Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Gilliam
7.5
Splashback (2024)
Splashback (2024)IMDb Rating (7.5) ခပ်ဆန်းဆန်း ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၆၉ မှာ လကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်ခြေချနိုင်ခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ သမိုင်းသစ်တစ်ရပ်အတွက် လူတွေအောင်ပွဲခံနေကြပေမယ့်၊မထင်မရှား George Losser ဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့အရေးမပါဘူးထင်ရတဲ့ တီထွင်မှုအသေးစားလေးကိုရာထူးကြီးပိုင်းတွေနဲ့ ရင်းနှီးပြီး အရေးပါအရာရောက်တဲ့ ယောက်ဖဖြစ်သူ ဂျက်ကို ချပြဖို့ကြိုးစားပါတယ်။ဂျက်က အလကားပါလို့သဘောထားတဲ့ပစ္စည်းလေးကို အမှတ်မထင် နီးလ်အမ်းစထရောင်းက စိတ်ဝင်စားသွားတဲ့အခါမှာတော့ ဘယ်လိုပစ္စည်းလေးလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(580 MB) / (410 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, History Duration….00:29:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan
movie
Splashback (2024)
2024
6.4
Severance(2006)
IMDb- 6.4/10Rotten tomatoes- 66%ဇာတ်လမ်းအညွှန်းပယ်လီစိဒ် လက်နက်ကုမ္ပဏီက အဖွဲ့သား၇ယောက်ပါတဲ့ မားကတ်တင်းအဖွဲ့ဟာ အဖွဲ့ဖွဲ့စည်းရေးပိတ်ရက်အနေနဲ့ ဟန်ဂေရီနိုင်ငံက တောင်တန်းတွေဆီကို ရောက်လာကြတယ်။ မိန်းလမ်းမတစ်နေရာအရောက်မှာ ကားဆက်သွားလို့မရဖြစ်နေတာနဲ့ တောလမ်း လမ်းလွှဲလေးကနေ သွားကြမယ်ဆိုတာကို ကားမောင်းသမားက “အဲ့တောလမ်းအကြောင်း ကြောက်စရာ ကောလဟာလသတင်းတွေကို သူသိထားတယ်၊ လိုက်မပို့နိုင်ဘူး” ဆိုတာကို ဇွတ်ရောအတင်းရော သွားချင်နေကြတဲ့ အဖွဲ့ကတော့ အဲ့နေရာမှာပဲ ဆင်းခဲ့ကြတယ်။ တောလမ်းတစ်လျှောက်သွားရင်းကနေ သူတို့မထင်မှတ်ထားတဲ့၊ ဘယ်သူပိုင်လို့ ဘယ်သူနေနေမှန်းလဲမသိတဲ့ အိမ်အိုကြီးကို တွေ့သွားကြတယ်။ ကုမ္ပဏီပိုင် ဇိမ်ခံအိမ်ကို မျှော်လင့်ထားကြတဲ့ အဖွဲ့သားတွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဲ့အိမ်ကြီးမှာပဲ တည်းဖို့ဖြစ်သွားတယ်။ အဲ့အိမ်မှာ လျှောက်စပ်စုကြည့်ရင်းနဲ့ တစ်ယောက်က အရင်ကမှတ်တမ်းဖိုင်တွေ တွေ့သွားတယ်။ အဲ့မှတ်တမ်းအရဆို “ပယ်လီစိဒ်ရဲ့ စနပ်ကြောင့် စိတ္တဇဆေးရုံကလူတွေ အသတ်ခံလိုက်ရပြီး တစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်တယ်။ အဲ့တစ်ယာက်က သူ့လမ်းကြောထဲဝင်လာတဲ့ ပယ်လီစိဒ်တွေကို ရေဆုံးမြေဆုံးလိုက်သတ်တယ်တဲ့”။ အဲ့လို ဟိုဟိုဒီဒီသိထားကြတဲ့ သူတို့တစ်တွေ ...
movie
Severance(2006)
8.0
Slumdog Millionaire (2008)
ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie
Slumdog Millionaire (2008)