Channel Myanmar

David Cardona

Wind River (2017) 7.7
Wind River (2017) Wind River (2017)IMDb Rating (7.7) / Rotten Tomatoes (87%)Hawkeye မင်းသားကြီး Jeremy Renner နဲ့ Wanda မင်းသမီး Elizabeth Olsen တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက အင်ဒီးယန်းနယ်မြေက ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating မြင့် ရသစုံရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကတော့... ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်... မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့... ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် ဇာတ်ကားတလျှောက်လုံး ရင်တထိတ်ထိတ်နဲ့ တရားခံဘယ်သူဖြစ်နိုင်မလဲ.... ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာရော မဖြစ်နိုင်ဘူးလား....စသဖြင့် စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်း နှင်းတွေရေခဲတွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် နှင်းတောင်တန်းရဲ့ ရသအပြည့်ပုံစံနဲ့ ခံစားရမှာပါ။ File size…(6.5 GB)/ ...
movie

Wind River (2017)

2017
4K HEVC