Channel Myanmar
David Bowles
Personal Shopper (2016) 6.3
Personal Shopper (2016) Personal Shopper (2016)IMDb Rating (6.1) / Rotten Tomatoes (81 %)Twilight မင်းသမီး Kristen Stewart တကိုယ်တော်ကြမ်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်သည်းထိပ်ရင်ဖိုဒရမ်မာဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့.... မော်ရင်းဟာဂျာမန်ရုပ်ရှင် စတားကိုင်ရာရဲ့ လက်ထောက် အဖြစ် အလုပ်လုပ်နေတာဖြစ်ပြီး ကိုင်ရာဓာတ်ပုံရိုက်ရာမှာ ရုပ်ရှင်ရိုက်ရာမှ ဝတ်သမျှ အဝတ်အစားတွေကို စီစဉ်ပေးရသလို အဝတ်အစားတွေကို ပြန်အပ်တာတွေလည်း လုပ်ရတာပါ။ တကယ်တမ်းတော့ မော်ရင်းဟာ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် လုံးဝစိတ်ဝင်စားခြင်းမရှိပေမယ့်လည်း ကိုင်ရာ့ဆီမှာ ဆက်ပြီးလုပ်နေခဲ့ပါတယ်။တစ်ရက်မှာတော့ မော်ရင်းဆီကို ထူးဆန်းတဲ့ စာတိုမက်ဆေ့ချ်တွေ ရောက်လာခဲ့ပြီး ပို့တဲ့ သူကလည်း သူနဲ့ပတ်သက်တာမှန်သမျှ အကုန်သိတဲ့သူဖြစ်နိုင်တာမို့ သူအစ်ကိုဆီကလို့ပဲ မော်ရင်းထင်ခဲ့ပါတယ်။မော်ရင်းမှာ အမြွှာအစ်ကို လူးဝစ္စရှိပြီး မကြာမီလပိုင်းကမှ ကွယ်လွန်သွားခဲ့တာပါ။ မော်ရင်းတို့ အမြွှာမောင်နှမမှာ နှလုံးရောဂါရှိပြီး ဘယ်သူအရင်သေမလဲဆိုတဲ့ အနေအထားပါ။မော်ရင်းက သူတို့မောင်နှမ အတူနေခဲ့တဲ့ အိမ်ကြီးဆီကို မကြာခဏသွားပြီး တမလွန်က သူ့အစ်ကိုနဲ့ ဆက်သွားနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လူးဝစ္စက သူအကယ်၍များ မော်ရင်းထက် အရင်သေသွားခဲ့ရင် တမလွန်ကနေ ...
movie
Personal Shopper (2016)
2016
The Crow (2024) 5.8
The Crow (2024)  နာမည်ကျော် သဘာဝလွန်ရုပ်ရှင် The Crow 1994 ကိုပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်လာပါပြီ။မင်းသားကတော့ IT ထဲက လူပြက်ကြီး Bill Skarsgård ပါ။ဒါရိုက်တာကတော့ Ghost in the shell 2017 ရဲ့ဖန်တီးရှင်Rupert Sanders ပါပဲ။ ဇာတ်လမ်းအကျဉ်း****************ဗင်းဆင့်ရို့ဆိုတဲ့လူဟာ စေတန်နဲ့အပေးအယူလုပ်ထားပြီး အပြစ်မဲ့တဲ့သူတွေရဲ့ ဝိညာဉ်တွေကို ငရဲကိုပို့ပေးနေပါတယ်။ ဒီလို ပို့ပေးနေသ၍သူဟာ မသေမျိုးအဖြစ် နေခွင့်ရတာပါ။ တစ်နေ့မှာတော့ အရမ်းချစ်တဲ့စုံတွဲနှစ်ယောက်ထဲက ကောင်မလေးရဲ့ဝိညာဉ်ကို ငရဲကိုပို့လိုက်တယ်။အဲဒီအချိန်မှာ ကောင်လေးရဲ့ ဝိညာဉ်က အရမ်းကို ဝမ်းနည်းကြေကွဲတဲ့ရလဒ်အနေနဲ့ တမလွန်ကို ရောက်မသွားဘဲ လေလွင့်သွားပါတော့တယ်။အဲဒီလေလွင့်သွားတဲ့ဝိညာဉ်ကိုပဲ ကမ္ဘာပေါ်က စေတန်နဲ့ အပေးအယူလုပ်ထားတဲ့ လက်ပါးစေတွေကို ရှင်းဖို့ စွမ်းအားတွေနဲ့အတူ တာဝန်ပေးခံလိုက်ရပါတော့တယ်... File size…1.84GB / 918MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Action , Crime , ...
