Channel Myanmar

David Bowe

The Rock (1996) 7.4
The Rock (1996)  မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်....ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်....FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်....ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်.............။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်....မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။ File size…(2.6 GB)/(1.4 GB) Quality….BrRip 1080p / 720p Format… mp4 Duration…. 02:16:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Min Aung
movie

The Rock (1996)

1996
A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men (1992) ***************************** IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်... အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်..... ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်.... စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး.... သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... File Size : 2.18GB/ 870MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle ...
movie

A Few Good Men (1992)

Malice (1993) 6.5
Malice (1993)  ထရေစီ (Nicole Kidman) နဲ့ အန်ဒီ (Bill Pullman) တို့ဟာ အချစ်တွေလျှံနေသေးတဲ့ သာမန် ပညာတတ်လူရည်မွန် ဇနီးမောင်နှံဖြစ်ကြပါတယ်။ ငယ်ရွယ်ချောမောတက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ ထရေစီဟာ ကောလိပ်မှာလက်ထောက်ဌာနမှူးဖြစ်သူ အန်ဒီရဲ့ တပည့်ကျောင်းသူဖြစ်ခဲ့ဖူးသူလေးပါ။တစ်ပတ်မှာ ငါးရက်လောက် ဆေးရုံရဲ့ ကလေးအထူးကုဌာနမှာ လုပ်အားပေးနေသူ ကျောင်းသူ ထရေစီရယ်၊ အနှစ်၁၀၀လောက် သက်တမ်းရှိနေတဲ့ ဝိတိုရိယခေတ်လက်ရာ အိမ်အိုကြီးမှာနေပြီး သမိုင်းဝင်အိမ်ဆိုတဲ့အပေါ်ဂုဏ်ယူနေတတ်တဲ့ ကျောင်းဆရာအန်ဒီတို့ဟာ အိမ်အတွက် အခြေခံလိုအပ်တဲ့ ပြင်ဆင်စရိတ်ကိုတောင် မတတ်နိုင်ကြတဲ့ လူလတ်တန်းစားဇနီးမောင်နှံပေါ့။ ဒါပေမယ့် “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာပွေရ”ဆိုတဲ့ ဆိုရိုးရှိတယ်မလား။အန်ဒီအလုပ်လုပ်တဲ့ကောလိပ်မှာ မုဒိမ်းမှုတွေကို ဆက်တိုက်ကျူးလွန်နေသူ တရားခံတစ်ယောက်ပေါ်ပေါက်လာပြီး တိုက်ခိုက်ခံရသူကျောင်းသူတွေမှာ ထိခိုက်ဒဏ်ရာရ အသက်သေဆုံးတဲ့အထိဖြစ်လာကြတယ်။ တစ်ဖက်မှာလည်း ထရေစီအလုပ်လုပ်နေတဲ့ ဆေးရုံကို ဂျက်ဒ် (Alec Baldwin)ဆိုတဲ့ ခွဲစိတ်ဆရာဝန်ပြောင်းလာခဲ့ပြီး အန်ဒီနဲ့တွေ့ဆုံခဲ့ကြတယ်။ အထက်တန်းကျောင်းနေဘက်တွေ ဖြစ်ခဲ့ကြလို့ အန်ဒီကဝမ်းပမ်းတသာရှိလှပေမဲ့ ထက်မြတ်ပြီးမောက်မာတဲ့ အတွက် ဂျက်ဒ်ကို ...
movie

Malice (1993)

