Channel Myanmar

David Gridley

Far Haven (2023) 5.8
Far Haven (2023)  Far Haven (2023)IMDb Rating (5.8) / Rotten Tomatoes (67%) ကောင်းဘွိုင်ချစ်သူတို့အတွက် ကောင်းဘွိုင်ဆန်ဆန် မိသားစု ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ IMDB မှာ 5.8 အထိပဲရရှိထားတယ်ဆိုပေမယ့် ဆုပေါင်း ၅ ဆုနဲ့ ဆန်ကာတင်စာရင်း ၇ ခုအထိ ချိတ်ထားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ကောင်းဘွိုင်တစ်ယောက်ရဲ့ မိသားစုဘဝကို ဇာတ်အိမ်တည်ထားပြီးတော့ ဇာတ်လမ်း နောက်ခံကို နည်းနည်းပေးနာထားပါတယ်။ဇာတ်လမ်းအကျဉ်းဟန်တာဘရက်ဒေါ့လို့ခေါ်တဲ့ ကောင်းဘွိုင်ရွာက ယောက်ျားသားတစ်ယောက်ဟာ အချိန်တန်တော့ စစ်တပ်ထဲဝင်ခဲ့ပါတယ်။ဒါပေမဲ့ စိတ်ကောင်းစွာနဲ့ဘဲ အမေရိကန်တို့ရဲ့ထုံးစံအတိုင်း အချုပ်အခြာအာဏာစနစ်သည်သာ အဓိကဖြစ်တဲ့အတွက် အထက်လူကြီးရဲ့စကားကို လက်အောက်ခံတပ်သားတွေက ဖီဆန်ခွင့်မရှိပါဘူး။သို့ပေမယ့်လည်း ကိုယ့်ရဲ့အထက်လူကြီးက စစ်သုံးပန်းဖြစ်သော်ငြားလည်း အပြစ်မဲ့တဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ခိုင်းတဲ့အခါမှာဘရက်ဒေါ့ဟာသည်းမခံနိုင်ဘဲ တာဝန်ထမ်ဆောင်ရင်းတန်းလန်း စစ်တပ်ထဲက ရဲဘော်ရဲဘက်တွေကို ချန်ထားခဲ့ပြီးအိမ်ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဆိုသလိုပဲ အချိန်တန်တဲ့အခါ ဘရက်ဒေါ့ဟာထောင်ချခံလိုက်ရပါတယ်။ဖြစ်ချင်တော့ ဒီကိစ္စတွေအားလုံးကို သူ့ရဲ့ဆုံးပါးသွားတဲ့ အမျိုးသမီးကလွဲရင် ဘယ်သူမှမသိပါဘူး။ဒီလိုနဲ့ ...
movie

Far Haven (2023)

2023
Love in Zion National: A National Park Romance(2023) 6.4
Love in Zion National: A National Park Romance(2023) Love in Zion National: A National Park Romance(2023)***************************************************ဇိုင်ယွန်အမျိုးဥယျာဉ်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်၊ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်ဗာသဘာဝသမိုင်းပြတိုက်ကို ရှေးဟောင်းပစ္စည်း စုဆောင်းသူ မစ္စဟိုလင်းစတန်းဟာ ဆန်နာဆာဇီမှာတွေ့ခဲ့တဲ့ရှေးဟောင်းအိုးသုံးခုနဲ့အတူ သူခရီးသွားမှတ်တမ်းဂျာနယ်ကို သူ့ဘဝနောက်ဆုံးဆန္ဒအတိုင်း လှူဒါန်းခဲ့ပါတယ်။ဒါပေမယ့် တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဖြစ်တဲ့အတွက် တူမြေးဖြစ်သူ ဂရေဒီဟာ ပြန်လိုချင်နေပါတယ်၊ ပြတိုက်တာဝန်ခံမှူးဖြစ်တဲ့ လော်ရန်ဟာ ဒီအိုးတွေ သုတေသနလုပ်ကြည့်ခဲ့တဲ့အခါ တစ်ခုခုမှားယွင်းနေတာကိုသိလိုက်ရတယ်၊ အကြောင်းက အိုးသုံးခုမဟုတ်ဘဲလေးခုဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါ။ထင်မှတ်မထားတဲ့နောက်ခံရာဇဝင်အကြောင်းကိုသိလာတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.... File Size : (1.7GB) and (804MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Love in Zion National: A National Park Romance(2023)

Lady Driver(2020) 6.3
Lady Driver(2020) Lady Driver(2020) အယ်လီလန်းစင်းဆိုတဲ့ အသက်၁၆နှစ်သာရှိသေးတဲ့ ​ကောင်မလေးဟာ ဖခင်ဆုံးပြီးနောက်ပိုင်း အမေနောက်အိမ်ထောင်ပြုခဲ့လေတော့သူမနဲ့ပထွေးဖြစ်သူနဲ့ သိပ်အစေးမကပ်လှ....အိမ်တွင်းအဆင်မပြေမှုတွေကို ယာဥ်မောင်းသင်တန်းကျောင်းတစ်ခုက ကားပစ္စည်းအစိတ်အပိုင်းတွေ စက်ပြင်အတန်းချိန်တွေနဲ့အစားထိုးပြီးသူမအချိန်တွေကို မြှုပ်နှံထားပါတယ် ...တစ်နေ့ အယ်လီတစ်ယောက် ကားမောင်းလိုင်စင်ရပီးနောက်မှာ အိမ်ကထွက်ပြေးဖို့ကြံပါတော့တယ်..ဒီလိုနဲ့ ယာဥ်မောင်းသင်တန်းက ကားစုတ်ကြီးတစ်စီးကိုခိုး အမြန်လမ်းပေါ်တက်မောင်းပါတော့တယ်..ဒီနေ့တင်လိုင်စင်ရတယ် ဒီနေ့တင် တစ်ယောက်တည်းကားတက်မောင်းတဲ့ အာဂကောင်မလေး အမြန်လမ်းတစ်နေရာရောက်တော့ကားစုတ်ကြီးက radiator ထဖောက်လို့ ထိုးရပ်လိုက်ရာကနေ သူမရဲ့ ဆုံးသွားတဲ့အဖေရဲ့ ညီဖြစ်သူနဲ့ ဘယ်လိုအကြောင်းဖန်တွေ့ဆုံပီးရွှံ့မြေပြေးလမ်းတွေပေါ်က ပြိုင်ကားထိုင်ခုံပေါ် သူမဘယ်လိုရောက်သွားမလဲကြည့်ရမှာပါ..ကားဝါသနာအိုးလေးဖြစ်တဲ့ အယ်လီလန်းစင်းအတွက် သာမန်ကားမောင်းရတာနဲ့ ပြိုင်ကားမောင်းရတာ ဘယ်လိုကွဲလွဲမှုတွေရှိမယ် ..သူမအတွက်ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲဆိုတာတော့ ခံစား ကြည့်ရှုကြည့်ပါ...Racer movie တွေကိုခုံမင်တဲ့သူတွေအတွက်တော့ တကယ်ကြည့်ပျော်တဲ့ကားဖြစ်မှာအာမခံပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....File Size : (850 MB) and (360 MB) Quality : WEB-DL 720p Format…mp4 Duration…01:44:00 Genre : Sport Subtitle : Myanmar Subtitle ...
movie

Lady Driver(2020)