Channel Myanmar

David Carradine

Big Stan (2007) 6.2
Big Stan (2007)  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမီ အချိန်အတွင်း ကြံမိကြံရာကြံရင်းစတန်တယောက် သူ့ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။အဲဒီဆရာကျေးဇူးနဲ့ပဲ ထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကို ကူညီတိုက်ခိုက်ပေးရင်းဆရာကြီးတပါးဖြစ်လာပါတယ်။ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်း ထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။အဲတော့စတန်တယောက်ဘယ်လို ရှေ့ဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Fridays
movie

Big Stan (2007)

2007
Kill Bill: Vol. 2 (2004) 8.0
Kill Bill: Vol. 2 (2004) Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004)IMDb Rating (8.2) / IMDb Rating (8.0)ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့....အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ...
movie

Kill Bill: Vol. 2 (2004)

4K HEVC
Kill Bill: Vol. 1 (2003) 8.2
Kill Bill: Vol. 1 (2003) Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004)IMDb Rating (8.2) / IMDb Rating (8.0)ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့....အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ...
movie

Kill Bill: Vol. 1 (2003)

2003
4K HEVC
Lone Wolf McQuade (1983) 6.3
Lone Wolf McQuade (1983) ဒီဇာတ်ကားလေးကတော့ အမေရိကန်နေထူးနိုင်လို့တင်စားလို့ရတဲ့ chuck norris ရဲ့ Texas Ranger လုပ်တဲ့ ကားလေးပါ။"Chuck Norris ကိုမြွေဟောက်ကကိုင်လိုက်ပြီး ၁၀ မိနစ်လောက်အလူးအလဲခံစားရပြီးနောက်မှာ မြွေဟောက်ဟာ သေသွားပါတယ် "" Chuck Norris ဟာဒိုက်မထိုးပါဘူး သူထောက်တဲ့အချိန်က ကမ္ဘာကြီးကပဲမတင်ပေးရပါတယ်" ဆိုပြီး ဟာသတွေ ကိုChuck Norris Joke ဆိုပြီး ခေါ်ရတဲ့အထိကို ရုပ်ရှင်တွေထဲမှာ တစ်ကိုယ်တော်အရမ်းကြမ်းပြပါတယ်။ဒီဇာတ်လမ်းထဲမှာလည်း Chuck Norris က ရုပ်ရှင်စတည်းက တစ်ကိုယ်တော်တွေ ကြမ်းပြနေတာပါ။Chuck Norris က Texas ပြည်နယ်က Ranger လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်ပါ။တစ်ကိုယ်တော်တွေအရမ်းကြမ်းလွန်းလို့တောင် ရဲကပ္ပတိန်က တစ်ကိုယ်တော်မကြမ်းနဲ့ဆိုပြီး တွဲဖက်တစ်ယောက်နဲ့တွဲပေးပါတယ်။ဒါပေမဲ့လည်း မေဒီကန် နေထူးနိုင်ကတစ်ကိုယ်တော်ပဲ ကြမ်းဆဲပါ။တစ်နေ့မှာတော့ လက်နက် မှောင်ခိုရောင်းတဲ့ အဖွဲ့ရဲ့ပစ်ခတ်မှုကြားမှာ ကွီး Chuck Norris ရဲ့ သမီးကိုမှကံဆိုးသူ လူဆိုးတစ်စုက ဆွဲထည့်မိသွားပါတယ်။ကွီး Chuck ...
movie

Lone Wolf McQuade (1983)

Mean Streets (1973) 7.2
Mean Streets (1973)  ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။၁၉၇၃ ...
movie

Mean Streets (1973)

How to Rob a Bank (2007) 6.0
How to Rob a Bank (2007)  "ဘဏ်ဘယ်လိုဖောက်ရမလဲ" ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ Thriller/Comedy ရုပ်ရှင်ပါ။ ခရမ်းချဉ်သီးပုပ်မှာ မျက်နှာပန်းမလှရှာပေမဲ့ IMDbမှာတော့ 6 အထိရရှိထားပါတယ်။ ကျွန်တော့်အတွက်ကတော့ ၂၀၀၇ လို ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ စိတ်၀င်စားစရာကောင်းပြီး လက်ခံပေးလို့ရတဲ့ အဆင့်မှာရှိတယ်လို့ မြင်ပါတယ်။ဒီရုပ်ရှင်က ရိုက်ကွင်း နှစ်ခုသုံးခုလောက်နဲ့ ပတ်ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဇာတ်လမ်းအစမှာ ဂျေဆန်တေလာဆိုတဲ့ဘဲက ဘဏ်တစ်ခု အနုကြမ်းစီးခံနေရချိန်မှာ ငွေတိုက်ထဲမှာ ဂျက်စီကာလို့‌ခေါ်တဲ့ စော်လေးတစ်ပွေနဲ့ပိတ်မိနေတယ်။ တကယ်တော့ ဒီဘဲက အနုကြမ်းစီးတဲ့အဖွဲ့နဲ့ လားလားမှမဆိုင်ဘူး။ သူ့ အေတီအမ်ကဒ်ကနေ ငွေထုတ်ရင်း အပိုကြေးထပ်ဖြတ်ခံလိုက်ရလို့ ဘဏ်မှာမကျေမနပ်နဲ့ ကွန်ပလိန်းလာတက်ရင်းကနေ အနုကြမ်းစီးတဲ့အချိန်နဲ့ တည့်တည့်တိုးပြီး ထီပေါက်သွားတာ။ဂျေဆန်နဲ့ ဂျက်စီကာတို့ပိတ်မိနေတဲ့ ငွေတိုက်ခန်းထဲမှာ ကွန်ပြူတာတစ်လုံးရှိတယ်။ ဒီကွန်ပြူတာကို ဆယ်တန်လောက်လေးတဲ့ သံတံခါးကြီးနဲ့ပိတ်ထားတဲ့ ငွေတိုက်ထဲမှာ ထည့်ထားရခြင်း အကြောင်းရင်းတစ်ခုရှိပါတယ်။ဒီလိုနဲ့ ဂျေဆန်တို့ဆီကို အပြင်မှာ အနုကြမ်းစီးနေတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ ဓားစာခံကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ...
movie

How to Rob a Bank (2007)

Death Race(2008) 6.7
Death Race(2008) Death Race(2008)*****************ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကို ကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာ ပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီး ပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူ Natalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibson တို့ကအဓိကပါဝင်သရုပ်ထားပါတယ်။မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်း ဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲ မိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်း တစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကို ငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကို လေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။ အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့ နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက် ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့...မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်File Size :(3.1GB)(1.1GB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:45:00 Genre :Action, Crime , Sci-Fi Subtitle : ...
movie

Death Race(2008)