UHF (1989) 6.9
UHF (1989)  Old but Goldထဲက IMDb 6.9ရရှိထားတဲ့ Comedy ကားကောင်းတစ်ကားပါပဲ။ အဓိကကတော့ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ဌာနတစ်ခုအကြောင်းရိုက်ထားတာဆိုပေမယ့် နာမည်ကြီးဇာတ်ကားတွေရဲ့ parodyတွေလဲပါသလို ဟာသတွေကလဲ ရှုပ်ရှက်ခက်နေပြီး အဲဒီလိုရှုပ်ရှက်ခက်နေတာကမှပိုပြီးရယ်နေရတာပါ။ဇာတ်လမ်းအညွှန်းကတော့ ဂျော့ဟာ အမြဲတမ်းလိုလိုနေ့ခင်းကြောင်တောင်စိတ်ကူးတွေယဉ်တတ်ပြီး ဘယ်အလုပ်ကိုမှမယ်မယ်ရရမလုပ်တတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ ရုပ်မြင်သံကြားဌာနသေးသေးလေးတစ်ခုမှာ မန်နေဂျာအဖြစ်အလုပ်ရသွားပါတယ်။ ပိုပြီးကံကောင်းတာတစ်ခုက အဲဒီဌာနလေးဟာ ပိတ်သိမ်းတော့မှာမို့လို့ ပိုင်ရှင်ကိုယ်တိုင်က သူ့ကိုကြိုက်သလိုလုပ်ဆိုပြီးထားပေးလိုက်တဲ့အခါမှာ အရင်ကလုံးလုံးအသုံးမဝင်ခဲ့တဲ့သူ့စိတ်ကူးတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ တစ်မျိုးပြီးတစ်မျိုးအကောင်အထည်ဖော်ပြီး အောင်မြင်လာပါတော့တယ်။ဒါပေမဲ့ တစ်ယောက်အောင်မြင်ရင်တစ်ယောက်ကမနာလိုဖြစ်တဲ့အတိုင်းပဲ သူ့ကိုမနာလိုတဲ့အဖွဲ့တစ်ဖွဲ့ရှိလာတဲ့အခါမှာတော့ ဘာတွေဖြစ်မလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

UHF (1989)

Rubber (2010) 5.7
Rubber (2010)  ၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီးဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horrorအမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက်တမူထူးခြားပါတယ်။ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကိုအသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာလမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာမိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီးကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာလူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ...စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ...ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲကားတာယာကအစစ်လား...သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာRubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်... File size…1.50 GB / 751 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 22m Genre ….. Comedy , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto
movie

Rubber (2010)

Drillbit Taylor(2008) 5.7
Drillbit Taylor(2008) IMDb 5.7 / Rotten Tomatoes 26%စိတ်အပန်းပြေစေမယ့် ဆယ်ကျော်သက်ကျောင်းသား ဟာသကားလေး Drillbit TaylorDrillbit Taylor ဆိုတဲ့အတိုင်း ဒီဇာတ်ကားလေးထဲမှာ ပလက်ဖောင်းခေါင်းအုံး လမ်းဘေးရေပန်းမှာ ကိုယ်တုံးလုံးချွတ် ရေချိုးလေ့ရှိတဲ့ အိမ်ခြေမဲ့ တပ်ပြေး Drillbit Taylor နဲ့ကျောင်းတွင်းအနိုင်ကျင့်ခံနေရတဲ့ အထက်တန်းကျောင်းသားလေး သုံးယောက်တို့ရဲ့ အလွဲလေးများကို ရယ်မောဖွယ် ကြည့်ရှုရမှာပါ အိမ်ခြေမဲ့ဘဝမှာ လူတွေရဲ့ကဲ့ရဲ့တဲ့အကြည့်တွေ အပြောတွေကို မုန်းတီးလာတဲ့ Drillbit Taylor တစ်ယောက် ကနေဒါမြောက်ပိုင်းမှာ သွားအချေခြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ အထက်တန်းကျောင်း စတက်တက်ချင်းမှာပဲ ကျောင်းသားကြီးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်းကို နေ့စဥ်ရက်ဆက် ခံနေတဲ့ ကျောင်းသားလေးသုံးယောက်ဟာကိုယ်တိုင် ပြန်မခုခံနိုင်တဲ့အဆုံး မိမိတို့ကို ကာကွယ်ပေးမယ့် သက်တော်စောင့်တစ်ယောက် ငှားဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ...ခရီးစရိတ်လိုအပ်နေတဲ့ Drillbit နဲ့ သက်တော်စောင့်လိုနေတဲ့ သူတို့လေးတို့ တွေ့ဆုံကာ အလုပ်ဖြစ်သွားပါတော့တယ်Drillbit တစ်ယောက် ကလေးတွေရဲ့ကျောင်းမှာ ဆရာအဖြစ် ဟန်ဆောင်ရင်း ...
movie

Drillbit Taylor(2008)

Cheaper by the Dozen (2003) 5.9
Cheaper by the Dozen (2003) Cheaper By the Dozen (2003) =========================Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ ... သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ...
movie

Cheaper by the Dozen (2003)