Channel Myanmar

David Byrd

The Hudsucker Proxy (1994) 7.2
The Hudsucker Proxy (1994)  Coen Brothers က ရိုက်ကူးခဲ့တဲ့ ဒီဟာသရုပ်ရှင်ဇာတ်လမ်းမှာဆိုရင် The Shawshank Redemption ထဲက မင်းသား Tim Robbins က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - Hudsucker Industries ရဲ့ ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ရဲ့ အကြီးအကဲနဲ့ စတော့ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ‘ဝဲရင်း ဟတ်ဆက်ကာ’ သေဆုံးသွားပြီးနောက် ဘုတ်အဖွဲ့က ရှယ်ယာရှင်တွေအနေနဲ့ စတော့ရှယ်ယာတွေ ဒီထက်ပို ပိုင်ဆိုင်ချင်တဲ့အတွက် သူတို့ ကုမ္ပဏီရဲ့ စတော့ကျဆင်းသွားအောင် လုပ်ဖို့ ဝိုင်းဝန်းကြံစည်ကြပါတော့တယ်။ကုမ္ပဏီကို ငတုံးတစ်ကောင်ကို ဦးစီးခိုင်းလိုက်ရင် သူတို့ဖြစ်စေချင်သလို ကုမ္ပဏီကြီးက ကပြောင်းကပြန် ဖြစ်သွားတော့မှာပါ။ ဒီတော့ ဥက္ကဋ္ဌအသစ်အဖြစ် တင်မြှောက်မယ့်လူကို လိုက်ရှာနေချိန် အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ ‘နော်ဗီးလ် ဘန်းစ်’ဆိုတဲ့ အူတူတူ အတတပုံစံနဲ့ လူတစ်ယောက်က သူတို့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။နော်ဗီးလ်က ငတုံးတစ်ကောင် ပုံစံဖြစ်နေပေမယ့် တကယ်က စီးပွားရေးနဲ့ပတ်သက်ပြီး ဘွဲ့ရထားသူပါ။ ဒီတော့ ဘုတ်အဖွဲ့က ကြိုးဆွဲရာ ...
movie

The Hudsucker Proxy (1994)

Tango & Cash (1989) 6.4
Tango & Cash (1989) Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie

Tango & Cash (1989)

1989
The Man with Two Brains (1983)
The Man with Two Brains (1983) ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ...
movie

The Man with Two Brains (1983)