်းပေမဲ့ ဒါရိုက်တာကလက်မခံခဲ့ပါဘူး။ သူ့အပြောအရတော့ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့သာဆိုရင် ပထမဆုံး ဇာတ်ဝင်ခန်းကိုတောင် သူ့ကိုရိုက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။  ဘာလို့လဲဆိုတာတော့ ရုပ်ရှင်ကြည့်ရင်တွေ့ပါလိမ့်မယ်။ သူရိုက်ချင်တာတွေကို တစ်ပြားသားမှ မလျှော့ဘဲရိုက်ဖို့ သူ့ပိုက်ဆံနဲ့သူ ထုတ်ရိုက်တဲ့ ဒါရိုက်တာပါပဲ။အရင် စူပါဟီးရိုးကားတွေ ရုံတင်ကားတွေလို ကတ်ကြေးကိုဂရုမစိုက်ရတဲ့ ဒါရိုက်တာပါပဲ။ ပိုက်ဆံသက်သာအောင် အထူးပြုလုပ်ချက်တွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်တဲ့သူလည်း ဖြစ်လို့ပါပဲ။အသည်းငယ်သူတွေ နှလုံးမကောင်းသူတွေ မကြည့်ဖို့ သတိပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒီဇာတ်လမ်းကတော့ ဒုတိယရုပ်ရှင်အပြီး ၅ နှစ်အကြာမှာဇာတ်အိမ်တည်ထားတာပါ။ ဆီရန်နာတစ်ယောက် စိတ်ကျန်းမာရေးဆေးရုံတွေ ဆက်တိုက်တက်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပြီးပြန်လာချိန် သူ့ရဲ့အဒေါ် ဂျက်စ်ရဲ့အိမ်မှာ ခဏနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့မောင်လေး ဂျိုနသန်ကလည်း ကျောင်းမှာအဆောင်နေနေတာပါ။ ခရစ္စမတ်ကာလမှာ မိသားစုတွေ စုံဖို့စီစဉ်နေကြချိန်မှာပဲ လူပြက်အာ့ထ် နဲ့ ...
movie

Terrifier 3 (2024)

Terrifier (2016) 5.6
Terrifier (2016) Terrifier(2016)ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတိုTerrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ကောင် Art the clown ဟာ အရင်က All hallows' eve ဇာတ်လမ်း နဲ့ The 9th circle ဇာတ်လမ်းတိုတို့မှာလည်း ပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာ ပီဇာဆိုင်ကိုသွားကြပါတယ်။ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်း လှည့်ကြည့်လိုက်တဲ့အခါ...  Translated by ; Pyi T NyeinEncoded by YKQuality : 1080p Blu-Rayx264 and 720pFile Size : 1.8GB and ...
movie

Terrifier (2016)

2016
The Mean One (2022) 4.3
The Mean One (2022) The Mean One (2022) =================Sloth ကောင်လေးတွေ, Winnie The Pooh တို့ လူတွေသတ်နေတဲ့ ခေတ်ကြီးမှာ အားကျမခံ နာမည်ကြီး ဇာတ်ကောင်တစ်ကောင်လည်း လူသတ်ပါပြီ။ အဲဇာတ်ကောင်ကတော့ Dr. Seuss ‌ရေးသားတဲ့ How the Grinch Stole Christmas စာအုပ်ထဲက ဇာတ်ကောင်ကြီး Grinch ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားအမျိုးအစားကတော့ Christmas Horror/Parody ပါ။ အလွယ်ပြောရရင် Low budget နဲ့ ရှိပြီးသား ဇာတ်ကောင်ကို ဖျက်ဆီး ထားတယ်ပေါ့ဗျာ။ ကျွန်တော့်အမြင် ပြောရရင်တော့ Winnie the Pooh: Blood and Honey ဇာတ်ကားလောက်တော့ မဆိုးဘူးပြောရမှာပဲ။ Costume ပိုင်းလည်း ပိုပီပြင်တယ်၊ ဇာတ်လမ်းပိုင်းလည်း အဆင်ပြေ တယ်တော့ ဆိုရပါမယ်။ခရစ္စမတ်ကာလ ညအချိန်မှာ စင်ဒီဟာ ဆန်တာကလော့စ် မဟုတ်ဘဲ ဂရင့်ချ်နဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကို စင်ဒီ့အမေက မြင်သွားပြီး ကြောက် အားလန့်အားနဲ့ စင်ဒီ့ကို ကာကွယ်‌ပေးဖို့ လုပ်ပါတယ်။ ...
movie

The Mean One (2022)

2022