Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Chokachi
5.1
Shark Warning (2024)
Shark Warning (2024)************************ငါးမန်းကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့Shark Warning ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Jaw လောက်တော့မကြမ်းပေမဲ့သူ့အနေအထားနဲ့သူရှိတဲ့အတွက် အပျင်းပြေတော့ကြည့်လို့ကောင်းမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Wanda Vision တို့Hawkeye တို့လို Marvel Series တွေကိုရိုက်ကူးခဲ့တဲ့ Jimmy Gadd ဖြစ်တဲ့အတွက်ရိုက်ချက်တွေကတော့ လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ အယ်လန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူကလွန်ခဲ့တဲ့နှစ် ၂၀ တုန်းက သူ့မွေးရပ်မြေရဲ့ကမ်းခြေမှာ ညီဖြစ်သူ ဒန်နီနဲ့ ရေကစားနေတုန်းငါးမန်းတစ်ကောင်ရောက်ချလာပြီး ဒန်နီ့ကိုဆွဲသွားပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ညီဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး သူ့စိတ်ထဲမှာတော့ ဒါတွေအားလုံးဖြစ်ရတဲ့ အဓိကတရားခံကကလေးပဲရှိသေးတဲ့သူတို့ကိုမကြည့်ပေးဘဲ ဘီယာသောက်ဖို့ထွက်သွားတဲ့ သူ့ဦးလေးရွန်ကြောင့်ဆိုပြီးအပြစ်တင်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ နောက်နှစ် ၂၀ အကြာမှာတော့ အယ်လန်က မွေးရပ်မြေကိုအကြောင်းပြချက် မယ်မယ်ရရမရှိပဲနဲ့ ပြန်လာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ အဲ့ဒီအချိန်မှာငါးမန်းတစ်ကောင်ရှိနေတယ်ဆိုပြီး သတင်းကြားခဲ့ရလို့ သွားကြည့်တဲ့အခါမှာ ငယ်ငယ်တုန်းကသူ့ညီကိုသတ်ခဲ့တဲ့ငါးမန်းပဲဖြစ်နေတဲ့အတွက် အယ်လန်တစ်ယောက်အဲ့ဒီငါးမန်းကိုပြန်သတ်ဖို့ကြိုးစားရင်းသူ့ဦးလေးနဲ့ သူ့ကြားကအငြိုးတွေရော ပြေနိုင်ပါ့မလားဆိုတာတွေနဲ့ အဲ့ဒီမြို့ရဲ့တခြားသောစိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်တွေကိုကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…2.14GB ...
movie
Shark Warning (2024)
6.5
Psycho Beach Party (2000)
Psycho Beach Party (2000) ======================၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ်အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီးရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့တစ်ဦးတစ်ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့်Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံးရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီတစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေလူကြီးစိတ်၀င်လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီးသူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီးသူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personalitydisorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်းဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက်ဖြစ်လာတဲ့အခါမှာ ...
movie
Psycho Beach Party (2000)
7.8
Adeline (2022)
Adeline(2022)IMDb rating ~ 7.8/10အမေရိကန်ပြည်ထောင်စုက နာဗာဂျိုလို့ခေါ်တဲ့ လူမျိုးစုတွေမှာ အဆိုတစ်ခု ရှိပါတယ်“ကမ္ဘာကြီးကို ကုစားပေးဖို့အတွက် ဘုရားသခင်က မြင်းတွေကို ဖန်ဆင်းပေးခဲ့တာ”ပါတဲ့အက်ဒီလိုင်းဟာ သာမန်မြင်းတွေထက် ပိုမို ထူးကဲပြီး ကုစားပေးနိုင်စွမ်း မြင့်မားတဲ့ မြင်းမလေးပါတစ်နေ့မှာ နယူးမက္ကဆီကိုပြည်နယ်ရဲ့ နယ်မြို့လေး တစ်မြို့ဆီ အက်ဒီလိုင်းနဲ့ သူ့သခင်မစ္စကေတို့ ရောက်ရှိလာကြပါတယ်အဲဒီမြို့က သင်းအုပ်ဆရာ ရက်ဗရန့်နဲ့ ဇနီးဖြစ်သူ တယ်ရီတို့မှာ မွေးကတည်းက တစ်ခါမှ စကားမပြောတဲ့ ၈ နှစ်အရွယ် အော်တစ်ဇင်ရောဂါသည် သားလေးတစ်ယောက် ရှိပါတယ်သင်းအုပ်ဆရာကတော့ သူတို့သားလေး စကားမပြောနိုင်တာဟာ ဘုရားသခင်ချမှတ်ပေးထားတဲ့ လမ်းဖြစ်ပြီး ဒီလမ်းအတိုင်း လျှောက်လှမ်းကြရုံပဲရှိတယ်လို့ ခံယူထားသူဖြစ်ပြီးတော့ ဇနီးဖြစ်သူ ကတော့ သူတို့သားလေး စကားပြောနိုင်ဖို့ ဘာမဆို ကြိုးစားကြည့်ချင်တဲ့သူ တစ်ယောက်ပါမစ္စကေနဲ့ အက်ဒီလိုင်းတို့ ရောက်ရှိလာပြီး အက်ဒီလိုင်းရဲ့ ကုစားပေးနိုင်တဲ့စွမ်းအားတွေအကြောင်း ကြားသိရပြီးတဲ့နောက် သင်းအုပ်ဆရာတို့ ဇနီးမောင်နှံအကြား ပေါ်ပေါက်လာတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေအကြောင်း ဒီဇာတ်ကားထဲမှာ ကြည့်ရှူကြရမှာပါတွေးစရာတွေ၊ သင်ခန်းစာယူစရာတွေ ပေးနိုင်တဲ့ ဇာတ်လမ်းမျိုးကို လိုက်ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်လမ််းက ကွက်တိပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie
Adeline (2022)
2022