Channel Myanmar

Dávid Hartl

Réveillon (2023) 7.3
Réveillon (2023)  ချက်ကိုစလိုဗက် နိုင်ငံကနေ ကတ္တီပါ တော်လှန်ရေးလို့ နာမည်ရတဲ့Velvet Revolution ကို ၁၉၈၉ မှာ စတင်ခဲ့ပြီးတဲ့နောက်မှာ ၁၉၉၂ ခုနှစ်ကုန်ခါနီးပိုင်းမှာ ချက်ရီပတ်ဘလစ်နိုင်ငံနဲ့ စလိုဗက်ကီယား နိုင်ငံတို့ငြိမ်းချမ်းစွာနဲ့ ခွဲထွက်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလ အတောအတွင်းကိုအခြေပြုပြီး ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ခွဲထွက်မှု မတိုင်ခင်က ကွန်မြူနစ်တွေ ကြီးစိုးတဲ့ ကာလဟာ ဘာသာရေးသက်ဝင်ယုံကြည်မှုတွေကို အပြင်းအထန်ရှုတ်ချပြီး ရိုမန်ကတ်သလစ်ဘာသာဝင်တွေကို နှိပ်ကွပ်ခံခဲ့ရတဲ့ ကာလဆိုရင်လည်း မမှားပါဘူး။ဒီဇာတ်ကားမှာ နိုင်ငံခွဲထွက်မှုမတိုင်ခင် နှစ်သစ်ကူး ကာလကို မိသားစုစုံညီအတူ ကျင်းပပျော်ရွှင်ဖို့ လုပ်နေကြရင်း ကွန်မြူနစ်အခြေပြု စုံစမ်းထောက်လှမ်းရေး အဖွဲ့ STB လို့ခေါ်တဲ့ လျှို့ဝှက်တပ်ဖွဲ့ရဲ့ Informerသတင်းပေးအဖြစ် လုပ်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူအကြောင်းကို အထောက်အထားနဲ့သိလိုက်ရတဲ့ အချိန်မှာ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုမျိုး ခံစား ဖြေရှင်းကြမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.34GB / 690MB Quality…WEB-DL 1080p 5.1CH ...
movie

Réveillon (2023)

We Have Never Been Modern (Usvit) (2023) 7.0
We Have Never Been Modern (Usvit) (2023) ဇာတ်လမ်းအကျဉ်းကတော့ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစက‌လေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ဆေးပညာနဲ့နီးစပ်ပြီး‌ ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်က‌ရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ File size…(2 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

We Have Never Been Modern (Usvit) (2023)