Channel Myanmar

David Flick

Sudden Death (1995) 5.8
Sudden Death (1995) ဒီဇာတ်ကား က​တော့ ကျွန်​တော်တို့ငယ်ငယ်က စစ်ကားအက်ရှင်ကားကောင်း​ဆိုရင် ပါတက်တဲ့မင်းသားကြီး Van Damme ပါဝင်သရုပ်​ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကား​လေးက​တော့ သည်းထိတ်ရင်ဖို အက်ရှင်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ​တော့ မင်းသားကြီးVan dammeက မီးသတ်သမား တစ်​ယောက်အ​နေနဲ့ပါဝင်သရုပ်​​ဆောင်ထားပါတယ်။ဇာတ်လမ်းသွားက​တော့ ​ဟော်ကီပွဲမှာ ဓါးစာခံအဖြစ်ဖမ်းခံထားရတဲ့ ဒုသမ္မတနဲ့မင်းသားကြီးရဲ့ က​လေး​တွေကိုကယ်တင်တဲ့အ​ကြောင်းပဲဖြစ်ပါတယ်မင်းသားကြီးတစ်​​ယောက် ဘယ်လိုတိုက်ခိုက်မလဲအခက်အခဲ​တွေကိုဘယ်လိုရင်ဆိုင်​ကျော်လွှားမလဲဆိုတာက​တော့ဇာတ်လမ်း​လေးမှာကြည့်ရှူကြပါဦးခင်ဗျား။  File Size :  2 GB, 903 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant
movie

Sudden Death (1995)

An American Pickle (2020) 5.7
An American Pickle (2020) An American Pickle Genre - Comedy,Fantasy IMDb - 5.7/10Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေ‌သေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။File size…    2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller
movie

An American Pickle (2020)

Concussion (2015) 7.1
Concussion (2015) 2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ‌ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကို စိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။‌အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန် ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက် သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။ IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။File size…    1.6 GB /  ...
movie

Concussion (2015)

The Next Three Days(2010) 7.4
The Next Three Days(2010) IMDb...7.4 ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ...ကျွန်တော်တို့ဟာ  ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ပြောက်မြောက်တဲ့အမူအရာတွေကို  ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်...လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့...သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ..ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ  သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး....ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ...ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe  ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ...ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်...ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ...
movie

The Next Three Days(2010)

2010