movie
The Crow (2024)
Crimes of Fashion: Killer Clutch (2024) 6.0
Crimes of Fashion: Killer Clutch (2024)  အားလပ်ရက်တွေမှာ ကြည့်စရာ အေးအေးငြိမ့်ငြိမ့်ရုပ်ရှင်တစ်ကားလောက် ရှာနေပါသလား?ဇာတ်အိမ် ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ဒီဖက်ရှင်စုံထောက်ကားလေးကို ရွေးချယ်လိုက်ပါ!ဖက်ရှင်နယ်ပယ်မှာ ဦးတည်အလုပ်လုပ်တဲ့ အမေရိကန်သူစိတ်ပညာရှင် လောရမ် အဲလီးရက်ဟာ အလုပ်သစ်တစ်ခုကြောင့်ပါရီမြို့ကို ယာယီပြောင်းရွှေ့ခဲ့ရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်သူမရဲ့ လုပ်ငန်းခွင်အသစ်ဖြစ်တဲ့ ပါရီဖက်ရှင်ပွဲမှာပဲ လူသတ်မှုကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အခါမှာ…ထက်ထက်မြက်မြက် အမေရိကန်မလေး လောရမ်နဲ့အတူစည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့ပြင်သစ်စုံထောက် အန်ဒရေ ဒူဗရိုင်းက ဘယ်လိုတွေ့ဆုံလက်တွဲပြီး ဒီအမှုကို အဖြေရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အသံဩရှရှ ပြင်သစ်လေသံတွေ၊ ပေါ့ပါးတဲ့ဟာသတွေ၊အဓိကဇာတ်ဆောင် နှစ်ယောက်ကြားက chemistry ကိုက်မှုတွေနဲ့အတူ မလေးလံတဲ့ မှုခင်းစုံစမ်းရေးတွေ ရောပြွန်းပါဝင်နေတာကြောင့် အပျော်တမ်းကြည့်စရာ ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာကို ညွှန်းလိုက်ပါရစေ။ File size…1.74 GB / 760 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie
Crimes of Fashion: Killer Clutch (2024)
Underworld: Blood Wars(2016) 6.5
Underworld: Blood Wars(2016) Underworld: Blood Wars(2016)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)     File size… 1.05GB& 429MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 31min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie
Underworld: Blood Wars(2016)
Medieval (2022)
Medieval (2022) Mediveal (2022)ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​ ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။ သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။ ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ...
movie
Medieval (2022)
The Adventurers (2017) 5.6
movie
The Adventurers (2017)
2017
Unlocked (2017) 6.1
Unlocked (2017)  အက်ရှင်ကားကြိုက်သူတွေအတွက်၂၀၁၇စက်တင်ဘာလဆန်းထွက်ပဲဖြစ်တဲ့အသစ်စက်စက်အက်ရှင်ကားလေးတစ်ကားတင်ပေးလိုက်ပါတယ်။IMDb rating-6.1ရထားတဲ့အက်ရှင်ကားလေးဆိုတော့မဆိုးဘူးလို့ပြောရမှာပါပဲ။လူပေါင်းများစွာအသက်ဆုံးရှုံးလိုက်ရတဲ့ပြင်သစ်နိုင်ငံပါရီမြို့အကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်ကကြိုးကိုင်သူကိုမဖော်နိုင်တဲ့နောက်စုံထောက်အဲလစ်တစ်ယောက်လန်ဒန်ကိုပြောင်းရွေ့တာဝန်ပေးခြင်းခံလိုက်ရပါတော့တယ်။ဒါပေမယ့်လည်းသိပ်မကြာခင်မှာပဲနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မယ့်သတင်းသဲလွန်စကိုစီအိုင်အေကရရှိပြီးနောက်မှာတော့ သူ့ကိုအထက်ကပြန်ခေါ်ယူလိုက်ပါတယ်။နောက်ထပ်အကြမ်းဖက်မယ့်ဖြစ်စဉ်ကိုစုံစမ်းရင်းပဲသူ့ကိုကူညီနေတဲ့စစ်သားဟောင်းတစ်ယာက်နဲ့ကသီကလင်ဖြစ်နေပုံကိုလည်းရသစုံအောင်ရိုက်ပြထားပါသေးတယ်။ကဲ အဲလစ်တစ်ယောက်အဲဒီအကြမ်းဖက်မှုကိုဖော်ထုတ်နိုင်မလား။ကြိုတင်တားဆီးနိုင်မလား။ဒီတခါဘယ်မှာဖြစ်မှာလဲ။စစ်သားဟောင်းကြီးနဲ့အတူအဲလစ်တစ်ယောက်လူတွေအသက်ကိုကယ်နိုင်ပါ့မလားဆိုတာတော့ဇာတ်ကားလေးကိုရှုစားလိုက်ပါဦးဗျာ။(ဘာသာပြန်သူကတော့နေခြည်ပါ)  File Size : (750 MB) and (280 MB) Quality : 720p Bluray Running Time : 1hr 38min Format : Mp4 Genre :Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encode by Thanhtike Zaw
movie
Unlocked (2017)
2017