Channel Myanmar

David Bredin

Heavier Trip (2024)
Heavier Trip (2024) ဖင်လန်နိုင်ငံကရိုက်တဲ့ ဟာသဇာတ်ကားလေးပါ။ ၂၀၁၈ခုနှစ်ထွက် Heavy Trip ရဲ့ နောက်ဆက်တွဲဇာတ်ကားပါ။ မတ်တယ်လ်ဂီတ (Metal music) ဆိုတာ ရော့ခ်ဂီတရဲ့ မျိုးခွဲတစ်မျိုးပါ။ သူ့ရဲ့ အဓိကလက္ခဏာတွေကတော့ ကျယ်လောင်အားပြင်းတဲ့အသံ၊ လျှပ်စစ်ဂစ်တာကို distortion effect တွေနဲ့ အသုံးပြုတာ၊ ရှုပ်ထွေးတဲ့ ဂစ်တာ riff တွေ၊ အားပါတဲ့ ဒရမ်သံနဲ့ ဘေ့စ်သံတွေ၊ ကျယ်လောင်ပြီး ပြင်းထန်တဲ့ အဆိုတော်ရဲ့ အသံတို့ပဲ ဖြစ်ပါတယ်။ မျိုးခွဲတွေလည်း အများကြီး ရှိပါတယ်။ နာမည်ကြီးတဲ့ မျိုးခွဲတွေကတော့:Heavy Metal: ဒါဟာ မူလအစ မတ်တယ်လ်ဂီတရဲ့ အခြေခံအမျိုးအစားလို့ ပြောလို့ရပါတယ်။ ဥပမာ Black Sabbath, Led Zeppelin, Deep Purple Thrash Metal: မြန်ဆန် ပြင်းထန်တဲ့ မတ်တယ်လ်ဂီတအမျိုးအစားပါ။ ဥပမာ Metallica, Slayer, ...
movie

Heavier Trip (2024)

A Cure for Wellness (2016) 6.4
A Cure for Wellness (2016) A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie

A Cure for Wellness (2016)

Origin (2023) 7.2
Origin (2023)  Origin  ( 2023 ) ==============A24ဟာ ကားကောင်းတွေ ဆန်းဆန်းပြားပြားအငွေ့အသက်ရတဲ့ ရုပ်ရှင်တွေအများကြီးထုတ်ပြီး အောင်မြင်မှုကြီးလာခဲ့သလို မနှစ်ကလည်း သူ့ဆီကထုတ်တဲ့ EEAAOနဲ့ အော်စကာတွေ တော်တော်သိမ်းခဲ့ပြီးပါပြီ။ နီယွန်ကတော့ နည်းနည်းပိုထင်ရှားလာတာတော့  A24နောက်မှပေမဲ့ ၂၀၁၉ကတည်းက သူ့ဆီကဖြန့်တဲ့ ပါရာဆိုက်နဲ့  ဒီလိုအောင်မြင်မှုမျိုးရပါပြီ။  ဒီနှစ်လည်း   A24က သူဖြန့်တဲ့  The Zone of Interest နဲ့  အော်စကာရခဲ့သလို နီယွန်ကလည်း  Anatomy of a Fall နဲ့ အော်စကာရခဲ့ပါတယ်။ နှစ်ဘက်စလုံးက နှစ်တိုင်းလိုလို ကောင်းပေ့ဆိုတဲ့ကားတွေချည်း ဖြန့်နေတဲ့ ကုမ္ပဏီတွေချည်းပါပဲ။ အခု  Origin  ( 2023 )ကလည်း နီယွန်ကကားပါပဲ။  Originဟာ တကယ်တမ်းလည်း ဇစ်မြစ်တစ်ခုကို အဖြေရှာသွားတဲ့ ရုပ်ရှင်တစ်ကားပဲ။  ဘာဇစ်မြစ်လဲဆိုရင်တော့ လူမဲတွေ လူမျိုးရေးခွဲခြားခံရခြင်းရဲ့ ဇစ်မြစ်ပေါ့။ ဘယ်လိုစသလဲဆို တော်တော်တော့ရှည်တယ်။ ဒီဇာတ်မှာတော့ လူမဲကောင်လေးတစ်ယောက်ကို ...
movie

Origin (2023)

Anthropoid(2016) 7.2
Anthropoid(2016) Anthropoid(2016)*****************၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့်ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါကအိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာအသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။File ...
movie

Anthropoid(2016)