Channel Myanmar

David Gibson

Bloat (2025) 5.8
Bloat (2025) Bloat (2025) *************သည်းထိပ်ရင်ဖိုဇာတ်ကားပရိသတ်တွေအတွက် Paranormal Activity လိုမျိုး ခံစားချက်ရစေပြီးတော့ မပျင်းရစေမဲ့ Bloat ဆိုတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဗီဒီယိုကောပြောတာတွေ အချက်အလက်တွေရှာဖွေတာတွေနဲ့ ကွန်ပြူတာဖန်သားပြင်ပေါ် ကြည့်နေရတာများတဲ့ Horror ဇာတ်ကားမျိုးဖြစ်တဲ့အတွက် ကြည့်နေကျဇာတ်ကားတွေနဲ့ တစ်မျိုးကွဲထွက်နေမှာတော့အမှန်ပါပဲ။ဒီတော့‌ ဒီလိုမျိုးရှားရှားပါးပါးထူးထူးခြားခြား Horror ကားလေးတွေကို စိတ်ဝင်စားတယ် ဆိုရင်တော့ တစ်ခါလောက်ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဂျပန်ကိုခရီးထွက်နေတဲ့ ဟန်နာနဲ့ သားနှစ်ယောက်ကိုတွေ့ရမှာ ဖြစ်ပြီး အဖေဖြစ်သူဂျက်ခ်ကတော့ စစ်တပ်စခန်းမှာတာဝန်ကျနေတဲ့အတွက် ကျန်ခဲ့ရပါတော့တယ်။ဖြစ်ချင်တော့ ကလေးတွေနဲ့ရေကန်တစ်ခုနားမှာ အပန်းဖြေနေကြတုန်း အငယ်ကောင်လေး ကိုင်လ်က ရေနစ်သွားခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း ကံကောင်းချင်တော့ အသက် အန္တရာယ်မစိုးရိမ်ရတော့ဘဲ ပြန်သက်သာလာခဲ့ပါတော့တယ်။ ဇာတ်လမ်းကအခုမှစတာပါ။ကိုင်လ်ဆေးရုံကဆင်းလာပြီးနောက်ပိုင်း ဘာမှမစားတော့ဘဲ သခွားသီးတစ်ခုတည်းကိုပဲ စွဲစွဲလမ်းလမ်းစားနေပြီး ကလေးတစ်ယောက်ဆီမှာ မဖြစ်သင့်တဲ့အပြုအမူတွေကို မြင်လာရပါတော့တယ်။ နောက်ပိုင်းမှာတော့ ပိုပိုဆိုးလာပြီး အမေဖြစ်သူ ဟန်နာကပါ ရူးချင်လာတဲ့အတွက် အဝေးရောက်နေတဲ့အဖေဖြစ်သူဂျက်ခ်လည်း ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး သူ့မိသားစုကို ဘယ်လိုကယ်တင်ပေးမလဲဆိုတာတွေကို တစ်မျိုးတစ်ပါး မတူကွဲပြားစွာ ရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.42GB / 605MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 28m Genre ….. Footage ...
movie

Bloat (2025)

Gifted Hands: The Ben Carson Story (2009) 7.5
Gifted Hands: The Ben Carson Story (2009) ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ်ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေရရှိထားတာပဲ ဖြစ်ပါတယ်။ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာတစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီးငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့်ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်းတဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်းဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေတစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလိုမှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတ‌တွေလည်းပါတာမို့ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size :  1.8 GB, 777 MB Quality ...
movie

Gifted Hands: The Ben Carson Story (2009)

Joker (2019) 8.5
Joker (2019) Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie

Joker (2019)

2019
4K HEVC
Wander 2020 5.5
Wander 2020 အာသာ ဟာ အတိတ်က အဖြစ်ဆိုးကြောင့် စိတ်ဒဏ်ရာရထားတဲ့ လှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီသမား တစ်ဖြစ်လဲ အလွတ်စုံထောက်ပါ။ ဝန်ဒါလို့ခေါ်တဲ့ မြို့လေးမှာ ဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းပေးဖို့ ငှားရမ်းခံရပြီးနောက်မှာ လိမ်ညာမှုတွေကို ဆက်တိုက်တွေ့လာရပြီး ဒီအမှုက သူ့ရဲ့ သမီးကို သတ်လိုက်တဲ့လူနဲ့ ဆက်စပ်မှုရှိနေတယ်လို့ သံသယဝင်လာပါတယ်။ ဒီလိုနဲ့ အမှန်တရားနဲ့ စိတ်ကူးယဥ်မှုကြားမှာ စိတ်မနှံ့ချင်သလိုဖြစ်နေတဲ့ အာသာတစ်ယောက် အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်ပါ့မလား? လျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ သူထင်နေတဲ့အမှုဟာ အမှန်လား ထင်ယောင်ထင်မှား ဖြစ်တာလား? Wander 2020 ဟာ ထိတ်လန့်သည်းဖို ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : ThrillerTranslator – Htet Wai Lwin 
movie

Wander 2020

Human Capital (2019) 6.9
Human Capital (2019) နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်‌ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ‌၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Human Capital (2019)